ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁၅ စာ. ၃၀-၃၁
  • ဧပဖြ—“ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧပဖြ—“ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လီကပ်စ်မြစ်ဝှမ်းမှ ဧဝံဂေလိဟောပြောသူ
  • ဧပဖြ၏ သတင်းပေးချက်
  • ဆုတောင်းခြင်းကို တန်ဖိုးထားသူ
  • ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်လှမ်းဖို့ အခြားသူတို့ကိုကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါသည် သင့်ကို တန်ခိုးနှင့်ပြည့်စုံစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁၅ စာ. ၃၀-၃၁

ဧပဖြ—“ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်”

ကောရိန္သု၊ ဧဖက်နှင့် ဖိလိပ္ပိမြို့များတွင် ခရစ်ယာန်အသင်းတော်များကို မည်သူတည်ထောင်ခဲ့သနည်း။ ‘“တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” ပေါလု’ ဟုသင်မဆိုင်းမတွဖြေဆိုပေမည်။ (ရောမ ၁၁:၁၄) သင် မှန်ပေလိမ့်မည်။

သို့ရာတွင် ကောလောသဲ၊ ဟေရပေါလိနှင့် လောဒိကိမြို့များတွင် အသင်းတော်များကို မည်သူတည်ထောင်ခဲ့သနည်း။ အသေအချာမသိရသော်လည်း ဧပဖြအမည်ရှိသူဖြစ်နိုင်သည်။ မည်သို့ဆိုစေကာမူ ဤဧဝံဂေလိဟောပြောသူအား “ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်” ဟုခေါ်ခဲ့သောကြောင့် သူ၏အကြောင်းကို ပိုမိုသိလိုပေမည်။—ကောလောသဲ ၁:၇၊ သမ။

လီကပ်စ်မြစ်ဝှမ်းမှ ဧဝံဂေလိဟောပြောသူ

ဧပဖြဟူသောအမည်သည် ဧပဖြောဒိတ်ဟူသောအမည်၏ အတိုကောက်ဖြစ်သည်။ သို့သော် ဧပဖြအား ဖိလိပ္ပိမြို့မှ ဧပဖြောဒိတ်နှင့် မမှားသင့်ပါ။ ဧပဖြသည် အာရှမိုင်းနားနယ်၊ လီကပ်စ်မြစ်ဝှမ်းဒေသမှ ဗဟိုခရစ်ယာန်အသင်းတော်သုံးခုအနက် တစ်ခုဖြစ်သော ကောလောသဲမြို့မှဖြစ်သည်။ ကောလောသဲမြို့သည် ရှေးခေတ်ဖြူဂိအရပ်ဒေသတွင်ရှိကြသော လောဒိကိမြို့မှ ၁၁ မိုင်အကွာအဝေးနှင့် ဟေရပေါလိမြို့မှ ၁၂ မိုင်အကွာအဝေးတွင် တည်ရှိသည်။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် ဖြူဂိပြည်သို့ မည်သို့ရောက်ရှိလာကြောင်း ကျမ်းစာက အတိအလင်းမဖော်ပြထားပါ။ သို့ရာတွင် ဖြူဂိပြည်သားများသည် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့၌ရောက်ရှိနေကြ၍ အချို့တို့မှာ ကောလောသဲမြို့မှ ဖြစ်ကောင်းဖြစ်ပေမည်။ (တမန်တော် ၂:၁၊ ၅၊ ၁၀) ဧဖက်မြို့တွင် (စီ.အီး. ၅၂-၅၅ ခုနှစ်ခန့်က) ပေါလုဓမ္မအမှုဆောင်စဉ် ထိုဒေသ၌ တက်ကြွထိရောက်စွာ သက်သေခံခဲ့သောကြောင့် ဧဖက်မြို့သားများသာမက “အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏နှုတ်ကပါဌ်တရားတော်ကို ကြားရကြ၏။” (တမန်တော် ၁၉:၁၀) ပေါလုသည် လီကပ်စ်မြစ်ဝှမ်းတစ်လျှောက် သတင်းကောင်းဟောပြောခဲ့ပုံမရှိပါ၊ အကြောင်းမှာ ထိုဒေသတွင် ခရစ်ယာန်ဖြစ်လာသူများစွာတို့သည် ပေါလုကို တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ဖြစ်သည်။—ကောလောသဲ ၂:၁။

ပေါလု၏အဆိုအရ ကောလောသဲမြို့သားတို့အား “ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာ” သွန်သင်ပေးခဲ့သူမှာ ဧပဖြဖြစ်သည်။ ဤကျွန်ချင်းကို ပေါလုက ‘ကျွန်ုပ်တို့အဖို့ ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်’ ဟုခေါ်ခဲ့ခြင်းက ထိုဒေသတွင် ဧပဖြသည် တက်ကြွသောဧဝံဂေလိဟောပြောသူဖြစ်ကြောင်း တင်ပြသည်။—ကောလောသဲ ၁:၆၊ ၇၊ သမ။

တမန်တော်ပေါလုနှင့် ဧဝံဂေလိဟောပြောသူဧပဖြပါ လီကပ်စ်မြစ်ဝှမ်းရှိ ယုံကြည်သူချင်းတို့၏ ဝိညာဉ်ရေးအကျိုးအတွက် များစွာစိုးရိမ်ပူပန်ခဲ့ကြသည်။ “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်” နှင့်အညီ ပေါလုသည် သူတို့၏တိုးတက်မှုသတင်းကို ကြားသိရသောအခါ ဝမ်းသာခဲ့ပေမည်။ ကောလောသဲမြို့သားများ၏ ဝိညာဉ်ရေးအခြေအနေကို ဧပဖြကိုယ်တိုင်ထံမှ ပေါလုသတင်းရခဲ့သည်။—ကောလောသဲ ၁:၄၊ ၈။

ဧပဖြ၏ သတင်းပေးချက်

ပြဿနာများကို ပေါလုနှင့်ဆွေးနွေးရန် အကြောင်းတစ်ခုတည်းနှင့် ဧပဖြကို ရောမမြို့သို့ ခရီးဝေးနှင်စေသည့်တိုင် ကောလောသဲမြို့သားများ ကြုံတွေ့နေရသော ပြဿနာမှာ ကြီးလေးလှပေသည်။ ပေါလုသည် ဧပဖြကသာ အသေးစိတ်မပြောပြလျှင် မသိနိုင်သော ထိုညီအစ်ကိုများထံ စာနှစ်စောင်ရေးရန် သူလှုံ့ဆော်ခံခဲ့ရသည်။ တစ်စောင်ကား ကောလောသဲအမှာစာဖြစ်သည်။ သိမ်းဆည်းထားပုံမရှိသည့် အခြားစာတစ်စောင်မှာမူ လောဒိကိမြို့သားများထံရေးပို့ခဲ့သောစာဖြစ်သည်။ (ကောလောသဲ ၄:၁၆) ထိုစာများတွင်ပါသောအကြောင်းသည် ဧပဖြ၏အမြင်အရ ထိုခရစ်ယာန်များ၏လိုအပ်ရာကို ဖြည့်စွက်ပေးမည်ဟု ယူမှတ်စရာအကြောင်းရှိပါသည်။ သူတွေ့မြင်ခဲ့သော လိုအပ်ရာများကား အဘယ်နည်း။ ယင်းတို့က သူ၏ဥပဓိရုပ်အကြောင်း ဘာဖော်ပြသနည်း။

ကောလောသဲမြို့ရှိခရစ်ယာန်များသည် ခြိုးခြံကျင့်ကြံခြင်းအယူ၊ နတ်ဝိဇ္ဇာအတတ်၊ ရုပ်ပုံကိုးကွယ်မှုနှင့်ဆိုင်သော အယူသီးမှုအစရှိသော အယူမှားသောအတွေးအခေါ်များကြောင့် ဘေးသင့်နိုင်သည်ဟု ဧပဖြက စိုးရိမ်နေကြောင်း ကောလောသဲအသင်းထံဆုံးမစာက တင်ပြနေပုံရှိသည်။ ထို့ပြင် အစာရှောင်ခြင်း၊ ပွဲနေ့ကျင်းပခြင်း အစရှိသော ဂျူးသွန်သင်ချက်များသည် အသင်းတော်သားအချို့ကို ဩဇာလွှမ်းမိုးနေပုံရှိသည်။—ကောလောသဲ ၂:၄၊ ၈၊ ၁၆၊ ၂၀-၂၃။

ဤအကြောင်းအရာများကို ပေါလုရေးသားခဲ့ခြင်းက ခရစ်ယာန်ချင်းတို့၏ လိုအပ်ရာကို ဧပဖြမည်မျှသတိပြုနေကြောင်း ဖော်ပြပါသည်။ သူတို့နေထိုင်သောပတ်ဝန်းကျင်ရှိ အန္တရာယ်များကို သိထားရာ သူတို့၏ဝိညာဉ်အကျိုးအတွက် အလွန်စိုးရိမ်မကင်းဖြစ်နေကြောင်း ဖော်ပြသည်။ ဧပဖြသည် ပေါလု၏အကြံပေးချက်ကို ခံယူလိုခြင်းက သူသည် နှိမ့်ချမှုရှိသူတစ်ဦးဖြစ်ကြောင်း တင်ပြသည်။ အတွေ့အကြုံပိုများသူတစ်ဦးထံမှ အကြံပေးချက်လိုအပ်ကြောင်း သူခံစား၍ဖြစ်ပေမည်။ မည်သို့ဆိုစေကာမူ ဧပဖြသည် ပညာရှိစွာ ပြုမူခဲ့သည်။—သု. ၁၅:၂၂။

ဆုတောင်းခြင်းကို တန်ဖိုးထားသူ

ကောလောသဲခရစ်ယာန်များထံ ပို့သောစာအဆုံးတွင် ပေါလုက ဤသို့ဆိုသည်– “သင်တို့ထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကိုနှုတ်ဆက်၏။ သင်တို့သည်စုံလင်လျက်၊ ဘုရားသခင်၏အလိုတော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။ သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ရှိသောသူတို့အဖို့ သူသည် အလွန်စေတနာစိတ်အားကြီးသည်ဟု ငါသည်သူ၏သက်သေဖြစ်၏။”—ကောလောသဲ ၄:၁၂၊ ၁၃။

မှန်ပါသည်၊ ရောမမြို့တွင် ဧပဖြသည် ပေါလု “နှင့်အတူအကျဉ်းခံရ” စဉ်၌ပင် သူသည် ကောလောသဲ၊ လောဒိကိနှင့် ဟေရပေါလိမြို့များ၌ရှိသော အလွန်ချစ်ရသည့်ညီအစ်ကိုများအကြောင်း စဉ်းစားခဲ့ပြီး သူတို့အတွက် ဆုတောင်းပေးသည်။ (ဖိလေမုန် ၂၃) စာသားအတိုင်းပင် ဆုတောင်းခြင်းဖြင့် သူတို့အတွက် ‘သူတိုက်လှန်’ ခဲ့သည်။ ပညာရှင် ဒီ. အဲဒ်မန် ဟိုင်ဗတ်၏အလိုအရ ဤတွင်အသုံးပြုထားသော ဂရိဝေါဟာရသည် ဂေသရှေမန်ဥယျာဉ်တွင် ယေရှုဆုတောင်းစဉ် ကိုယ်တော်ခံစားခဲ့ရသော စိတ် “ဝေဒနာ” နှင့်တူသည့် “တပင်တပန်း အနစ်နာခံပြုမူမှုတစ်ခု” ကိုဆိုလိုကြောင်းသိရသည်။ (လုကာ ၂၂:၄၄) ဧပဖြသည် မိမိ၏ဝိညာဉ်ရေးဘက် ညီအစ်ကိုညီအစ်မများအား တည်ငြိမ်မှုနှင့် ခရစ်ယာန်ပီသသောရင့်ကျက်မှု အမှန်ပင်ရှိစေလို၏။ ဝိညာဉ်ရေးစိတ်ထားအပြည့်ရှိ ဤကဲ့သို့သောညီအစ်ကိုတစ်ဦးရှိခြင်းက အသင်းတော်များအတွက် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်မည်တကား!

ဧပဖြသည် “ချစ်သောကျွန်ချင်း” ဟုအခေါ်ခံရသည့်အတွက် ခရစ်ယာန်ချင်းတို့သည် သူ့ကိုအလွန်ချစ်ခင်ကြမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ (ကောလောသဲ ၁:၇) အခြေအနေများက ခွင့်ပြုမည်ဆိုလျှင် အသင်းတော်သားအားလုံးတို့သည် အားကြီးသောမေတ္တာကို အမြဲတင်ပြသင့်သည်။ ဥပမာ၊ လူနာများ၊ သက်ကြီးရွယ်အို သို့မဟုတ် အထူးအကူအညီလိုအပ်သူများကို ဂရုစိုက်ကူညီပေးနိုင်သည်။ အသင်းတော်တွင် ဂရုစိုက်ဖို့ရန် တာဝန်အသီးသီးရှိပေမည်၊ သို့မဟုတ် သီအိုကရက်တစ် ဆောက်လုပ်ရေးစီမံကိန်းများအတွက် ပါဝင်လှူဒါန်းနိုင်ပေမည်။

ဧပဖြနည်းတူ အခြားသူများအတွက် ဆုတောင်းပေးခြင်းသည် မည်သူမဆိုပါဝင်နိုင်သည့် မြင့်မြတ်သောလုပ်ငန်းတော်တွင် ပါဝင်နည်းတစ်နည်းဖြစ်သည်။ ဤဆုတောင်းချက်များတွင် ဝိညာဉ်ရေးဘက်၊ ကာယရေးဘက် အခက်အခဲအမျိုးမျိုး၊ ဘေးအန္တရာယ်အဖုံဖုံ ကြုံတွေ့နေရသော ယေဟောဝါအားဝတ်ပြုသူများအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း တင်ပြနိုင်ပါသည်။ ဤနည်းအတိုင်း ကြိုးစားအားထုတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဧပဖြနှင့်တူနိုင်ပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါ၏ သစ္စာရှိကျေးကျွန်မိသားစုတွင် ‘ချစ်ရသောကျွန်ချင်း’ တစ်ဦးဖြစ်ကြောင်း သက်သေတင်ပြရန် အခွင့်အရေးနှင့် ရွှင်လန်းမှုများစွာရရှိနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ