ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁၅ စာ. ၂၄
  • ကျောက်ဆောင်ချွန်များပေါ်ရှိ ကျွမ်းဘားသမားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောက်ဆောင်ချွန်များပေါ်ရှိ ကျွမ်းဘားသမားများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘မြင့်သောတောင်တို့သည် တော [“တောင်၊”ကဘ] ဆိတ်များ မှီခိုရာဖြစ်၏’
  • “သင်သည် တော [“တောင်၊”ကဘ] ဆိတ်မွေးရသောကာလကို သိသလော”
  • “စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မ [“တောင်ဆိတ်၊” ကဘ]”
  • ‘ကိုယ်တော်သည် တောင်တို့ထက် ဘုန်းသာ၍ကြီးမြတ်ပေ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁၅ စာ. ၂၄

ကျောက်ဆောင်ချွန်များပေါ်ရှိ ကျွမ်းဘားသမားများ

ပင်လယ်သေအနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် ရှေးမြို့ဟောင်းနှင့်ယင်းကိုဝန်းရံလျက်ရှိသော အင်္ဂေဒိဟုခေါ်သည့်တောရှိသည်။ ထိုဒေသ၏တောင်ထိပ်ပေါ်ရှိ လမ်းမြောင်များနှင့်မတ်စောက်သောချောက်ကမ်းပါးတို့သည် ဤပုံတွင်တွေ့ရသည်နှင့်အလားတူသော ကတိထားရာပြည်မှတောင်ဆိတ်အတွက် အကောင်းဆုံးနေရာဖြစ်သည်။

ဤခြေမြဲသောသတ္တဝါသည် ဖန်ဆင်းခြင်းဆိုင်ရာအံ့ဖွယ်အမှုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သမ္မာကျမ်းစာကိုဖွင့်ပြီး ဤအာရုံစွဲငြိဖွယ်တိရစ္ဆာန်ကို အနီးကပ်လေ့လာကြည့်ကြပါစို့။

‘မြင့်သောတောင်တို့သည် တော [“တောင်၊”ကဘ] ဆိတ်များ မှီခိုရာဖြစ်၏’

အထက်ပါအတိုင်း ဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၁၀၄:၁၈) တောင်ဆိတ်များသည် မြင့်မားသောနေရာများတွင် နေထိုင်ဖို့အတွက် အံဝင်လှပါသည်တကား! သူတို့သည် အလွန်လျင်မြန်ဖျတ်လတ်ပြီး ကြမ်းတမ်းသောနေရာများ၌ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ချစွာဖြင့် ပြေးလွှားလှုပ်ရှားနိုင်ကြသည်။ သို့ဖြစ်နိုင်ခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် သူတို့ခွာများ၏တည်ဆောက်ထားပုံကြောင့်ဖြစ်သည်။ ခွာချောင်းများကြားသည် ဆိတ်၏ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ကျယ်လာနိုင်သည်။ ဤသို့အားဖြင့် ကျဉ်းမြောင်းသောကျောက်ဆောင်စွန်းများပေါ်တွင် ရပ်နေသောအခါ သို့မဟုတ် သွားလာနေသောအခါ ခြေကုပ်ခိုင်မြဲစေပါသည်။

တောင်ဆိတ်များသည် ထူးခြားစွာဟန်ချက်ထိန်းနိုင်စွမ်းလည်းရှိကြသည်။ သူတို့သည် ဝေးလံသောအကွာအဝေးမှ ခြေလေးချောင်းစလုံးအတွက် ရပ်ရန်နေရာအနိုင်နိုင်ဖြစ်သည့်ကျဉ်းမြောင်းစွာ ငေါထွက်နေသော တောင်စွန်းပေါ်ကို ရောက်ရှိအောင်ခုန်နိုင်သည်။ တောင်ဆိတ်နောက်တစ်မျိုးသည် မလှည့်သာအောင်ကျဉ်းမြောင်းသော တောင်စွန်းတစ်ခုပေါ်သို့ရောက်ပြီးနောက် ချောင်ပိတ်မိသည့်အဖြစ်ကို ရှောင်ကွင်းနိုင်ရန် မိမိ၏ဟန်ချက်အား အသုံးပြုပုံကို ဇီဝဗေဒပညာရှင် ဒါကလပ်စ် ချက်ဒ်ဝီခ် ကလေ့လာတွေ့ ရှိခဲ့သည်။ သူက ဤသို့ဆိုသည်– “ပေ ၄၀၀ လောက်နိမ့်တဲ့နောက်တောင်စွန်းကို ဖျတ်ကနဲကြည့်လိုက်ပြီး ဆိတ်ဟာ သူ့ရှေ့ခြေထောက်ကိုကုပ်လိုက်ပြီး ဘေးတိုက်ကျွမ်းထိုးနေသလို တောင်ရဲ့မျက်နှာပြင်တစ်လျှောက် သူ့ကိုယ်အနောက်ပိုင်းကို ထောင်လိုက်ပြီးတဖြည်းဖြည်းလှည့်လာတယ်။ ကျွန်တော်ပင့်သက်ရှုနေစဉ်မှာ လာလမ်းအတိုင်းမျက်နှာမူဖို့ သူ့နောက်ခြေထောက်ပြန်ကျလာတဲ့အထိ လှည့်သွားတယ်။” (နယ်ရှင်နယ်လ် ဂျီအိုဂရဲဖစ်) တောင်ဆိတ်များကို “ကျောက်ဆောင်ချွန်များပေါ်ရှိကျွမ်းဘားသမားများ” ဟုခေါ်ဆိုခြင်းသည် အံ့ဩစရာမဟုတ်ပါတကား!

“သင်သည် တော [“တောင်၊”ကဘ] ဆိတ်မွေးရသောကာလကို သိသလော”

တောင်ဆိတ်များသည် အလွန်ရှက်တတ်သော သတ္တဝါများဖြစ်ကြသည်။ သူတို့သည် လူနှင့်သီးခြားနေထိုင်ခြင်းကို ပို၍နှစ်သက်ကြသည်။ မှန်ပါသည်၊ တောရိုင်းသဘာဝအတိုင်း လူတို့သည် သူတို့ကို အနီးကပ်ပြည့်စုံစွာလေ့လာရန် ခက်ခဲမှုရှိသည်။ “တစ်ထောင်သော တောင်ပေါ်မှာရှိသောတိရစ္ဆာန်တို့” ကိုပိုင်ဆိုင်သူက ယောဘကို တော်မှန်စွာ ဤသို့မေးခဲ့သည်– “သင်သည် တော [“တောင်၊”ကဘ] ဆိတ်မွေးရသောအချိန်ကာလကို သိသလော။”—ဆာလံ ၅၀:၁၀; ယောဘ ၃၉:၁။

တောင်ဆိတ်မ၏ မွေးဖွားမည့်အချိန်ကာလကို ဘုရားပေးပင်ကိုဉာဏ်က အသိပေးသည်။ တောင်ဆိတ်မသည် လုံခြုံစိတ်ချရသောနေရာကိုရှာဖွေပြီး သားငယ်တစ်ကောင် သို့မဟုတ် နှစ်ကောင်မွေးသည်။ အများအားဖြင့် မေလကုန် သို့မဟုတ် ဇွန်လထဲတွင် မွေးသည်။ မွေးကင်းစကလေးများသည် ရက်အနည်းငယ်အတွင်း ခြေခိုင်မြဲလာကြသည်။

“စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မ [“တောင်ဆိတ်၊” ကဘ]”

ပညာရှိရှောလမုန်ဘုရင်သည် လင်ယောက်ျားများကို ဤသို့တိုက်တွန်းခဲ့သည်– “အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မ [“တောင်ဆိတ်၊” ကဘ] ကဲ့သို့ဖြစ်” ၏။ (သု. ၅:၁၈၊ ၁၉) ယင်းသည် အမျိုးသမီးများကို နှိမ်ခြင်းမဟုတ်ပါ။ ရှောလမုန်သည် ဤတိရစ္ဆာန်များ၏လှပခြင်း၊ တင့်တယ်ခြင်းနှင့် အခြားထူးဆန်းသည့် အရည်အသွေးများကို ရည်ညွှန်းနေကြောင်းထင်ရှားသည်။

ဖန်ဆင်းရှင်၏ဉာဏ်ပညာကို အလျှံပယ်သက်သေထူသည့် မရေမတွက်နိုင်သော “အသက်ရှင်သောသတ္တဝါ” များထဲတွင် တောင်ဆိတ်သည် အပါအဝင်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၄၊ ၂၅) ဘုရားသခင်သည် အာရုံစွဲငြိဖွယ်သတ္တဝါများစွာနှင့် ကျွန်ုပ်တို့ကိုဝန်းရံထားသည့်အတွက် ကျွန်ုပ်တို့မပျော်ရွှင်ကြပေလော။

[Picture Credit Line on page 24]

Courtesy of Athens University

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ