ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၃/၁ စာ. ၈-၉
  • မည်သို့သောလုံခြုံမှုမျိုးကို သင်တမ်းတသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သို့သောလုံခြုံမှုမျိုးကို သင်တမ်းတသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောလုံခြုံမှု—ယခုနှင့် ထာဝရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • လူသားမဖန်တီးနိုင်သော “ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှု” ကိုရှုမျှော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နျူကလီးယားခြိမ်းခြောက်မှု ထာဝစဉ်ဖယ်ရှားခံရ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုဆိုင်ရာ သမ္မာကျမ်းစာရှုထောင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၃/၁ စာ. ၈-၉

မည်သို့သောလုံခြုံမှုမျိုးကို သင်တမ်းတသနည်း

လုံခြုံမှုနှင့်ပတ်သက်၍ လူအသီးသီး တစ်မျိုးစီခံယူထားကြသည်။ အချို့သူတို့က အပြိုင်အဆိုင်ဖြစ်နေသော စစ်ဖက်အင်အားကြီးနိုင်ငံများအချင်းချင်း တည်ငြိမ်မှုရှိခြင်းဟု ယူမှတ်သည်။ ဥပမာ၊ ကမ္ဘာ့ဇာတ်ကွက်ကို ဩဇာလွှမ်းမိုးသည့် အင်အားကြီးသူတို့နှင့်အတူ ဥရောပမှ မဟာမိတ်များသည် ကမ္ဘာ့နျူကလီးယားစစ်ပွဲ ဖြစ်ပျက်လာစရာအကြောင်းရှိသည့်အန္တရာယ်ကို လျှော့ပေးရန် သဘောတူညီကြပြီ။ “ကမ္ဘာပေါ်မှ အခြားဒေသများရှိ” နိုင်ငံများသည် ဤလုပ်ဆောင်မှုများကို စိတ်ဝင်စားမှုမပြကြသည့်အတွက် Stockholm Internation-al Peace Research Institute Yearbook 1990 ကအံ့အားသင့်ကြောင်း ဆိုသည်။

သို့ရာတွင် ဆင်းရဲသောနိုင်ငံများ၌နေထိုင်သူ သန်းပေါင်းများစွာတို့အတွက်မူ “လုံခြုံမှု” မည်သည် အစာရေစာနှင့်ကျန်းမာရေးဖြစ်သည်။

သမ္မာကျမ်းစာက ဘုရားသခင့်နိုင်ငံတော်အောက်တွင် စစ်မှုမရှိတော့ဟုဆိုသည်။ “လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်လျက် ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။” (ဆာလံ ၄၆:၉။ ဟေရှာယ ၂:၄) ကာယမကျန်းမာမှုသည် လွန်လေပြီးသောအမှုဖြစ်မည်။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။”—ဟေရှာယ ၃၃:၂၄။

ဘုရားသခင်၏နိုင်ငံတော်အောက်တွင် စီးပွားရေးကြပ်တည်းမှုကို မည်သူမျှ စိုးရိမ်ရတော့မည်မဟုတ်ပါ။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

ထိုထက်အရေးကြီးသည်ကား ဘုရားသခင့်နိုင်ငံတော်သည် ငြိမ်းချမ်းလုံခြုံမှုကင်းမဲ့ရသည့် အကြောင်းရင်းကို ဖျက်ဆီးပစ်မည်။ အောင်မြင်စွာ မအုပ်ချုပ်နိုင်သော လူ့သမိုင်းတစ်လျှောက် အစိုးရသူများနောက်ဝယ်တွင် မည်သူရှိပါသနည်း။ သူတို့အခွင့်အာဏာရရှိရန် ဘုရားသခင်ခွင့်ပြုထားရန် အကြောင်းရှိသော်လည်း ‘တစ်ကမ္ဘာလုံးသည် မာရ်နတ်၏လက်၌ရှိသည်’ ဟုသမ္မာကျမ်းစာဆိုထားသဖြင့် တာဝန်ခံမှာ စာတန်ပင်ဖြစ်သည်။—၁ ယောဟန် ၅:၁၉။

ဘုရားသခင်၏နိုင်ငံတော်အောက်တွင် ရောမမြို့သားများအား ပေါလု၏စကား နောက်ဆုံးပြည့်စုံလာသည့်အခါ မည်မျှစိတ်သက်သာရာရမည်ပါတကား။ “ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်၏ခြေအောက်၌ ချေမှုန်းတော်မူမည်။” (ရောမ ၁၆:၂၀၊ ကဘ) ဘုရင်ယေရှုခရစ်လက်အောက်ရှိ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သာလျှင် ဤအမှုကိုပြုပေးနိုင်တော်မူမည်။ ထိုကြောင့် ၄င်းဘုရားသခင့်နိုင်ငံတော်အောက်၌သာလျှင် ကမ္ဘာမြေကြီးသည် ပရဒိသုအခြေအနေသို့ ပြောင်းလဲသွားပေမည်။—ကမ္ဘာဦး ၁:၂၈။ လုကာ ၂၃:၄၃။

မှန်ပေသည်၊ သမ္မာကျမ်းစာကတိထားတော်မူသည့် လုံခြုံသာယာမှုသည် လူ၏ အဘယ်စီမံလုပ်ဆောင်မှုထက်မဆို သာလွန်ကောင်းမွန်ပြီး ပိုမိုအဓွန့်ရှည်ပြီး များစွာတာသွားပါသည်။ “နောက်တစ်ဖန်သေခြင်းမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ” ဟူ၍ပင် ကျွန်ုပ်တို့ဖတ်ရှုရသည်တကား။ (ဗျာဒိတ် ၂၁:၄) ဤကတိပြုချက်များကို ကျွန်ုပ်တို့စိတ်ချယုံကြည်နိုင်ပါသလော။ ယုံကြည်နိုင်၏။ အကြောင်းမူကား၊ “ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟုမိန့်တော်မူသော အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ထံတော်မှလာသည့် ကတိတော်များဖြစ်သောကြောင့်တည်း။ (ဟေရှာယ ၅၅:၁) ကိုယ်တော်၏ အချုပ်အခြာအာဏာတော်ကို သင်္ကာယနကင်းရှင်းစေရန် လူသားတို့အတွက် မြဲမြံပျော်ရွှင်ရာ ငြိမ်ချမ်းသာယာ၊ လုံခြုံ၍ပြည့်စုံကြွယ်ဝရေးကို ယခုပင် ယေဟောဝါဘုရားသခင် ပြုလုပ်ဆောင်ရွက်ပေးနေရာ အမှန်အောင်မြင်မည်မုချ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ