သင်လက်လွတ်လိုလိမ့်မည်မဟုတ်ပါ!
အဘယ်အရာကို လက်လွတ်ရမည်နည်း။ အလျင်အမြန်ချဉ်းကပ်လာလျက်ရှိသော “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ဟူသည့် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးဖြစ်သတည်း! နေရာဒေသအများတွင် စည်းဝေးကြီးကို သောကြာနေ့နံနက်ပိုင်း ၉:၃၀ နာရီအချိန်တွင် တေးသံသာအစီအစဉ်ဖြင့်စတင်ပါလိမ့်မည်။ “ငြိမ်သက်ခြင်းကို ဇွဲရှိရှိကြွေးကြော်သူများကို နားဆင်ခြင်း” အပိုင်း၌ ယုံကြည်ခြင်းခိုင်မာစေသော လူတွေ့မေးမြန်းခန်းများကို ကြားနာပြီးနောက် “ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုထားသနည်း” ဟူသည့် အားတက်ဖွယ်ဟောပြောချက်ကို သင်ကြားနာရလိမ့်မည်။
သောကြာနေ့မွန်းလွဲပိုင်း၌ အမှတ်ထင်ထင်ဖြစ်မည့်အရာတစ်ခုမှာ “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များအဖြစ် ကျွန်ုပ်တို့၏ကဏ္ဍ” ဟု ခေါင်းစဉ်တပ်ထားသော စိတ်လှုပ်ရှားတက်ကြွဖွယ်အဓိကအချက်ဖြစ်သည်။ ထို့နောက် “ဘုရားသခင့်အလိုတော်ကိုသိရှိအောင် အခြားသူများအားကူညီပေးခြင်း” ဟူသည့်အပိုင်းက လူသစ်များကိုသင်ကြားခြင်းနှင့်ပတ်သက်သော အကြံပြုချက်များကိုပေးမည်။ ၎င်းနောက်တွင် “ဖျော်ဖြေရေး၏ ဖုံးကွယ်နေသောထောင်ချောက်ကို သတိပြုကြလော့” ဟူသည့် အချိန်ကိုက်အခန်းဆက်ဟောပြောချက် လိုက်လာမည်ဖြစ်သည်။ သောကြာနေ့အစီအစဉ်သည် “မာရ်နတ်ကို တိုက်လှန်လော့—ယှဉ်ပြိုင်မှုကို သည်းမခံနှင့်” နှင့် “ဘုရားသခင့်နှုတ်ကပါဌ်တော်၏ဖြောင့်မှန်မှုကို သစ္စာရှိရှိစွဲကိုင်ထားခြင်း” ဟူသည့်ဟောပြောချက်များဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။
စနေနေ့နံနက်ပိုင်း၌ “ငြိမ်သက်ခြင်းသတင်းကောင်းကိုသယ်ဆောင်သော တမန်များ” ဟူသည့် အပိုင်းသုံးပိုင်းရှိသောအခန်းဆက်ဟောပြောချက်ဖြင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၏အရေးကြီးမှုကို အလေးပေးဖော်ပြမည်။ စည်းဝေးကို “ယေဟောဝါ၏အဖွဲ့အစည်းအတွင်း ရွှင်လန်းဝမ်းမြောက်စွာပေးကမ်းခြင်း” နှင့် “ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းမှတစ်ဆင့် အသက်နှင့် ငြိမ်သက်ခြင်းသို့” ဟူသည့် ဟောပြောချက်များဖြင့် နိဂုံးချုပ်ပြီးနောက် တပည့်သစ်များအတွက် နှစ်ခြင်းခံရန် အခွင့်ရှိလိမ့်မည်။
စနေနေ့မွန်းလွဲပိုင်း တင်ဆက်မှုဖြစ်သော “ကိစ္စရပ်များအပေါ် ယေဟောဝါ၏ထင်မြင်ချက်များကို ဆင်ခြင်ခြင်း” က ‘ယနေ့ခွဲခြားခြင်းလုပ်ငန်း၌ ခရစ်ယာန်များ ပါဝင်နေသလော’ နှင့် ‘သေဒဏ်နှင့်ပတ်သက်၍ ကျမ်းစာ၏ရှုထောင့်ကား အဘယ်နည်း’ ဟူသည့်မေးခွန်းများကို အဖြေပေးပါလိမ့်မည်။ “ငြိမ်သက်ခြင်း၏ဘုရားသခင်သည် သင့်ကိုဂရုစိုက်တော်မူ၏” ဟူသည့် ကြည်နူးဖွယ် အပိုင်းနှစ်ပိုင်းအခန်းဆက်ဟောပြောချက်နှင့် အထူးသဖြင့် “မိသားစုဘဝ၌ ဘုရားရေးရာငြိမ်သက်ခြင်းရှိစေလော့” ဟူသည့် နိဂုံးချုပ်ဟောပြောချက်၌လည်း သင်မွေ့လျော်ပါလိမ့်မည်။
တနင်္ဂနွေနေ့နံနက်ပိုင်းအစီအစဉ်တွင် “အမျိုးအစားမှန်သောတမန်များကို ထုတ်ဖော်ခြင်း” ဟူသည့် အပိုင်းသုံးပိုင်းပါသော အခန်းဆက်ဟောပြောချက်နှင့် “ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကြားနာ၍ နာခံလော့” ဟူသည့် ဟောပြောချက်တို့ ပါဝင်ပါလိမ့်မည်။ နံနက်ပိုင်းအစီအစဉ်ကို တရားသူကြီးဂိဒေါင်နှင့်စပ်လျဉ်းသော ကျမ်းစာမှတ်တမ်းမှ တန်ဖိုးရှိသင်ခန်းစာများ ထုတ်နုတ်ပြမည့် ဝတ်စုံပြည့်ပြဇာတ်ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။
တနင်္ဂနွေနေ့မွန်းလွဲပိုင်း၌ စည်းဝေးကြီး၏နောက်ဆုံးအပိုင်းတွင် “နောက်ဆုံးတွင် စစ်မှန်သောငြိမ်သက်ခြင်းကို ရရှိမည်!—အဘယ်ရင်းမြစ်မှနည်း” ဟု ခေါင်းစဉ်တပ်ထားသော လူထုဟောပြောချက်ကို တင်ဆက်ပါလိမ့်မည်။ နောက်ဆုံးတွင် “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များအဖြစ် ရှေ့သို့တိုးခြင်း” ဟူသည့် တွန်းအားပေးသောဟောပြောချက်က စည်းဝေးကြီးကို ပြီးဆုံးစေပါမည်။
တက်ရောက်ရန် ယခုပင်စီစဉ်ပါလေ။ သင့်ဒေသနှင့် အနီးဆုံးသောတည်နေရာကို သိရှိနိုင်ရန် ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းကိုထုတ်ဝေသောသူများထံ စာရေးပါ။ ဇွန် ၈ ရက်ထုတ် နိုးလော့! [လိပ်] ၌ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့တွင်ရှိသော စည်းဝေးကြီးတည်နေရာများအားလုံး၏လိပ်စာကို စာရင်းတင်ပြထားပါမည်။