ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁၅ စာ. ၂၁-၂၃
  • အရေခြုံမှုကို သင်မည်သို့ကိုင်တွယ်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရေခြုံမှုကို သင်မည်သို့ကိုင်တွယ်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အရေခြုံဟန်ဆောင်သူတို့သည် အမင်္ဂလာရှိကြ၏’
  • ‘သတိရှိကြလော့’
  • “စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”
  • “မေတ္တာစိတ်သည် အရေခြုံမှုနှင့် ကင်းစေလော့”
  • အရေခြုံဟန်ဆောင်မှု ပပျောက်သွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ‘မေတ္တာကို လုပ်ရပ်နဲ့ တကယ်ပြကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဗိမာန်တော်၌ ဓမ္မအမှုပြီးစီးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နှုတ်ကပါဌ်တရားကို နာရုံမျှမဟုတ် ကျင့်သောသူ ဖြစ်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁၅ စာ. ၂၁-၂၃

အရေခြုံမှုကို သင်မည်သို့ကိုင်တွယ်သနည်း

ဂေသရှေမန်ဥယျာဉ်တွင် ယုဒရှကာရုတ်သည် ယေရှုအနားကပ်ကာ “နမ်းလေ၏။” ယင်းသည် ထုံးစံအရ ချစ်ခင်တွယ်တာမှုကို ဖော်ပြခြင်းဖြစ်၏။ သို့သော် ယုဒ၏လုပ်ရပ်မှာ ယေရှုကိုဖမ်းဆီးရန် ညအချိန်၌ရောက်ရှိလာကြသူများကို မည်သူမည်ဝါသည် ကိုယ်တော်ဖြစ်ကြောင်း ဖော်ပြရန် ဟန်ဆောင်လုပ်ရပ်မျှသာဖြစ်သည်။ (မဿဲ ၂၆:၄၈၊ ၄၉) ယုဒသည် အရေခြုံ—ယောင်ဆောင်သူ၊ မကောင်းသောသဘောထားကို ရိုးသားမှုမျက်နှာဖုံးဖြင့် ကွယ်ထားသူ—ဖြစ်သည်။ “အရေခြုံ” ဟုပြန်ဆိုထားသည့် ဂရိစကားလုံး၏အဓိပ္ပာယ်မှာ “အဖြေပေးသူ” ဖြစ်၍ ဇာတ်မင်းသားဟုလည်း အဓိပ္ပာယ်ရသည်။ အချိန်တန်သော် ထိုစကားလုံးသည် အခြားသူများအားလှည့်စားရန် ဟန်ဆောင်သူမည်သူ့ကိုမဆို ရည်ညွှန်းလာလေသည်။

အရေခြုံမှုကို သင်မည်သို့တုံ့ပြန်သနည်း။ ပမာပြရသော် စီးကရက်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းသည် ဘေးဥပဒ်ဖြစ်စေသည်ဟု ဆေးဘက်ဆိုင်ရာအထောက်အထားရှိသော်လည်း ဆေးလိပ်သောက်ဖို့ သူတို့အားပေးနေသည်ကို မြင်ရသောအခါ သင်ဒေါသထွက်သလော။ ပြုစုစောင့်ရှောက်ဖို့ တာဝန်အပ်နှင်းခံရသူများသည် သူတို့ပြုစုရသူများကို မတော်မတရားပြုသည့်အခါ သူတို့၏အရေခြုံမှုကို သင်စိတ်နာကြည်းသလော။ မိတ်ဆွေစစ်ဟု သင်ယူဆထားသူတစ်ဦးသည် သစ္စာဖောက်သောအခါ မခံချိမခံသာဖြစ်သလော။ ဘာသာရေးအရေခြုံမှုက သင့်ကို မည်သို့ဖြစ်စေသနည်း။

‘အရေခြုံဟန်ဆောင်သူတို့သည် အမင်္ဂလာရှိကြ၏’

ယေရှု ကမ္ဘာပေါ်ရှိစဉ်က ဘာသာရေးအခြေအနေကို စဉ်းစားသုံးသပ်ကြည့်ပါ။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် ဘုရားသခင့်ပညတ်တော်၏ မှန်ကန်စွာသွန်သင်ပေးသူများအဖြစ် ဟန်ဆောင်ခဲ့ကြသော်လည်း စင်စစ်အားဖြင့် သူတို့သည် ဘုရားသခင်ထံမှ ဝေးကွာသွားစေသည့် လူ့သွန်သင်မှုများကို လူတို့၏စိတ်ထဲ ထည့်သွင်းပေးခဲ့ကြသည်။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် ပညတ်တရားကို စာသားအတိုင်း လုံးစေ့ပတ်စေ့လိုက်လျှောက်ဖို့ တောင်းဆိုခဲ့ကြသော်လည်း မေတ္တာနှင့်ထောက်ထားစာနာမှုပေါ်လွင်စေသည့် အခြေခံမူများကိုကား လျစ်လျူရှုခဲ့ကြ၏။ သူတို့သည် လူများရှေ့တွင် ဘုရားသခင်ဝတ်၌မွေ့လျော်သူအဖြစ် ဟန်ဆောင်ကြကာ လူ့နောက်ကွယ်တွင်မူ မကောင်းမှုနှင့်ပြည့်နှက်ခဲ့ကြသည်။ တစ်ခါမျှ အပြောနှင့်အလုပ်မညီခဲ့ချေ။ သူတို့ပြုလေသမျှ၏ရည်ရွယ်ချက်မှာ “လူများရှေ့ . . . ထင်ရှားစေ” ရန်ဖြစ်သည်။ သူတို့သည် “အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးတို့နှင့် ပြည့်လျက်ရှိ၏။” ယေရှုသည် သူတို့၏အရေခြုံဟန်ဆောင်မှုကို သတ္တိရှိရှိဖော်ထုတ်၍ ထပ်ခါတလဲလဲဤသို့မိန့်ဆိုခဲ့၏– “အရေခြုံဟန်ဆောင်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။”—မဿဲ ၂၃:၅၊ ၁၃-၃၁၊ ကဘ။

သင်သည် ထိုအချိန်တွင် အသက်ရှင်ခဲ့မည်ဆိုလျှင် အခြားစိတ်နှလုံးရိုးဖြောင့်သူများကဲ့သို့ပင် ဤဘာသာရေးအရေခြုံမှုကို အမှန်ပင်ရွံမုန်းပေမည်။ (ရောမ ၂:၂၁-၂၄; ၂ ပေတရု ၂:၁-၃) သို့သော် ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့၏ အရေခြုံမှုကြောင့် ယေရှုခရစ်နှင့် ကိုယ်တော်၏တပည့်တော်များ သွန်သင်၍ ကျင့်သုံးခဲ့သည့် ဘာသာတရားအပါအဝင် ဘာသာတရားအားလုံးကို သင်ငြင်းပယ်သည့်အထိ သင်စိတ်နာကြည်းသွားမည်လော။ ၎င်းသည် သင့်ကို နစ်နာစေမည်မဟုတ်လော။

ဘာသာရေးကိုင်းရှိုင်းသူများ၏ အရေခြုံမှုကြောင့် ဘာသာရေးကို စိတ်ပျက်ရွံမုန်းသွားနိုင်သည်။ သို့သော် ဤသို့တုံ့ပြန်ခြင်းက စစ်မှန်သောဝတ်ပြုသူများ၏ စိတ်ရင်းမှန်ကို မမြင်ဘဲလည်းဖြစ်စေနိုင်သည်။ တစ်နည်းဆိုရလျှင် အရေခြုံဟန်ဆောင်မှုမှ အကာအကွယ်ရရန် ကျွန်ုပ်တို့တည်ဆောက်ထားသော အတားအဆီးများကိုယ်နှိုက်ကပင် စစ်မှန်သောမိတ်ဆွေများနှင့် ဝေးကွာသွားစေနိုင်၏။ ထို့ကြောင့် အရေခြုံမှုကို ကျွန်ုပ်တို့၏တုံ့ပြန်ပုံသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး ဟန်ချက်ညီသင့်သည်။

‘သတိရှိကြလော့’

အရေခြုံမှုကို ကျွန်ုပ်တို့ဦးစွာခွဲခြားသိမြင်တတ်ရမည်။ သို့ပြုရန် အမြဲလွယ်ကူမည်မဟုတ်ချေ။ မိသားစုတစ်စုသည် အကြီးအကျယ်ဆုံးရှုံးနစ်နာပြီးမှ ယင်းကိုသိရှိနားလည်ခဲ့သည်။ မိခင်ဖြစ်သူသည် မေ့မြောသွား၏။ ထိုသို့ဖြစ်ခဲ့သော ဆေးရုံ၏တာဝန်မဲ့မှုကို တရားစွဲရာတွင် ထိုမိသားစုသည် ဒေသခံချာ့ချ်မှ တရားဟောဆရာလည်းဖြစ် ရှေ့နေလည်းဖြစ်သူတစ်ဦးကို ငှားခဲ့သည်။ ဆေးရုံမှ နစ်နာကြေးဒေါ်လာ ၃.၄ သန်းပေးသော်လည်း ထိုမိသားစု၏ပူဆွေးမှုမှာ ပို၍ပင်ဆိုးရွားလာခဲ့သည်။ မိခင်ခမျာ ဆင်းဆင်းရဲရဲနှင့် သေဆုံးသွားပြီး အသုဘစရိတ်အတွက်ပင် ငွေမရှိခဲ့ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ငွေအများစုကို ရှေ့နေက မတရားယူလိုက်သောကြောင့်ဖြစ်သည်။ အဆိုပါရှေ့နေနှင့်ပတ်သက်၍ ဥပဒေဂျာနယ်တစ်စောင်က ဤသို့ဖော်ပြသည်– “သူကျင့်ကြံသည့်အပြုအမူမျိုး သူဟောပြောမည်ဆိုလျှင် . . . သူ၏သတင်းတရားမှာ ကလိန်ကျကြစို့ ဟူ၍ဖြစ်ပေမည်။” ထိုကဲ့သို့သောသူများမှ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်နိုင်မည်နည်း။

ဘာသာရေးအရေခြုံမှုနှင့် ရင်ဆိုင်နေရသော မိမိခေတ်ရှိလူတို့ကို ယေရှုက ‘သတိရှိကြလော့’ ဟုအကြံပြုခဲ့သည်။ (မဿဲ ၁၆:၆; လုကာ ၁၂:၁) မှန်၏၊ ကျွန်ုပ်တို့သည် သတိရှိကြရမည်။ လူတို့သည် မွန်မြတ်သောရည်ရွယ်ချက်များရှိ၏ဟု အခိုင်အမာဆိုကာ ရိုးသားမှုကို ထင်ရှားအောင်ပြုသော်လည်း ကျွန်ုပ်တို့သည် လူတိုင်းကို အပေါ်ယံသာကြည့်၍ ချက်ချင်းလက်ခံမည့်အစား အတော်အသင့်သတိရှိဖို့လိုသည်။ ငွေစက္ကူအတုပျံ့နှံ့နေသည်ဟု ကျွန်ုပ်တို့သိလျှင် ကျွန်ုပ်တို့၏ငွေစက္ကူများကို အသေအချာစစ်ဆေးပြီးမှ လက်ခံယူမည်မဟုတ်ပေလော။

စစ်မှန်သောခရစ်ယာန်အသင်းတော်အတွင်း၌ပင် အရေခြုံများ ပေါ်ထွက်လာခဲ့ပြီ။ တပည့်တော်ယုဒသည် သူတို့နှင့်ပတ်သက်၍ ဤသို့သတိပေးခဲ့သည်– “မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍ လွင့်သောမိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍အသီးမတင်” သကဲ့သို့လည်းကောင်းဖြစ်ကြ၏။—ယုဒ ၁၂။

‘သတိရှိကြ’ ရန်ဟူသည် ချစ်ဟန်ပြသော်လည်း အမှန်အားဖြင့် ကိုယ်ကျိုးရှာပြီး ဘုရားသခင့်စကားတော်အပေါ် အခြေမပြုသည့်ယူဆချက်များကို တိုးပွားစေသူတစ်ဦး၏ လှည့်ဖြားခြင်းကို ရှောင်ရှားရန်ဖြစ်၏။ ငြိမ်သက်နေသောရေမျက်နှာပြင်အောက်ရှိ အချွန်အတက်များရှိသော ကျောက်ဆောင်ကဲ့သို့ ဤသူသည် သတိမရှိသူ၏ဝိညာဉ်ရေးသင်္ဘောကို ပျက်သွားစေနိုင်သည်။ (၁ တိမောသေ ၁:၁၉) အရေခြုံသူသည် ဝိညာဉ်ရေးလန်းဆန်းမှုဖြစ်စေမည်ဟု များစွာကတိပြုမည်ဖြစ်သော်လည်း ‘ရေမရှိသောမိုးတိမ်’ ပမာ ဘာမျှအကျိုးရှိမည်မဟုတ်ပေ။ အသီးမတင်သောသစ်ပင်နည်းတူ လှည့်ဖြားတတ်သူသည် စစ်မှန်သောခရစ်ယာန်အသီးများကို မသီးချေ။ (မဿဲ ၇:၁၅-၂၀; ဂလာတိ ၅:၁၉-၂၁) မှန်ပါသည်၊ ဤသို့သောလှည့်ဖြားသူများကို ကျွန်ုပ်တို့သတိထားဖို့လိုသည်။ သို့တိုင် လူတိုင်း၏စိတ်ရင်းကို သံသယမရှိဘဲ ထိုသို့ပြုလုပ်ရပေမည်။

“စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”

မစုံလင်သူလူသားများအနေနှင့် မိမိတို့၏အပြစ်များကို လျစ်လျူရှုကာ သူတစ်ပါး၏အပြစ်များကို ထောက်ပြရန် မည်မျှလွယ်ကူလိုက်လေခြင်း! သို့သော် ဤသဘောထားသည် ကျွန်ုပ်တို့ကို အရေခြုံဟန်ဆောင်သူများ အလွယ်တကူဖြစ်စေသည်။ ‘အရေခြုံသူ!’ ဟုယေရှုမိန့်ဆိုခဲ့၏။ “ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။” ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဤအကြံပြုချက်ကို လိုက်နာသင့်သည်– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းမပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ . . . ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။”—မဿဲ ၇:၁-၅။

တစ်ခါတစ်ရံ အရေခြုံပုံပေါက်သည့်အရာများကို အခြားသူများပြုလုပ်နေလျှင် သူတို့အား အရေခြုံသူများအဖြစ် အလျင်စလိုမသတ်မှတ်မိရန် ကျွန်ုပ်တို့ဂရုစိုက်ရမည်။ ဥပမာ၊ တမန်တော်ပေတရုသည် ယေရုရှလင်မြို့မှရောက်လာသော ဂျူးဧည့်သည်များ၏မျက်နှာကိုထောက်၍ အန္တိအုတ်မြို့မှ တစ်ပါးအမျိုးသား ယုံကြည်သူချင်းတို့နှင့် “မပေါင်းဝံ့။ တစ်ယောက်တခြားစီနေ၏။” ဗာနဗသည်လည်း ‘ပေတရုနှင့် အခြားသူများကဲ့သို့ ဟန်ဆောင်ခဲ့၏။’ ပေတရုသည် ခရစ်ယာန်အသင်းတော်ထဲသို့ တစ်ပါးအမျိုးသားများဝင်ခွင့်ရရှိရန် လမ်းဖွင့်ပေးခွင့် ရရှိလျက်နှင့် ယင်းသို့ပြုလုပ်ခဲ့သည်။ (ဂလာတိ ၂:၁၁-၁၄; တမန်တော် ၁၀:၂၄-၂၈၊ ၃၄၊ ၃၅) သို့သော် ဗာနဗနှင့် ပေတရုတို့သည် ဤသို့မှားခဲ့သော်လည်း သူတို့သည် ကျမ်းပြုဆရာများနှင့် ဖာရိရှဲများ သို့မဟုတ် ယုဒရှကာရုတ်တို့နှင့် တစ်တန်းတစ်စားတည်းမဟုတ်ပေ။

“မေတ္တာစိတ်သည် အရေခြုံမှုနှင့် ကင်းစေလော့”

“သင်သည် သူတစ်ပါးကို ကောင်းမှုပြုသောအခါ လူများ၏ချီးမွမ်းမှုကိုခံလိုကြသည့် ပွဲသဘင်များ၌လည်းကောင်း၊ လမ်းများပေါ်၌လည်းကောင်း ကပြသောဇာတ်မင်းသားများကဲ့သို့ သင့်ရှေ့မှာ တံပိုးခရာမှုတ်သူကို မငှားနှင့်” ဟုယေရှုသတိပေးဆုံးမခဲ့၏။ (မဿဲ ၆:၂၊ ဖိလစ်) “မေတ္တာစိတ်သည် အရေခြုံမှုနှင့်ကင်းစေလော့” ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (ရောမ ၁၂:၉၊ ကဘ) “စင်ကြယ်သောစိတ်နှလုံး၊ . . . ဟန်ဆောင်ခြင်းကင်းသော ယုံကြည်ခြင်းနှင့် . . . စပ်ဆိုင်သော ချစ်ခြင်းမေတ္တာ” ရှိရန် လူငယ်တိမောသေကို သူအားပေးခဲ့သည်။ (၁ တိမောသေ ၁:၅၊ သမ) ကျွန်ုပ်တို့၏မေတ္တာနှင့် ယုံကြည်ခြင်းသည် စစ်မှန်—ကိုယ်ကျိုးရှာခြင်း၊ လှည့်ဖြားခြင်းတို့နှင့်ကင်းစင်—မည်ဆိုလျှင် အခြားသူများက ကျွန်ုပ်တို့ကို ယုံကြည်ကိုးစားကြလိမ့်မည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိ လူတို့အတွက်လည်း တကယ်အားပေးတည်ဆောက်မှု ဖြစ်ပါလိမ့်မည်။ (ဖိလိပ္ပိ ၂:၄; ၁ ယောဟန် ၃:၁၇၊ ၁၈; ၄:၂၀၊ ၂၁) ထို့ထက်ကား ယေဟောဝါ၏မျက်နှာသာတော်ကို ကျွန်ုပ်တို့ခံစားကြရလိမ့်မည်။

အခြားတစ်ဖက်တွင်မူ အရေခြုံမှုသည် ယင်းကိုကျင့်သုံးသူများအတွက် နောက်ဆုံးတွင် သေစေနိုင်၏။ အဆုံး၌ အရေခြုံမှုသည် ပေါ်လွင်ထင်ရှားလာလိမ့်မည်။ “ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှသောအရာတို့သည်လည်း ထင်ရှားလိမ့်မည်” ဟုယေရှုခရစ်မိန့်ဆိုခဲ့၏။ (မဿဲ ၁၀:၂၆; လုကာ ၁၂:၂) ပညာရှိဘုရင်ရှောလမုန်က ဤသို့ဆိုသည်– “ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတ္တံ့။”—ဒေ. ၁၂:၁၄။

လောလောဆယ် ကျွန်ုပ်တို့သည် မိတ်ဆွေစစ်များ၏ စစ်မှန်သောမေတ္တာကိုမခံစားရသည့်အထိ အခြားသူများ၏အရေခြုံမှုကို မိမိအားထိခိုက်ရန် အဘယ်ကြောင့်ခွင့်ပြုသင့်သနည်း။ အလွန်အကျွံသံသယမဖြစ်ဘဲ ကျွန်ုပ်တို့သတိထားနိုင်ပါသည်။ အဘယ်နည်းဖြင့်မဆို ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းကို အရေခြုံမှုကင်းစင်အောင် ကြိုးပမ်းကြပါစို့။—ယာကုပ် ၃:၁၇; ၁ ပေတရု ၁:၂၂။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ကျမ်းပြုဆရာများနှင့် ဖာရိရှဲများ၏ အရေခြုံမှုကြောင့် ယေရှုခရစ်နှင့် ကိုယ်တော်၏ တပည့်တော်များထံမှ သင့်ကိုယ်ကို လှည့်ထွက်သွားစေခွင့်ပြုခဲ့မည်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ