ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အဘယ်ကြောင့် လူကိုမကြောက်ဘဲ ဘုရားအားခန့်ညား ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကျွန်ုပ်တို့ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ယောဟန်ပထမစောင် ၄:၁၈ (သမ) က ကျွန်ုပ်တို့အား ဤသို့ပြောထားသည်– “ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ ခြင်းမရှိ။ . . . စုံလင်သောချစ်ခြင်းမေတ္တာဖြင့် ကြောက်ရွံ့ ခြင်းဖယ်တတ်၏။” သို့သော်ပေတရုက ဤသို့ဆိုခဲ့သည်– “ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း . . . ရှိကြလော့။” (၁ ပေတရု ၂:၁၇) ကျွန်ုပ်တို့သည် ဤအခန်းငယ်နှစ်ခုကို မည်သို့သဟဇာတဖြစ်စေနိုင်သနည်း။

ပေတရုနှင့် ယောဟန်တို့နှစ်ဦးစလုံးသည် ယေရှုခရစ်ကိုယ်တော်တိုင်၏ထံတော်မှ တိုက်ရိုက်သင်ကြားခံခဲ့ရသည့် တမန်တော်များဖြစ်သည်။ ထို့ကြောင့် သူတို့ရေးသားခဲ့ရာများသည် သဟဇာတဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ အထက်ပါကိုးကားထားသည့် အခန်းငယ်များအရ သော့ချက်မှာ တမန်တော်နှစ်ပါးသည် မတူညီသောကြောက်ရွံ့ ခြင်းအမျိုးအစားများကို ပြောနေခြင်းဖြစ်သည်။

ဦးဦးဆုံး တမန်တော်ပေတရု၏ ဩဝါဒကို သုံးသပ်ကြစို့။ အထက်အောက်စကားများက ပြသည့်အတိုင်း ပေတရုသည် ခရစ်ယာန်ချင်းများကို အာဏာရပုဂ္ဂိုလ်များအပေါ်ထားသည့် သူတို့၏သဘောထားနှင့်စပ်လျဉ်း၍ မှုတ်သွင်းခံအကြံဉာဏ်ပေးနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သူက အချို့သောနယ်ပယ်များတွင် လက်အောက်ခံခြင်းနှင့်ပတ်သက်သော သင့်တော်သည့်အမြင်အပေါ် ထုတ်နုတ်တင်ပြနေခြင်းဖြစ်သည်။ သို့ကြောင့် သူသည် ဘုရင်များ သို့မဟုတ် အုပ်ချုပ်သူများကဲ့သို့သော လူ့အစိုးရများတွင် အခွင့်အာဏာရှိအဆင့်ရာထူးရှိသည့်ပုဂ္ဂိုလ်များကို ခရစ်ယာန်များလက်အောက်ခံကြရန် အကြံပေးခဲ့သည်။ (၁ ပေတရု ၂:၁၃၊ ၁၄) ဆက်လက်၍ပေတရုက ဤသို့ရေးခဲ့သည်– “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကိုချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။”—၁ ပေတရု ၂:၁၇။

အထက်အောက်စကားများကို သုံးသပ်ခြင်းဖြင့် ပေတရုက ခရစ်ယာန်များသည် “ဘုရားသခင်ကို ကြောက်ရွံ့” သင့်ကြောင်း ပြောသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နက်ရှိုင်းသောရိုသေလေးမြတ်မှုတင်ပြသင့်ကြောင်းနှင့် အမြင့်မားဆုံးအာဏာပိုင်ရှင် စိတ်ငြိုငြင်သွားမည်ကို ကြောက်ရွံ့သင့်ကြောင်း သူဆိုလိုသည်မှာရှင်းနေပါသည်။—ဟေဗြဲ ၁၁:၇ နှိုင်းယှဉ်။

တမန်တော်ယောဟန်၏ ထုတ်နုတ်ပြောဆိုချက်ကော အသို့နည်း။ ၁ ယောဟန် အခန်းကြီး ၄ အစပိုင်းတွင် တမန်တော်သည် မှားယွင်းသောပရောဖက်များထံမှ လာသည့်အရာမျိုးကဲ့သို့သော “စိတ်ဝိညာဉ်တို့” ကို ဆန်းစစ်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းစိတ်ဝိညာဉ်တို့သည် ယေဟောဝါဘုရားသခင်ထံတော်မှ မလာသည်မှာ သေချာသည်; ယင်းတို့သည် ဆိုးသွမ်းသောလောကမှလာသည် သို့မဟုတ် ယင်းတို့က ဆိုးသွမ်းသောလောကကို ထင်ဟပ်ပြသည်။

ဆန့်ကျင်ဘက်မှာ ဘိသိက်ခံခရစ်ယာန်များသည် “ထာဝရဘုရားထံတော်မှဆင်းသက်” လာသည်။ (၁ ယောဟန် ၄:၁-၆၊ သတင်းကောင်း) ထိုသို့ဖြစ်သောကြောင့်ပင် ယောဟန်က ဤသို့တိုက်တွန်းထားသည်– “ချစ်ဆွေတို့၊ မေတ္တာတရားသည် ထာဝရဘုရားထံတော်မှ သက်ရောက်လာသည့်အရာဖြစ်သဖြင့် ငါတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြကုန်အံ့။” ဘုရားသခင်သည် မေတ္တာပြရာတွင်—“ငါတို့သည် အပြစ်များမှ ပြေလွတ်ခွင့်ရရှိကြစေရန် သားတော်ကိုစေလွှတ်တော်မူ” ခြင်းဖြင့် လက်ဦးပြု လုပ်ဆောင်ခဲ့သည်။ (၁ ယောဟန် ၄:၇-၁၀၊ သတင်းကောင်း) ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

ကျွန်ုပ်တို့သည် မေတ္တာရှင်ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဆက်နေရန်ဖြစ်သည်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံချဉ်းကပ်ခြင်းအခွင့်အလမ်းကို ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်သင့်ပါ။ အစောပိုင်းတွင် ယောဟန်က ဤသို့သြဝါဒပေးခဲ့သည်– “ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်လျှင် ဘုရားသခင့်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှ ရကြ၏။” (၁ ယောဟန် ၃:၂၁၊ ၂၂) မှန်ပါသည်၊ ဩတ္တပ္ပစိတ်ကောင်းက ကျွန်ုပ်တို့အား ဘုရားသခင်ထံ မလှုပ်ဝံ့လောက်အောင် သို့မဟုတ် မျိုသိပ်ထားရသောကြောက်ရွံ့ ခြင်းမျိုးမရှိဘဲ လွတ်လွတ်လပ်လပ် ချဉ်းကပ်စေသည်။ မေတ္တာကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါထံတော်ပါးသို့ ဆုတောင်းခြင်းဖြင့် ဦးတိုက်ရန် သို့မဟုတ် ချဉ်းကပ်ရန် လွတ်လပ်မှုခံစားရသည်။ ဤအကြောင်းကြောင့် “ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ ခြင်းမရှိ။”

ယခု သဘောတရားနှစ်ခုကို ဆက်စပ်ကြစို့။ ခရစ်ယာန်တစ်ဦးသည် ယေဟောဝါရှင်အား ရိုသေလေးမြတ်သော ကြောက်ရွံ့ ခြင်းအမြဲရှိရမည်ဖြစ်ပြီး ကိုယ်တော်၏ရာထူးအဆင့်အတန်း၊ တန်ခိုးတော်နှင့် တရားမျှတမှုအတွက် နက်ရှိုင်းသောလေးစားမှုကို မွေးမြူရမည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မိမိတို့ဖခင်ကဲ့သို့လည်းချစ်ပြီး ကိုယ်တော်နှင့်တရင်းတနှီးသဘောထားရှိကာ ကိုယ်တော်ထံ လွတ်လွတ်လပ်လပ်ချဉ်းကပ်သည်။ ကိုယ်တော်ကို အလွန့်အလွန်ကြောက်ရွံ့ ခြင်းကြောင့် ခေါင်းမပြူရဲသည့်အထိဖြစ်နေမည့်အစား မေတ္တာရှိသောမိဘတစ်ဦးထံ ကလေးလေးတစ်ယောက်က လွတ်လွတ်လပ်လပ်ချဉ်းကပ်သကဲ့သို့ ကိုယ်တော်ထံတော်ပါးသို့ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။—ယာကုပ် ၄:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ