ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၂/၁၅ စာ. ၂-၄
  • သတိပေးချက်ကိုဂရုပြု!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတိပေးချက်ကိုဂရုပြု!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်နယ်မြေတွင် သင်ရှိနေသလော
  • အန္တရာယ်နယ်မြေကထွက်ကြ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း
    နိုးလော့!—၂၀၀၇
  • ကျွန်ုပ်တို့၏အချိန်နှင့်စပ်လျဉ်း၍ သင်နိုးကြားနေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကြောက်ရွံ့ထိတ်လန့်ဖွယ် စီးဆင်းလာသော ချော်ရည်ပူများမှ ထွက်ပြေးလွတ်မြောက်!
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၂/၁၅ စာ. ၂-၄

သတိပေးချက်ကိုဂရုပြု!

ဝုန်း! ၁၉၉၁၊ ဇွန် ၃ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ဖူဂျန်တောင်သည် တုန်ဟည်းသောမြည်သံနှင့်တကွ မီးတောင်ဓာတ်ငွေ့များနှင့်ပြာများကို အဆက်မပြတ်မှုတ်ထုတ်ခဲ့သည်။ အလွန်ပူပြင်းသည့်အရည်များ တောင်စောင်းတစ်လျှောက်စီးဆင်းလာခဲ့သည်။ ဤမီးတောင်ပေါက်ကွဲမှုကြောင့် ၄၃ ဦးသေဆုံးခဲ့၏။ သီသီကလေးလွတ်မြောက်ခဲ့သူများမှာမူ ဆိုးဆိုးရွားရွားမီးလောင်ခံခဲ့ကြရသည်။ အချို့က “ရေ၊ ရေပေးပါ” ဟုအော်ငိုတောင်းဆိုခဲ့ကြသည်။ မီးသတ်သမားများနှင့် ရဲသားများသည် သူတို့ထံအပြေးအလွှားသွားကာ ကူညီပေးခဲ့ကြသည်။

အစောပိုင်းနှစ်ပတ်ခန့်က ဖူဂျန်တောင်ထိပ်ပေါ်တွင် ချော်ခုံးတစ်ခုံးကို တွေ့ရှိခဲ့ကြသောကြောင့် အာဏာပိုင်များနှင့် မြို့သားများသည် သတိရှိခဲ့ကြ၏။ ဘေးဒဏ်မကျရောက်မီ တစ်ပတ်ကျော်အလိုတွင် ဤဒေသမှထွက်ခွာသွားကြရန် သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ မီးတောင်မပေါက်ကွဲမီ တစ်ရက်အလိုတွင်ပင် ရဲတို့သည် ထိုကန့်သတ်နယ်မြေသို့မသွားကြရန် သတင်းထောက်များကို တောင်းပန်ခဲ့ကြရ၏။ သို့တိုင် ဆိုးရွားသောထိုမွန်းလွဲပိုင်း၌ သေဆုံးခဲ့သူ ၄၃ ဦးသည် ဤအန္တရာယ်နယ်မြေတွင် ရောက်ရှိနေသည်။

ဤမျှများပြားသောသူတို့သည် ထိုနယ်မြေသို့ အရဲစွန့်၍ အဘယ်ကြောင့်သွားခဲ့ကြပြီး ထိုတွင်ရှိနေခဲ့ကြရသနည်း။ မိမိတို့အိမ်များမှထွက်လာခဲ့ကြရသော လယ်သမားအချို့သည် သူတို့၏ပစ္စည်းများနှင့် လယ်မြေများကိုစစ်ဆေးရန် ပြန်သွားခဲ့ကြ၏။ မီးတောင်ပညာရှင်သုံးဦးသည် သူတို့စိတ်ဝင်စားရာပညာရပ်အကြောင်း တိုးသိနားလည်ရန် မီးတောင်နှင့်နီးနိုင်သမျှနီးရန် ကြိုးစားသွားခဲ့ကြသည်။ သတင်းထောက်နှင့် ဓာတ်ပုံဆရာများစွာတို့သည် မီးတောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍ သတင်းဦးရလိုကြ၍ ကန့်သတ်မျဉ်းကို အရဲစွန့်ဖြတ်ကျော်ခဲ့ကြသည်။ သတင်းထောက်များငှားထားသော အငှားယာဉ်မောင်းသုံးဦးသည် ထိုနေရာတွင်ရှိခဲ့သည်။ ရဲသားများနှင့် စေတနာ့ဝန်ထမ်းမီးသတ်သမားများသည် တာဝန်ဆောင်ရွက်လျက်ရှိကြ၏။ တစ်ဦးစီတွင် အန္တရာယ်နယ်မြေထဲ ရောက်နေရခြင်းအကြောင်းရင်း တစ်မျိုးစီရှိခဲ့ရာ အကျိုးဆက်မှာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အန္တရာယ်နယ်မြေတွင် သင်ရှိနေသလော

ကျွန်ုပ်တို့အားလုံးသည် မီးတောင်ရှင်အနီးတွင် နေထိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ အန္တရာယ်နယ်မြေတွင်ရှိနေပြီး ကမ္ဘာချီကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရတော့မည်ဆိုလျှင် အသို့နည်း။ ပရောဖက်ပြုချက်ဆိုင်ရာ သိသင့်သိအပ်သောအကြောင်း၏ ယုံကြည်စိတ်ချရသည့်ရင်းမြစ်ဖြစ်ကြောင်း ထင်ရှားခဲ့သော စာအုပ်တစ်အုပ်သည် ဖြစ်လုဆဲကမ္ဘာချီကပ်ကြီးတစ်ခုအကြောင်း ကြိုတင်သတိပေးပြီး ဤသို့ဖော်ပြသည်– “နေသည် မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ . . . မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ” လိမ့်မည်။ (မဿဲ ၂၄:၂၉၊ ၃၀) ဤတွင် စကြဝဠာတစ်ခွင် ကောင်းကင်ဆိုင်ရာ အံ့ဖွယ်အမှတ်လက္ခဏာများကို “မြေကြီးပေါ်မှာ လူအပေါင်းတို့” ကြုံတွေ့ရမည်ဟု ဖော်ပြထား၏။ တစ်နည်းအားဖြင့် ယင်းပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အားလုံးအပေါ်ကျရောက်မည့် ကပ်ဘေးကြီးအကြောင်းဖြစ်သည်။

အဆိုပါယုံကြည်စိတ်ချရသော ပရောဖက်ပြုချက်ဆိုင်ရာစာအုပ်မှာ သမ္မာကျမ်းစာဖြစ်ပါသည်။ စိတ်ဝင်စားစရာမှာ၊ အထက်ပါ ကျမ်းစာပိုဒ်၏ရှေ့နောက်စကားသည် ကမ္ဘာချီကပ်ဘေးမဖြစ်မီအဖြစ်အပျက်များ၏ အသေးစိတ်ဖော်ပြချက်ဖြစ်သည်။ ချော်ခုံးနှင့် မီးတောင်ဆိုင်ရာအခြားညွှန်ပြချက်များကြောင့် ရှီမားဘာရာမြို့အရာရှိများက အန္တရာယ်နယ်မြေကိုသတ်မှတ်ပေးခဲ့ရသကဲ့သို့ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကပ်ကျော်ရန်အတွက် သတိရှိဖို့နှင့် အသင့်ပြင်ဆင်ထားဖို့ အကြောင်းများကို ဖော်ပြ၏။ ဖူဂျန်တောင်၏အဖြစ်ဆိုးမှ ကျွန်ုပ်တို့သင်ခန်းစာယူပြီး ဖြစ်လတ္တံ့သောဘေး၏ အလွန်အရေးကြီးမှုကို ခွဲခြားသိမြင်နိုင်ကြပါသည်။

[Picture Credit Line on page 2]

COVER: Yomiuri/​Orion Press/​Sipa Press

[Picture Credit Line on page 3]

Yomiuri/​Orion Press/​Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ