ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁၅ စာ. ၁၇-၂၂
  • မကြာမီ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာမီ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လာခဲ့ပါ” ဟုသူတို့ဆို
  • အချိန်ကုန်လွန်သည်နှင့်အမျှ ပြောင်းလဲမှုများ
  • ကျေးဇူးသိတတ်ရန် အကြောင်းများစွာရှိ
  • သင်ရှိနေမည်လော
  • မည်သူများအမှန်ပင်—ကောင်းကင်ဆိုင်ရာ ခေါ်တော်မူခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါသည် များစွာသောသားတို့ကို ဘုန်းဝင်စားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မျှော်လင့်ခြင်းမှာ ဝမ်းမြောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁၅ စာ. ၁၇-၂၂

မကြာမီ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်

“ဖန်ဆင်းတော်မူရာများသည် အနတ္တ [“အချည်းနှီး၊” ကဘ] အောက်တွင် . . . သင်္ခါရတရား [“ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့”] ၏ ကျွန်ခံခြင်းအဖြစ်နှင့်ကင်း၍ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်အဖြစ်ကို မျှော်လင့်ခြင်းရှိကြသတည်း။”—ရောမ ၈:၂၀၊ ၂၁၊ သမ။

၁။ အပြစ်ဖြေရာနေ့တွင် ယေရှု၏ယဇ်သကာသည် မည်သို့ပုံတင်ပြခံရသနည်း။

ယေဟောဝါသည် လူသား ၁၄၄,၀၀၀ ကိုကောင်းကင်အသက်တာရရန်နှင့် ကျန်ရှိသူများအတွက်မူကား မြေကြီးဆိုင်ရာမျှော်လင့်ချက်များကို ထာဝစဉ်ရရှိရန် လမ်းဖွင့်ပေးဖို့ မိမိ၏တစ်ပါးတည်းသောသားတော်ကို ရွေးနုတ်ဖိုးပူဇော်သကာအဖြစ် ပေးတော်မူခဲ့သည်။ (၁ ယောဟန် ၂:၁၊ ၂) ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း နှစ်စဉ်အပြစ်ဖြေရာပွဲနေ့တွင် ဣသရေလယဇ်ပုရောဟိတ်မင်းကြီးသည် မိမိကိုယ်တိုင်နှင့် မိမိ၏အိမ်သူအိမ်သားမက လေဝိအနွယ်အတွက်ပါ အပြစ်ပူဇော်သကာအဖြစ် နွားကိုပူဇော်သောအခါ ဝိညာဉ်တော်ဖွားခရစ်ယာန်များအတွက် ယေရှု၏ယဇ်သကာကို ပုံတင်ပြခဲ့သည်။ ယေရှု၏ပူဇော်သကာသည် ယေဘုယျအားဖြင့် လူသားအပေါင်းကို အကျိုးပြုလိမ့်မည်ဖြစ်သကဲ့သို့ ထိုနေ့ရက်၌ပင် ယဇ်ပုရောဟိတ်မင်းကြီးသည် အခြားဣသရေလအားလုံးအတွက် အပြစ်ဖြေရာယဇ်အဖြစ် ဆိတ်တစ်ကောင်ကိုပူဇော်ခဲ့သည်။ လွန်ခဲ့သောနှစ်မှ လူတို့၏အပြစ်ရှိသမျှကို ပုံဆောင်သဘောဖြင့် သယ်ဆောင်သွားသောဆိတ်တစ်ကောင်သည် တောထဲတွင်ပျောက်ကွယ်သွားသည်။a—ဝတ်ပြုရာ ၁၆:၇-၁၅၊ ၂၀-၂၂၊ ၂၆။

၂၊ ၃။ ရောမ ၈:၂၀၊ ၂၁ တွင်မှတ်တမ်းတင်ထားသော ပေါလု၏ဖော်ပြချက်ကား အဘယ်အရာကို ဆိုလိုသနည်း။

၂ ကောင်းကင်ဆိုင်ရာ “ဘုရားသခင့်သားတို့” ဖြစ်လာမည့်သူများ၏ မျှော်လင့်ချက်ကို အကြမ်းဖျင်းဖော်ပြပြီးနောက် တမန်တော်ပေါလုက ဤသို့ဆိုသည်– “ဘုရားသခင့်သားတို့ပွင့်ခြင်းကို ဖန်ဆင်းတော်မူရာများပင် တောင့်တစောင့်မျှော်လျက်နေကြ၏။ ဖန်ဆင်းတော်မူရာများသည် အနတ္တ [“အချည်းနှီး၊” ကဘ] အောက်တွင် အလျောက်ဘာသာကြောင့်မဟုတ်၊ ထားခဲ့တော်မူသောအရှင်ကြောင့်နေရလျက်ပင် သင်္ခါရတရား [“ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့”] ၏ကျွန်ခံခြင်းအဖြစ်နှင့်ကင်း၍ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်အဖြစ်ကို မျှော်လင့်ခြင်းရှိကြသတည်း။” (ရောမ ၈:၁၄၊ ၁၇၊ ၁၉-၂၁၊ သမ) ဤဖော်ပြချက်၏ဆိုလိုရင်းကား အဘယ်နည်း။

၃ ကျွန်ုပ်တို့၏ဘိုးဘေးအာဒံသည် စုံလင်သောလူသားအဖြစ် ဖန်ဆင်းခံရစဉ်က သူသည် “ဘုရားသခင့်သား [သို့မဟုတ် ကလေး]” ဖြစ်ခဲ့သည်။ (လုကာ ၃:၃၈၊ သမ) အပြစ်ကြောင့် သူသည် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့” သို့ဝင်ရောက်သွားပြီး ဤအခြေအနေကို လူသားမျိုးနွယ်သို့ လက်ဆင့်ကမ်းခဲ့သည်။ (ရောမ ၅:၁၂) ဘုရားသခင်သည် လူတို့အမွေရထားသော မစုံလင်မှုကြောင့် “အချည်းနှီး” မွေးဖွားလာကြရန် ခွင့်ပြုသော်လည်း “အမျိုးအနွယ်” ယေရှုခရစ်အားဖြင့် မျှော်လင့်ချက်ရှိစေတော်မူ၏။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈; ဂလာတိ ၃:၁၆) ဗျာဒိတ် ၂၁:၁-၄ က ‘သေခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းမရှိ’ တော့မည့်အချိန်ကို ညွှန်ပြပါသည်။ ယင်းသည် “လူတို့” အားပြုသောကတိတော်ဖြစ်သဖြင့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် နေထိုင်မည့်မြေကြီးဆိုင်ရာ လူအဖွဲ့အစည်းအသစ်သည် စိတ်ပိုင်းနှင့်ခန္ဓာပိုင်းအရ ကျန်းမာရေးပြန်ကောင်းလာဖို့နှင့် အပြည့်အဝကျန်းမာမှုရရှိစေမည်ဖြစ်ပြီး ‘ဘုရားသခင့်မြေကြီးဆိုင်ရာသားသမီးတို့’ အဖြစ်ထာဝရအသက်ရရှိကြလိမ့်မည်ဟု ယုံကြည်စိတ်ချစေ၏။ ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း နာခံမှုရှိသူများသည် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို” ရရှိကြပေမည်။ နောက်ဆုံးစမ်းသပ်ခံကြရရာ ယေဟောဝါအားသစ္စာရှိကြောင်း တင်ပြကြပြီးနောက် သူတို့သည် အပြစ်နှင့်သေခြင်းအမွေမှ ထာဝစဉ်လွတ်ကြလိမ့်မည်။ (ဗျာဒိတ် ၂၀:၇-၁၀) ထိုအခါ ကမ္ဘာပေါ်ရှိ “ဘုရားသခင့်သားသမီးတို့” ဘုန်းကြီးသောလွတ်ခွင့်ရရှိကြလိမ့်မည်။

“လာခဲ့ပါ” ဟုသူတို့ဆို

၄။ “အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” ဟူသည်ကား အဘယ်အရာကိုဆိုလိုသနည်း။

၄ လူတို့ရှေ့တွင် အံ့ချီးဖွယ်မျှော်လင့်ချက်ရှိပါသည်တကား! ထို့ကြောင့်ပင် မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ယင်းကို အခြားသူတို့အား ဇွဲနပဲဖြင့်ဦးဆောင်ပြောဆိုနေကြခြင်းပင်! ဘုန်းရှိတော်မူသောသိုးသငယ်၊ ယေရှုခရစ်၏ “သတို့သမီး” အဝင်ဖြစ်မည့် ဘိသိက်ခံအကြွင်းအကျန်သည် ပရောဖက်ပြုချက်ဆိုင်ရာ ဤစကားများ၏ ပြည့်စုံချက်တွင်ပတ်သက်နေသည်–“ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၁:၂၊ ၉; ၂၂:၁၊ ၂၊ ၁၇) ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကို ဘိသိက်ခံ ၁၄၄,၀၀၀ တို့အတွက်သာ မကန့်သတ်ထားချေ။ ကမ္ဘာပေါ်ရှိ သတို့သမီးအတန်းအစားမှ အကြွင်းအကျန်သည် ဘုရားသခင့်ဝိညာဉ်တော်အကူအညီဖြင့် “လာခဲ့ပါ” ဟုပြောဆိုနေသည်။ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သော ကြားနာသူမည်သူမဆိုသည် “လာခဲ့ပါ” ဟုပြောဆိုရန် ဖိတ်ခေါ်ခံရရာ ကယ်တင်ခြင်းရဖို့အတွက် ယေဟောဝါ၏ရက်ရောစွာပြင်ဆင်ပေးမှုကို ခံယူနေ၏။

၅။ ယေဟောဝါသက်သေများသည် မိမိတို့အလယ်တွင် မည်သူများရှိနေသည်ကို ဝမ်းမြောက်ကြသနည်း။

၅ ယေဟောဝါသက်သေများသည် ယေရှုခရစ်မှတစ်ဆင့် အသက်ရဖို့အတွက် ဘုရားသခင့်ပြင်ဆင်ချက်ကို ယုံကြည်ကြသည်။ (တမန်တော် ၄:၁၂) သူတို့သည် ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့် အလိုတော်ကို သင်ယူလိုသည့် နှလုံးရိုးဖြောင့်သူများ မိမိတို့အလယ်တွင် ရှိနေကြခြင်းကို ဝမ်းမြောက်ကြသည်။ ဤ ‘ဆုံးခန်းချိန်’ တွင် ‘လာ၍ အဖိုးကိုမပေးဘဲ အသက်ရေယူ’ လိုသူအားလုံးအတွက် သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမများကို ဖွင့်ထားပါသည်။—ဒံယေလ ၁၂:၄။

အချိန်ကုန်လွန်သည်နှင့်အမျှ ပြောင်းလဲမှုများ

၆။ ဘုရားသခင့်ဝိညာဉ်တော်သည် ကွဲပြားသောအချိန်ကာလများအတွင်း ယေဟောဝါ၏ကျေးကျွန်များအပေါ် မည်သို့ဆောင်ရွက်တော်မူခဲ့သနည်း။

၆ ဘုရားသခင်၏ရည်ရွယ်တော်မူချက်များ အထမြောက်ရန်အချိန်ကို စီရင်ထားတော်မူပြီး ယင်းသည် လူသားတို့နှင့်ကိုယ်တော်၏ဆက်ဆံမှုအပေါ် သက်ရောက်မှုရှိသည်။ (ဒေသနာ ၃:၁; တမန်တော် ၁:၇) ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်များအပေါ် ဝိညာဉ်တော်ကျရောက်ခဲ့သော်လည်း သူတို့သည် ကိုယ်တော်၏ဝိညာဉ်ရေးသားများအဖြစ် မွေးဖွားခြင်းမခံခဲ့ရပါ။ သို့သော် ယေရှုဖြင့်အစပြု၍ ကောင်းကင်အမွေခံမည့် ဆက်ကပ်အပ်နှံထားသော ယောက်ျားမိန်းမများအပေါ် ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းရန်အချိန်တိုင်လာသည်။ ကျွန်ုပ်တို့ခေတ်ကော အသို့နည်း။ အဆိုပါဝိညာဉ်တော်ပင် ယေရှု၏ “အခြားသိုး” များအပေါ်ကျရောက်နေသော်လည်း ယင်းကား သူတို့တွင် ကောင်းကင်အသက်တာအတွက် မျှော်လင့်ချက်နှင့် ဆန္ဒကို မဖြစ်ပေါ်စေပါ။ (ယောဟန် ၁၀:၁၆) ပရဒိသုမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ကို ဘုရားသခင်ပေးထားရာ သူတို့သည် ကမ္ဘာဟောင်းမှ ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်သို့ ကူးပြောင်းသည့် ဤစပ်ကူးမပ်ကူး ကြားကာလအတွင်း သက်သေခံခြင်းတွင် ဘိသိက်ခံအကြွင်းအကျန်ကို ရွှင်လန်းအားရစွာပံ့ပိုးနေကြပါသည်။—၂ ပေတရု ၃:၅-၁၃။

၇။ ကျမ်းစာကျောင်းသားများသည် အဘယ်စုသိမ်းခြင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့သနည်း၊ သို့သော် သူတို့သည် ပရဒိသုနှင့်ပတ်သက်၍ အဘယ်အကြောင်းကို သိရှိထားကြသနည်း။

၇ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် ဘုရားသခင်သည် ‘များစွာသောသားတို့ကို ဘုန်းဝင်စားစေရန်’ အစပြုခဲ့ပြီး စုစုပေါင်း ၁၄၄,၀၀၀ သောဝိညာဉ်ရေး “ဘုရားသခင်၏ဣသရေလအမျိုး” ပြီးပြည့်စုံရန်အတွက်အချိန်ကို သတ်မှတ်ကြောင်းထင်ရှားပါသည်။ (ဟေဗြဲ ၂:၁၀; ဂလာတိ ၆:၁၆; ဗျာဒိတ် ၇:၁-၈) ၁၈၇၉ ခုနှစ်မှစတင်၍ ဘိသိက်ခံခရစ်ယာန်များ၏ စုသိမ်းခြင်းလုပ်ငန်းအကြောင်းကို ဤမဂ္ဂဇင်းတွင် ဖော်ပြလေ့ရှိသည်။ သို့သော် ကျမ်းစာကျောင်းသားများ (ယခု ယေဟောဝါသက်သေများဟု ခေါ်ဆို) သည် ကျမ်းစာတွင် ပရဒိသုမြေကြီးပေါ် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ကို ကတိပြုထားကြောင်းလည်း သိထားကြပါသည်။ ဥပမာ၊ ၁၈၈၃ ခုနှစ် ဇူလိုင်လထုတ် ကင်းမျှော်စင်က ဤသို့ဆိုသည်– “ယေရှုသည် မိမိ၏နိုင်ငံတော်ကို တည်ထောင်ကာ ဆိုးယုတ်မှုကိုဖျက်ဆီးပစ်ခြင်း အစရှိသည်တို့ကို ပြုတော်မူပြီးသောအခါ ဤကမ္ဘာမြေကြီးသည် ပရဒိသုဖြစ်လာပေလိမ့်မည်။ . . . ထိုအခါ သင်္ချိုင်းများတွင်ရှိသူ အပေါင်းတို့သည် ၎င်းတွင် ရောက်ရှိလာကြလိမ့်မည်။ ထို့နောက် ပညတ်ဥပဒေများကို နာခံခြင်းဖြင့် ထိုတွင် ထာဝစဉ်နေကြရပေလိမ့်မည်။” အချိန်ကုန်လွန်လာသည်နှင့်အမျှ ဘိသိက်ခံများကို စုသိမ်းခြင်းလျော့နည်းလာပြီး တဖြည်းဖြည်းနှင့် ကောင်းကင်မျှော်လင့်ချက်မရှိသူတို့ကို ယေဟောဝါ၏အဖွဲ့အစည်းအတွင်းသို့ စုသိမ်းလာခဲ့သည်။ ထိုအတောအတွင်း ဘုရားသခင်သည် မိမိ၏ဘိသိက်ခံကျေးကျွန်ဖြစ်သော ဒုတိယမွေးဖွားခြင်းခံရသူ ခရစ်ယာန်များကို မှတ်သားဖွယ်ထိုးထွင်းသိမြင်မှုကို ပေးခဲ့သည်။—ဒံယေလ ၁၂:၃; ဖိလိပ္ပိ ၂:၁၅၊ ၁၆; ဗျာဒိတ် ၁၄:၁၅၊ ၁၆။

၈။ ၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းတွင် မြေကြီးမျှော်လင့်ချက်ဆိုင်ရာ နားလည်မှုသည် မည်သို့ဖြစ်ပေါ်လာခဲ့သနည်း။

၈ အထူးသဖြင့် ၁၉၃၁ ခုနှစ်ကတည်းက မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် ခရစ်ယာန်အသင်းတော်နှင့် ပူးပေါင်းလာကြသည်။ ထိုနှစ်တွင် ယေဇကျေလအခန်းကြီး ၉ သည် ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ ကပ်ကျော်ရန်မှတ်သားခံနေရသော ဤမြေကြီးအတန်းအစားကို ရည်ညွှန်းနေကြောင်း ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ယေဟောဝါသိမြင်စေတော်မူခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ဤမျက်မှောက်ခေတ် သိုးကဲ့သို့သောသူတို့ကို ယေဟု၏တွဲဖက် ယောနဒပ် (ယေဟောနဒပ်) ကကြိုတင်ပုံဆောင်ကြောင်း ကောက်ချက်ချခဲ့ကြ၏။ (၄ ဓမ္မရာဇဝင် ၁၀:၁၅-၁၇) ၁၉၃၄ ခုနှစ်တွင် “ယောနဒပ်များ” သည် ဘုရားသခင်ထံမိမိတို့ကိုယ်ကို “ဆက်ကပ်အပ်နှံ” သင့်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လာသည်။ ၁၉၃၅ ခုနှစ်တွင် “မြောက်မြားစွာသောလူများ” သို့မဟုတ် “လူအုပ်ကြီး”—ကောင်းကင်တွင် ခရစ်တော်၏သတို့သမီး၏ “အပေါင်းအဖော်များ” ဖြစ်ကြမည့် ဒုတိယဝိညာဉ်ရေးအတန်းအစားဟု ယခင်ကယူမှတ်ခဲ့သူများ—ကို မြေကြီးမျှော်လင့်ချက်ရှိသည့် အခြားသိုးအဖြစ် သတ်မှတ်ခဲ့သည်။ (ဗျာဒိတ် ၇:၄-၁၅; ၂၁:၂၊ ၉; ဆာလံ ၄၅:၁၄၊ ၁၅) သို့နှင့် အထူးသဖြင့် ၁၉၃၅ ခုနှစ်ကတည်းက ပရဒိသုမြေကြီးပေါ်တွင် နေထိုင်ရန်တောင့်တသောရိုးဖြောင့်သူများကို ဘိသိက်ခံများသည် ဦးစီးဦးဆောင်ပြု၍ ရှာဖွေနေကြသည်။

၉။ ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် ခရစ်ယာန်အချို့သည် သခင့်ညစာစားပွဲ၏အထိမ်းအမှတ်များကို အဘယ်ကြောင့်မသုံးဆောင်ကြတော့သနည်း။

၉ ၁၉၃၅ ခုနှစ်နောက်ပိုင်း သခင့်ညစာစားပွဲတွင် မုန့်နှင့်စပျစ်ရည်ကို ပါဝင်သုံးဆောင်ခဲ့သူ ခရစ်ယာန်အချို့သည် မသုံးဆောင်ကြတော့ပေ။ အဘယ်ကြောင့်နည်း။ သူတို့၏မျှော်လင့်ချက်မှာ ကောင်းကင်တွင်မဟုတ်၊ မြေကြီးပေါ်တွင်ဖြစ်ကြောင်း သိမြင်လာကြသောကြောင့်ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် နှစ်ခြင်းခံခဲ့သူ အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “အထူးသဖြင့် ဇွဲရှိတဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တွေအနေနဲ့ [ပါဝင်စားသုံးမှု] ဟာသင့်လျော်တယ်လို့ ယူမှတ်ခဲ့ကြပေမဲ့ ကျွန်မမှာ ကောင်းကင်မျှော်လင့်ချက်ရှိတယ်ဆိုပြီး ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ အဲဒီနောက် ၁၉၃၅ ခုနှစ်မှာ ကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်မယ့် မျှော်လင့်ချက်ရှိတဲ့ လူအုပ်ကြီးတစ်အုပ်ကို စုသိမ်းနေပြီဆိုတာကို ကျွန်မတို့ပြတ်ပြတ်သားသား သိလာကြရတယ်။ ကျွန်မတို့အများစုဟာ လူအုပ်ကြီးအဝင်ဖြစ်တယ်ဆိုတာကို နားလည်လိုက်ရတဲ့အခါ အထိမ်းအမှတ်မုန့်နဲ့စပျစ်ရည်ကို မသုံးဆောင်ကြတော့ဘူး။” ခရစ်ယာန်စာအုပ်စာတမ်းများ၌ပင်လျှင် ပါဝင်သည့်အကြောင်းများ ပြောင်းလဲကုန်သည်။ ယခင်နှစ်များ၌ ယင်းတို့သည် ယေရှု၏ဝိညာဉ်တော်ဖွား နောက်လိုက်များအတွက် အဓိကသတ်မှတ်ခဲ့သော်လည်း ၁၉၃၅ ခုနှစ်မှစ၍ ‘သစ္စာရှိကျေးကျွန်’ ၏ ကင်းမျှော်စင်နှင့် အခြားစာအုပ်စာတမ်းများသည် ဘိသိက်ခံနှင့် မြေကြီးမျှော်လင့်ချက်ရှိကြသူ သူတို့၏အပေါင်းအဖော် နှစ်စုစလုံး၏ လိုအပ်ရာနှင့်ကိုက်ညီသည့် ဝိညာဉ်အစာကိုပြင်ဆင်ပေးခဲ့သည်။—မဿဲ ၂၄:၄၅-၄၇။

၁၀။ သစ္စာမဲ့ဘိသိက်ခံတစ်ဦးကို မည်သို့အစားထိုးမည်နည်း။

၁၀ ဘိသိက်ခံတစ်ဦး သစ္စာမဲ့သည်ဆိုပါစို့။ သူ့ကို အစားထိုးမည်လော။ ပေါလုက ပုံဆောင်ရာသံလွင်ပင်အကြောင်း ဆွေးနွေးရာတွင် ထိုသို့ပြုမည်ဟုတင်ပြခဲ့သည်။ (ရောမ ၁၁:၁၁-၃၂) ဝိညာဉ်တော်ဖွားတစ်ဦးကို အစားထိုးရန်လိုအပ်လာလျှင် ဘုရားသခင်သည် မိမိ၏မြင့်မြတ်သောလုပ်ငန်းတော်၌ နှစ်ပေါင်းများစွာယုံကြည်ခြင်းပုံသက်သေကောင်းဖြင့် ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးကို ကောင်းကင်ခေါ်တော်မူခြင်း ပေးပေလိမ့်မည်။—လုကာ ၂၂:၂၈၊ ၂၉; ၁ ပေတရု ၁:၆၊ ၇ နှိုင်းယှဉ်။

ကျေးဇူးသိတတ်ရန် အကြောင်းများစွာရှိ

၁၁။ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် မည်သို့ပင်ရှိစေကာမူ ယာကုပ် ၁:၁၇ ကကျွန်ုပ်တို့အား အဘယ်အာမခံချက် ပေးထားသနည်း။

၁၁ မည်သည့်နေရာတွင်မဆို ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်ရာများနှင့် စိတ်ဆန္ဒများကို ရောင့်ရဲစေတော်မူလိမ့်မည်။ (ဆာလံ ၁၄၅:၁၆; လုကာ ၁:၆၇-၇၄) ကျွန်ုပ်တို့တွင် ကောင်းကင်မျှော်လင့်ချက် အမှန်ရှိသည်ဖြစ်စေ၊ မြေကြီးပေါ်နေထိုင်ရန် မျှော်လင့်သည်ဖြစ်စေ ဘုရားသခင်အားကျေးဇူးတင်စရာအကြောင်း များစွာရှိပါသည်။ ကိုယ်တော်သည် မိမိအားချစ်မြတ်နိုးသူတို့၏ အကောင်းဆုံးအကျိုးအတွက် အမြဲလုပ်ဆောင်တော်မူသည်။ တပည့်တော်ယာကုပ်က ဤသို့ဆိုသည်– “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘ [ယေဟောဝါဘုရားသခင်] ထံတော်ကသက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။” (ယာကုပ် ၁:၁၇) ဤဆုကျေးဇူးများနှင့် ကောင်းချီးအချို့ကို သတိမူကြစို့။

၁၂။ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်တစ်ယောက်စီကို အံ့ချီးဖွယ်ရာမျှော်လင့်ချက် ပေးသနားထားတော်မူသည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၂ ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်တိုင်းကို အလွန်ထူးမြတ်သောမျှော်လင့်ချက် ပေးသနားထားတော်မူ၏။ ကိုယ်တော်သည် အချို့ကို ကောင်းကင်အသက်တာသို့ ခေါ်တော်မူသည်။ ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏သက်သေများကို ကမ္ဘာမြေကြီးပေါ် ထာဝရအသက်ရရန် ရှင်ပြန်ထမြောက်လာမည့် အထူးကောင်းမွန်သောမျှော်လင့်ချက်ကို ပေးသနားတော်မူခဲ့သည်။ ဥပမာ၊ အာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခဲ့ပြီး “ခိုင်ခံ့မြဲမြံသောမြို့”—မိမိရှင်ပြန်ထမြောက်ပြီး အသက်ရှင်နေထိုင်မည့်မြေကြီးကိုအစိုးရသော ကောင်းကင်နိုင်ငံတော်—ကိုစောင့်မျှော်ခဲ့သည်။ (ဟေဗြဲ ၁၁:၁၀၊ ၁၇-၁၉) ဘုရားသခင်သည် ဤဆုံးခန်းချိန်တွင် သန်းပေါင်းများစွာတို့အား ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရရန်မျှော်လင့်ချက်ကို ထပ်မံပေးတော်မူနေသည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) ယေဟောဝါထံတော်မှ ဤမျှလောက် ကြီးမြတ်သောမျှော်လင့်ချက်ကိုရထားသူ မည်သူမဆိုသည် အမှန်ပင်အလွန်ကျေးဇူးတင်သင့်သည်။

၁၃။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော့်လူတို့အပေါ် မည်သို့လုပ်ဆောင်တော်မူခဲ့သနည်း။

၁၃ ယေဟောဝါသည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်တော်၏လူမျိုးတို့အား လက်ဆောင်အဖြစ်ပေးသနားတော်မူ၏။ ကောင်းကင်မျှော်လင့်ချက်ရရှိသည့် ခရစ်ယာန်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံကြရသည်။ (၁ ယောဟန် ၂:၂၀; ၅:၁-၄၊ ၁၈) မြေကြီးမျှော်လင့်ချက်ရှိသော ဘုရားသခင့်ကျေးကျွန်များသည်လည်း ဝိညာဉ်တော်၏အကူအညီနှင့် လမ်းညွှန်မှုရရှိကြသည်။ ယင်းတို့ထဲမှတစ်ဦးမှာ မောရှေဖြစ်သည်။ မောရှေနည်းတူ သူ့အားကူညီပေးရန် ခန့်အပ်ခံရသောအမျိုးသား ၇၀ မှာလည်း ယေဟောဝါ၏ဝိညာဉ်တော်ရရှိခဲ့သည်။ (တောလည်ရာ ၁၁:၂၄၊ ၂၅) သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင် ဗေဇလေလသည် ဣသရေလတို့၏ တဲတော်နှင့်စပ်လျဉ်း၍ ကျွမ်းကျင်သောလက်မှုပညာသည်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ (ထွက်မြောက်ရာ ၃၁:၁-၁၁) ဘုရားသခင်၏ဝိညာဉ်တော်သည် ဂိဒေါင်၊ ယေဖသ၊ ရှန်ဆုံ၊ ဒါဝိဒ်၊ ဧလိယ၊ ဧလိရှဲနှင့် အခြားသူတို့အပေါ်တွင် ကျိန်းဝပ်ခဲ့၏။ ရှေးအချိန်မှ ထိုသူတို့သည် ကောင်းကင်ဘုန်းဝင်စားလိမ့်မည်မဟုတ်သော်လည်း သူတို့သည် ယနေ့ ယေရှု၏အခြားသိုးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုနှင့် အကူအညီကိုရရှိခဲ့ကြသည်။ သို့ဖြစ်၍ ဘုရားသခင်၏ဝိညာဉ်တော်ပိုင်ဆိုင်ထားခြင်းက ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု အဓိပ္ပာယ်မသက်ရောက်ပါ။ သို့တိုင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် လမ်းညွှန်မှုပေးပြီး ဟောပြောခြင်းနှင့် ဘုရားပေးအခြားတာဝန်များကို ကျေပွန်ရန် ကျွန်ုပ်တို့အားသာမန်ထက်ထူးကဲသော တန်ခိုးနှင့် ယင်း၏အသီးများဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချူပ်တည်းခြင်းကို ဖြစ်ထွန်းစေပါသည်။ (ယောဟန် ၁၆:၁၃; တမန်တော် ၁:၈; ၂ ကောရိန္သု ၄:၇-၁၀; ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်တို့သည် ဘုရားသခင့်ထံမှရသော ဤဆုကျေးဇူးတော်ကို တန်ဖိုးမထားသင့်ပေလော။

၁၄။ ဘုရားသခင့်ဆုကျေးဇူးတော်များဖြစ်သော အသိပညာနှင့်ဉာဏ်ပညာမှ မည်သို့အကျိုးခံစားရသနည်း။

၁၄ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ ဘုရားသခင့်ထံတော်မှရရှိသည့် အသိပညာနှင့်ဉာဏ်ပညာဆုကျေးဇူးများအတွက် ကျေးဇူးတင်သင့်၏။ ယေဟောဝါ၏တိကျသောအသိပညာက “သာ၍အရေးကြီးသောအရာများကို . . . သေချာစွာသိနိုင်” ဖို့နှင့် “စိတ်တော်နှင့်တွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာကျင့်ကြံမည်အကြောင်း” ကျွန်ုပ်တို့ကို ကူညီပေးပေမည်။ (ဖိလိပ္ပိ ၁:၉-၁၁၊ ကဘ; ကောလောသဲ ၁:၉-၁၁) ဘုရားရေးရာဉာဏ်ပညာသည် ဘဝတွင် အကာအကွယ်နှင့် လမ်းညွှန်မှုဖြစ်သည်။ (သု. ၄:၅-၇; ဒေသနာ ၇:၁၂) စစ်မှန်သော အသိပညာနှင့် ဉာဏ်ပညာကို ဘုရားသခင့်စကားတော်အပေါ် အခြေထားကာ ကျန်ကြွင်းသောဘိသိက်ခံအနည်းငယ်သည် သူတို့၏ကောင်းကင်မျှော်လင့်ချက်နှင့်ပတ်သက်ပြီး ပြောဆိုထားရာသို့ အထူးဆွဲဆောင်ခံရကြသည်။ သို့သော်လည်း ဘုရားသခင့်စကားတော်ကိုမြတ်နိုးပြီး ယင်းကိုကောင်းစွာနားလည်ခြင်းက ကောင်းကင်အသက်တာသို့ ခေါ်တော်မူခြင်းခံရပြီဟု ဘုရားသခင်တင်ပြသည့်နည်းလမ်းမဟုတ်ပါ။ မောရှေနှင့် ဒံယေလကဲ့သို့သောသူတို့သည် ကျမ်းစာအပိုင်းအချို့ကိုပင် ရေးသားခဲ့ကြသော်လည်း သူတို့သည် ကမ္ဘာမြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်လာကြပါမည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ၊ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အလိုတော်နှင့်တွေ့သည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ဝိညာဉ်အစာကို ရရှိကြသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဤသို့ရရှိသောအသိပညာအတွက် ကျွန်ုပ်တို့အားလုံး မည်မျှကျေးဇူးတင်လိုက်သည်ဖြစ်ခြင်း!

၁၅။ ဘုရားသခင်၏အကြီးမြတ်ဆုံးသော ဆုကျေးဇူးများအနက်တစ်ခုကား အဘယ်နည်း၊ ယင်းကို သင်မည်သို့ရှုမြင်သနည်း။

၁၅ ဘုရားသခင်၏အကြီးမြတ်ဆုံး ဆုကျေးဇူးများအနက်တစ်ခုမှာ ကျွန်ုပ်တို့တွင်ကောင်းကင်မျှော်လင့်ချက် သို့မဟုတ် မြေကြီးမျှော်လင့်ချက်ရှိစေကာမူ ကျွန်ုပ်တို့ကို အကျိုးကျေးဇူးခံစားစေသည့် မေတ္တာပြည့်ဝသော ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာပြင်ဆင်ချက်ဖြစ်၏။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသား [လူသားလောက] တို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေရှု၏မေတ္တာတော်ကလည်း ကိုယ်တော်အား “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” လှုံ့ဆော်ပေးလေသည်။ (မဿဲ ၂၀:၂၈) တမန်တော်ယောဟန်ရှင်းပြသကဲ့သို့ပင် ယေရှုခရစ်သည် “ငါတို့ [ဘိသိက်ခံများ၏] အပြစ်မက လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။” (၁ ယောဟန် ၂:၁၊ ၂) ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ထာဝရအသက်ရဖို့ ဤမေတ္တာပါကယ်တင်ခြင်းအစီအစဉ်အတွက် အလွန်ပင်ကျေးဇူးတင်သင့်ပေ၏။b

သင်ရှိနေမည်လော

၁၆။ ၁၉၉၈၊ ဧပြီ ၁၁ ရက် နေဝင်ပြီးချိန်တွင် အဘယ်မှတ်သားဖွယ်အဖြစ်အပျက်ကို အောက်မေ့ရာအဖြစ် ကျင်းပလိမ့်မည်နည်း၊ မည်သူများ ရောက်ရှိနေသင့်သနည်း။

၁၆ ဘုရားသခင်၏သားတော်အားဖြင့် ပြင်ဆင်ပေးတော်မူသော ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်စိတ်က ခရစ်တော်သေခြင်း၏အောက်မေ့ရာကို ကျင်းပမည့် ၁၉၉၈၊ ဧပြီ ၁၁ ရက်နေဝင်ပြီးချိန်တွင် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများ သို့မဟုတ် အခြားစုဝေးရာနေရာများ၌ ရောက်ရှိနေဖို့ လှုံ့ဆော်ပေးခံရသင့်သည်။ ယေရှုသည် မိမိ၏သစ္စာရှိတမန်တော်များနှင့်အတူ ဤအထိမ်းအမှတ်ပွဲကို ကိုယ်တော်၏မြေကြီးအသက်တာ ကုန်ဆုံးမည့်ညတွင် စတင်ကျင်းပခဲ့ကာ ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (လုကာ ၂၂:၁၉၊ ၂၀; မဿဲ ၂၆:၂၆-၃၀) ကျန်ကြွင်းသည့် ဘိသိက်ခံအနည်းငယ်တို့သည် ယေရှု၏အပြစ်မဲ့ခန္ဓာကိုယ်ကို တင်စားသောတဆေးမဲ့မုန့်နှင့် ယဇ်သကာအဖြစ်သွန်းလောင်းတော်မူသော ကိုယ်တော်၏အသွေးကိုပုံဆောင်သည့် စပျစ်ရည်စစ်စစ်ကို သုံးဆောင်ကြပေလိမ့်မည်။ ဝိညာဉ်တော်ဖွားဘိသိက်ခံခရစ်ယာန်များသာ ပဋိညာဉ်တရားသစ်နှင့် ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်တွင် ပါဝင်ကြပြီးသူတို့၏မျှော်လင့်ချက်သည် ကောင်းကင်နှင့်ဆိုင်ကြောင်း ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ မငြင်းနိုင်သောသက်သေခံချက်ကို ရရှိထားသောကြောင့် သူတို့သာလျှင် သုံးဆောင်သင့်သည်။ ယေရှု၏ယဇ်သကာကြောင့် ထာဝရအသက်ကိုရရှိစေသည့် ဘုရားသခင်နှင့်ခရစ်တော်တို့ ပြသတော်မူသော မေတ္တာကိုကျေးဇူးတင်လေးမြတ်ကြောင်း လေးစားသည့်ကြည့်ရှုသူများအဖြစ် သန်းပေါင်းများစွာသော အခြားသူတို့ပါရောက်ရှိနေကြပေလိမ့်မည်။—ရောမ ၆:၂၃။

၁၇။ ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းနှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့ သတိရသင့်သနည်း။

၁၇ ယခင်ဘာသာရေးယုံကြည်ချက်များ၊ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်းကြောင့် ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများနှင့် ယခု မြေကြီးအသက်တာတွင် ကြုံတွေ့နေရသောအခက်အခဲများ သို့မဟုတ် ယေဟောဝါထံတော်မှ အထူးကောင်းချီးရသည်ဟု ခံစားရခြင်းတို့ကြောင့် မိမိတို့သည် ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု လွဲမှားစွာယူမှတ်ကြသူအချို့ရှိပေမည်။ သို့သော် ကျွန်ုပ်တို့အားလုံး သတိရသင့်သည်မှာ ခရစ်တော်၏ရွေးနုတ်ဖိုးယဇ်သကာကို ကျေးဇူးတင်ကြောင်းတင်ပြရန် သတိရအောက်မေ့ပွဲအထိမ်းအမှတ်များကို သုံးဆောင်ဖို့ သမ္မာကျမ်းစာက အမိန့်မပေးထားခြင်းပင်ဖြစ်သည်။ ထိုထက်ကား ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရခြင်းကို “လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။” ယေရှုကို ဝိညာဉ်ရေးသားအဖြစ်ဖွားစေသည့်အပြင် အခြားသောသား ၁၄၄,၀၀၀ တို့ကိုသာ ဘုန်းဝင်စားစေတော်မူသည့် “ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။”—ရောမ ၉:၁၆၊ ဟေရှာယ ၆၄:၈။

၁၈။ ယနေ့ ယေဟောဝါအားဝတ်ပြုသူ အများစုအတွက် ရှေ့တွင်အဘယ်ကောင်းချီးမင်္ဂလာများ ရှိနေသနည်း။

၁၈ ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်းသည် ဤနောက်ဆုံးကာလတွင် ယေဟောဝါအားဝတ်ပြုကိုးကွယ်နေကြသူ မြောက်မြားစွာအတွက် ဘုရားသခင်ပေးတော်မူသော မျှော်လင့်ချက်ပင်ဖြစ်သည်။ (၂ တိမောသေ ၃:၁-၅) မကြာမီ ဤအံ့မခန်းဖွယ် ပရဒိသုတွင် သူတို့စံစားကြရတော့မည်။ ထိုအခါ ကောင်းကင်အုပ်ချုပ်မှုအောက်တွင် မင်းသားများသည် မြေကြီးရေးရာများကို စီမံခန့်ခွဲပေလိမ့်မည်။ (ဆာလံ ၄၅:၁၆) မြေကြီးသားများသည် ဘုရားသခင့်ဥပဒေသများနှင့်အညီနေထိုင်ပြီး ယေဟောဝါ၏နည်းလမ်းတော်များကို သာ၍ဆည်းပူးသိရှိလာကြသည့်အခါ ငြိမ်သက်ခြင်းရှိလိမ့်မည်။ (ဟေရှာယ ၉:၆၊ ၇; ဗျာဒိတ် ၂၀:၁၂) အိမ်များကိုဆောက်လုပ်၍ မြေကြီးကိုနိုင်နင်းရန် ဆောင်ရွက်စရာများစွာရှိပေလိမ့်မည်။ (ဟေရှာယ ၆၅:၁၇-၂၅) ထို့အပြင် လူသေတို့ ပြန်ရှင်လာကြသောအခါ မိသားစုလိုက် ပျော်ရွှင်စွာပေါင်းစည်းမှုများကိုလည်း စဉ်းစားကြည့်လိုက်ပါလေ! (ယောဟန် ၅:၂၈၊ ၂၉) နောက်ဆုံး စမ်းသပ်ခြင်းခံရပြီးနောက် ဆိုးယုတ်မှုအားလုံး ပပျောက်သွားပေလိမ့်မည်။ (ဗျာဒိတ် ၂၀:၇-၁၀) ထို့နောက် ကမ္ဘာမြေကြီးသည် ‘ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့ နှင့်ကင်း၍ ဘုရားသခင့်သားသမီးတို့ ဘုန်းကြီးသောလွတ်ခွင့်’ ရသည့်စုံလင်သောလူသားများနှင့် ထာဝစဉ်ပြည့်နေကြမည်။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၁၊ စာမျက်နှာ ၂၂၅-၆ ရှု။

b ကင်းမျှော်စင် ၁၉၉၁၊ မတ် ၁၅၊ စာမျက်နှာ ၁၉-၂၂ ရှု။

သင်မည်သို့ဖြေမည်နည်း

◻ “အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

◻ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပေါ်တွင်ဖြစ်စေ ဘုရားသခင်ကိုကျေးဇူးတင်စရာ အဘယ်အကြောင်းများရှိသနည်း။

◻ နှစ်စဉ်ကျင်းပသည့် အဘယ်အထိမ်းအမှတ်ပွဲသို့ ကျွန်ုပ်တို့အားလုံး တက်ရောက်သင့်သနည်း။

◻ ယေဟောဝါ၏လူမျိုးအများစုအတွက် အဘယ်အနာဂတ်ရှိသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သန်းပေါင်းများစွာသည် စတင်၍ ‘အဖိုးမပေးဘဲ အသက်ရေကို လက်ခံယူနေကြသည်။’ သူတို့ထဲတွင် အသင်ကော ပါဝင်သလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ