ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁၅ စာ. ၂-၄
  • ဘေးဒုက္ခ ဆင်းရဲခြင်းကာလအတွင်း ကယ်တင်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘေးဒုက္ခ ဆင်းရဲခြင်းကာလအတွင်း ကယ်တင်ခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးတကြီးပြုလုပ်ရမည့်အချိန်
  • အသက်တရားကိုရွေးယူလော့!
  • ဘုရားသခင်နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘အသက်ရှင်မည်အကြောင်း အသက်ကို ရွေးယူလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁၅ စာ. ၂-၄

ဘေးဒုက္ခ ဆင်းရဲခြင်းကာလအတွင်း ကယ်တင်ခံရ

ကို ရီးယားနိုင်ငံ ဆိုးလ်မြို့မှအထပ်ငါးထပ်ရှိကုန်တိုက်ကြီး ရုတ်တရက်ပြိုကျရာရာပေါင်းများစွာသောသူတို့သည်အထဲတွင်ပိတ်မိနေကြသည်! ကယ်ဆယ်ရေးလုပ်သားများသည် အတတ်နိုင်ဆုံးအသက်ကယ်ဆယ်ရန် နေ့မအားညမအား အလုပ်များနေကြသည်။ ရက်များစွာကြာလာသောအခါ ကွန်ကရစ်နှင့် သံထည်အပုံကြီးထဲရှိ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရန် အခွင့်အလမ်းအလွန်နည်းပါးသွားသည်။

မျှော်လင့်ချက်အားလုံး စွန့်လွှတ်လိုက်သည့်အချိန်မှာပင် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်ပျက်လာသည်။ အုတ်ကျိုးအုတ်ပဲ့များအောက်မှ အားနည်းချိနဲ့စွာဖြင့် အကူအညီတောင်းခံသည့်အသံတစ်သံကို ကြားလိုက်ရသည်။ ကယ်ဆယ်သူများက ၁၆ ရက်ကြာ အသက်ရှင်လျက်ပိတ်မိနေသော ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရန်အတွက် သူတို့၏လက်ချည်းသက်သက်ဖြင့် စိတ်အားတက်ကြွစွာ တူးဖော်ခဲ့ကြသည်။ ပျက်စီးသွားသောဓာတ်လှေကားအိမ်က သူမအပေါ်အကာအကွယ်ပေးသော လိုဏ်ခေါင်းသဖွယ်ဖြစ်သွားပြီး ပြိုကျလာသောတန်ပေါင်းများစွာလေးသည့် ကွန်ကရစ်များမှကာကွယ်ပေးထားသည်။ သူမ၏ကိုယ်ခန္ဓာမှာ အလွန်အမင်းရေဓာတ်ကုန်ခန်း၍ ထိခိုက်ဒဏ်ရာရရှိထားသော်လည်း သေဘေးမှလွတ်မြောက်ခဲ့ပါသည်တကား!

မျက်မှောက်ခေတ်တွင် မြေငလျင်လှုပ်ခြင်း၊ ပြင်းထန်သောလေမုန်တိုင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မတော်တဆထိခိုက်မှု သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်း အစရှိသည့်ဘေးဒဏ်များကို မကြားရသည့်လ မရှိသလောက်ပင်။ ကယ်ဆယ်သူများနှင့် အသက်ရှင်ကျန်ရစ်သူများနှင့်ပတ်သက်သော စိတ်လှုပ်ရှားဖွယ်သတင်းမှတ်တမ်းများက သန်းပေါင်းများစွာသော သတင်းနားစွင့်နေသူများကို ဆွဲဆောင်လျက်ရှိသည်။ သို့သော် လူ့သမိုင်းတွင် အခြားမည်သည့်ဘေးထက်မဆို သာ၍ကြီးမားသော ရောက်ရှိလာမည့်ဘေးဒုက္ခနှင့်ပတ်သက်သည့် သတိပေးချက်ကို လူအများစုတို့က လျစ်လျူရှုထားကြသည်။ (မဿဲ ၂၄:၂၁) ရောက်ရှိလာမည့် ထိုအဖြစ်အပျက်ကို သမ္မာကျမ်းစာကဤသို့ဖော်ပြထားသည်– “ဘေးသည်တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသောလေဘွေသည် ထလိမ့်မည်။ ထိုအခါ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကိုမမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာမစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။”—ယေရမိ ၂၅:၃၂၊ ၃၃။

ထိတ်လန့်ဖွယ်သတင်းစကားပါတကား! သို့သော် ဤဘေးဒုက္ခသည် သဘာဝဘေးဒဏ်နှင့် မတော်တဆထိခိုက်မှုများကဲ့သို့ သိမ်းရုံးသတ်ဖြတ်ခြင်း ဖြစ်မည်မဟုတ်ပေ။ လွတ်မြောက်မှု—သင်၏လွတ်မြောက်မှု—သည် အမှန်ဖြစ်နိုင်ပါသည်!

အရေးတကြီးပြုလုပ်ရမည့်အချိန်

လူတစ်ဦးသည် ဤအချက်ကိုအပြည့်အဝနားလည်ဖို့ဆိုသည်မှာ ကမ္ဘာချီဘေးဒုက္ခ အဘယ့်ကြောင့်ဖြစ်ပျက်ရကြောင်းကို သဘောပေါက်ရမည်။ အမှန်ဆိုလျှင် ယင်းသည် လူ့ပြဿနာများအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှန်ဖြစ်သည်။ ယနေ့ ဘေးကင်းလုံခြုံသည်ဟုခံစားရသူမှာ မရှိသလောက်ပင်။ သိပ္ပံပညာနှင့် အတတ်နိုင်ဆုံးကြိုးပမ်းကြသော်လည်း ကူးစက်ရောဂါများက ကမ္ဘာ့လူသားထုကို ဆက်လက်ဒုက္ခပေးလျက်ရှိသည်။ ဘာသာရေး၊ လူမျိုးနွယ်စုရေးနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပွားသည့်စစ်ပွဲများက လူ့အသက်ထောင်ပေါင်းများစွာကို ဆုံးရှုံးစေခဲ့သည်။ ငတ်မွတ်ခေါင်းပါးခြင်းက အပြစ်မဲ့သောယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်များခံစားရသော ဝမ်းနည်းကြေကွဲမှုနှင့် ဒုက္ခဆင်းရဲခြင်းကို တိုးပွားစေသည်။ စာရိတ္တယိုယွင်းခြင်းက လူ့အဖွဲ့အစည်းအုတ်မြစ်ကို တဖြည်းဖြည်းလှိုက်စားနေပြီး ကလေးသူငယ်များပင် စာရိတ္တယိုယွင်းနေကြပြီ။

မှတ်သားလောက်ဖွယ်တိကျမှန်ကန်မှုဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၁၉၀၀ အထက်ကရေးသားခဲ့သော သမ္မာကျမ်းစာပရောဖက်ပြုချက်တစ်ခုက ကျွန်ုပ်တို့အခြေအနေကို ဖော်ပြခဲ့သည်။ “နောက်ဆုံးနေ့ရက်များတွင် အန္တရာယ်ထူပြောမည်ဖြစ်ကြောင်းကို သင်သဘောပေါက်ရမည်။”—၂ တိမောသေ ၃:၁၊ ဂျေ. ဘီ. ဖိလစ်ရေးသားသော ခေတ်သုံးအင်္ဂလိပ်စာဖြင့်ဓမ္မသစ်ကျမ်း၊ မဿဲ ၂၄:၃-၂၂ နှိုင်းယှဉ်။

မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အခြေအနေကို လျစ်လျူရှုထားမည်ဟူသည့်အချက်သည် အကျိုးသင့်အကြောင်းသင့်ဖြစ်ဟန်ရှိပါသလော။ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်– “မြေကြီးကိုပြုပြင်ဖန်ဆင်း . . . သောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ [၏။]” (ဟေရှာယ ၄၅:၁၈) ဤလှပသောဂြိုဟ်နှင့် ၎င်းဂြိုဟ်ပေါ်တွင် နေထိုင်သူအားလုံး သေကျေပျက်စီးသွားရန်ခွင့်မပြုဘဲ ဘုရားသခင်ကြားဝင်ဆောင်ရွက်တော်မူမည်။ မေးစရာမှာ ယင်းကို ကိုယ်တော်မည်သို့ပြုတော်မူမည်နည်း ဟူ၍ဖြစ်သည်။

အသက်တရားကိုရွေးယူလော့!

သမ္မာကျမ်းစာက ဆာလံ ၉၂:၇ ၌ဤသို့အဖြေပေးထားသည်– “မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကိုပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ရောက်ရသောအကြောင်းပေတည်း။” ကမ္ဘာ့ပြဿနာများကို ဘုရားသခင်ဖြေရှင်းမည့်နည်းမှာ ဆိုးသွမ်းမှုကိုယ်၌ကို ပယ်ရှားလိုက်ခြင်းဖြင့်ဖြစ်သည်။ ယင်းသည် လူသားအားလုံးပယ်ရှင်းခံရမည်ကို ဆိုလိုခြင်းမဟုတ်သည်မှာ ဝမ်းသာစရာပင်။ ဆာလံ ၃၇:၃၄ ကကျွန်ုပ်တို့အား ဤသို့အာမခံထားသည်– “ထာဝရဘုရားကိုမျှော်လင့်၍၊ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည်ကြည့်မြင်ရလိမ့်မည်။”

ဤစကားများက လူသားထုအပေါ်ကျရောက်လာမည့် အကြီးမားဆုံးဘေးဒုက္ခတစ်လျှောက် ကယ်တင်ခံရဖို့အခွင့်အလမ်းတစ်ခုရှိကြောင်း ဖော်ပြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားရွေးချယ်စရာတစ်ခုပေးထားသည်။ ကတိထားရာပြည်သို့ ဝင်ရောက်ခါနီးအချိန်၌ ဣသရေလလူမျိုးကို မောရှေတိုက်တွန်းခဲ့သည့် ဤစကားများက ယနေ့ကျွန်ုပ်တို့အချိန်နှင့်လည်း ထပ်တူသက်ဆိုင်နေပါသည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည် . . . သို့ဖြစ်၍ သင်နှင့်သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . အသက်တရားကိုရွေးယူလော့။” (တရားဟောရာ ၃၀:၁၉) သို့သော် မည်သည့်နည်းဖြင့်သာလျှင် “အသက်တရားကိုရွေးယူ” ၍ကယ်တင်ခြင်းရမည်နည်း။ အမှန်အားဖြင့် စစ်မှန်သောကယ်တင်ခြင်းသည် မည်သည့်အရာကိုဆိုလိုသနည်း။

[Picture Credit Line on page 2]

COVER: Explosion: Copyright © Gene Blevins/Los Angeles Daily News

[Picture Credit Line on page 2]

Yunhap News Agency/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ