ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၈/၁၅ စာ. ၃-၄
  • တည်ကြည်မှုကို ကပြောင်းကပြန်ရှုမြင်သည့် လောက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တည်ကြည်မှုကို ကပြောင်းကပြန်ရှုမြင်သည့် လောက
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တည်ကြည်မှုမဲ့ခြင်းကြောင့် အသေအပျောက်တိုးများလာ
  • တည်ကြည်မှု—မြင့်မားလွန်းသော စံနှုန်းလော
  • သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သစ္စာစောင့်သိသူများကို ရှုစားလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • မည်သူ့အပေါ် တည်ကြည် ရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၈/၁၅ စာ. ၃-၄

တည်ကြည်မှုကို ကပြောင်းကပြန်ရှုမြင်သည့် လောက

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့တွင်ဖြစ်သည်၊ ပူအိုက်သော သောကြာနေ့တစ်ညနေခင်းတွင် လူရွယ်တစ်ဦးသည် ညကလပ်အပြင်ဘက်၌ ရပ်နေကြသော လူငယ်တစ်စုနှင့်စုရုံးခဲ့သည်။ တစ်ခဏအကြာတွင် လူအုပ်အကြားမှ ကျယ်လောင်သောပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ နောက်ထပ်အသေခံဗုံးခွဲသူတစ်ဦးသည် အခြားလူငယ် ၁၉ ဦးတို့၏အသက်ကိုပါ ရက်ရက်စက်စက်ခြွေယူလိုက်သည်။ “ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ နေရာတကာမှာပဲ၊ အားလုံးကလည်း လူငယ်လေးတွေချည်းပဲ၊ အတော်ငယ်သေးတာ။ ကျွန်တော်တွေ့ဖူးခဲ့သမျှမှာ အဆိုးဆုံးပဲ” ဟုဆရာဝန်တစ်ဦးက သတင်းထောက်များအားပြောပြခဲ့၏။

“တည်ကြည်မှုကဲ့သို့သော လူတိုင်းအထင်ကြီးသည့် အရည်အသွေးများသည် . . . စစ်ပွဲများကို စတင်နိုင်ပြီး အဆုံးသတ်ဖို့ ပိုခက်ခဲစေသည်” ဟု သာစတန် ဘရူဝင်က လန်ဆက်တွင် ရေးသားခဲ့သည်။ မှန်ပါသည်၊ ခရစ်ယာန်ဘောင်၏ ခရူးဆိတ်စစ်ပွဲများမှအစ နာဇီဂျာမနီ၏ သိမ်းရုံးသတ်ဖြတ်ခြင်းများအထိ လူ့သမိုင်းတစ်လျှောက် တည်ကြည်မှုကိုအမည်ခံကာ များစွာသွေးစွန်း သေကျေပျက်စီးစေခဲ့ပြီ။

တည်ကြည်မှုမဲ့ခြင်းကြောင့် အသေအပျောက်တိုးများလာ

တစ်ယူသန်သော တည်ကြည်မှုသည် ပျက်စီးစေတတ်သကဲ့သို့ တည်ကြည်မှုမဲ့လျှင်လည်း လူ့ဘောင်အဖွဲ့အစည်း ပြိုကွဲနိုင်ခြင်းသည် အမှန်တကယ်ပင်ဖြစ်သည်။ တည်ကြည်မှုဟူသည် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အကြောင်းတစ်ခုကို သစ္စာစောင့်သိခြင်းဖြစ်ပြီး ထွက်ပြေးရန် သို့မဟုတ် သစ္စာဖောက်ရန် သွေးဆောင်ခံရသည့်အခါ စွဲစွဲမြဲမြဲ တည်ကြည်ခြင်းကို ဆိုလိုသည်။ လူအများစုက ဤကဲ့သို့သောတည်ကြည်မှုမျိုးကို မိမိတို့ အထင်ကြီးသည်ဟုဆိုကြသော်လည်း လူ့ဘောင်အဖွဲ့အစည်းသည် အခြေခံအကျဆုံးအဆင့်ဖြစ်သည့် မိသားစုအသိုင်းအဝိုင်းအတွင်း၌ပင် အကြီးအကျယ်တည်ကြည်မှုကင်းမဲ့နေသည်ကို တွေ့ ကြုံနေကြရသည်။ ကွာရှင်းမှုနှုန်းသည် ကိုယ့်အလိုဆန္ဒ ဖြည့်ဆည်းမှုကို အလေးထားခြင်း၊ နေ့စဉ်ဘဝအသက်တာ၏ ဖိစီးမှုများနှင့် ပျံ့နှံ့နေသည့် လိင်ဆိုင်ရာ ဖောက်ပြန်မှု၏အကျိုးဆက်တို့ကြောင့် တစ်ဟုန်ထိုး တိုးမြှင့်လာခဲ့ပြီ။ တဲလ်အဗစ်မှ ဗုံးပေါက်ကွဲမှုနည်းတူ သေကျေပျက်စီးရသူအများမှာ များသောအားဖြင့် အပြစ်မဲ့လူငယ်များဖြစ်လေ့ရှိသည်။

သတင်းတစ်ပုဒ်က “ကွာရှင်းမှု၊ ခွဲနေမှုနှင့် ကြင်ဖော်မဲ့မိဘ,ဘဝကြောင့် တိုးများလာသည့် မိသားစုမတည်ငြိမ်မှု၏ဆိုးကျိုးမှာ ကလေး၏ပညာရေး ထိခိုက်သွားခြင်းဖြစ်သည်” ဟုဆို၏။ ကြင်ဖော်မဲ့မိခင်အုပ်ထိန်းမှုအောက် မိသားစုများရှိ ယောက်ျားကလေးများသည် အထူးသဖြင့် ပညာရေးချို့ငဲ့ခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းနှင့် လူငယ်ရာဇဝတ်မှုပြုခြင်း အန္တရာယ်ရှိပုံရသည်။ နှစ်စဉ် ယူနိုက်တက်စတိတ်ရှိ ကလေးတစ်သန်းသည် မိဘများကွာရှင်းမှုကို တွေ့ကြုံနေကြရပြီး၊ မည်သည့်နှစ်တွင်မဆို ထိုနိုင်ငံရှိ ထိမ်းမြားထားသောမိဘများမှ မွေးဖွားလာသည့် ကလေးထက်ဝက်သည် အသက် ၁၈ နှစ်မတိုင်မီ မိဘများကွာရှင်းဖွယ်ရှိသည်။ ကမ္ဘာ့အခြားဒေသများမှ လူငယ်များစွာအတွက်လည်း အလားတူ ကြေကွဲဖွယ်ဆုံးရှုံးမှုကြီး ဖြစ်စရာအကြောင်းရှိသည်ဟု စာရင်းဇယားများက ဖော်ပြသည်။

တည်ကြည်မှု—မြင့်မားလွန်းသော စံနှုန်းလော

ယခု မိရိုးဖလာ သစ္စာတည်ကြည်မှုများ မရှိတော့ခြင်းကြောင့် ဘုရင်ဒါဝိဒ်၏ ဤစကားများ တစ်ခါနှင့်မျှမတူအောင် သက်ဆိုင်နေပုံပေါက်သည်– “အိုထာဝရဘုရား [ယေဟောဝါ] ကယ်တင်တော်မူပါ။ သူတော်ကောင်းမျိုးသည်ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင်ကွယ်ပျောက်ပါ၏။” (ဆာလံ ၁၂:၁) တည်ကြည်မှုမဲ့ခြင်း အဘယ်ကြောင့်ပျံ့နှံ့နေရသနည်း။ တိုင်းမ်မဂ္ဂဇင်းတွင် ရောဂျာ ရိုစန်ဘလတ် ဤသို့ရေးသားခဲ့သည်– “တည်ကြည်မှုသည် မြင့်မားသောစံနှုန်းဖြစ်သော်လည်း အားနည်းသော လူသားမျိုးနွယ်ဖြစ်သည့် ကျွန်ုပ်တို့သည် အကြောက်လွန်မှု၊ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုမဲ့ခြင်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုနှင့် ရည်မှန်းချက်ကြီးမှုတို့ကြောင့် ယင်းကို စွဲကိုင်ထားရန် မဖြစ်နိုင်ချေ။” ကျွန်ုပ်တို့အသက်ရှင်သည့် အချိန်ကာလကို ဖော်ပြရာတွင် သမ္မာကျမ်းစာက ဤသို့ပွင့်ပွင့်လင်းလင်းဆိုသည်– “လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . [တည်ကြည်မှု] ကိုဖျက်တတ်သောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၅။

လူတစ်ဦး၏ အတွေးအခေါ်နှင့် အပြုအမူများကို ဩဇာညောင်းသည့် တည်ကြည်မှုရှိခြင်း၊ သို့မဟုတ် မရှိခြင်းကို ထည့်သွင်းစဉ်းစားရာတွင် မိမိကိုယ်ကို ဤသို့မေးမြန်းနိုင်ပေသည်– ‘ကျွန်ုပ်တို့၏တည်ကြည်မှုကို မည်သူအမှန်ရထိုက်သနည်း။’ ဤမေးခွန်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးက မည်သို့တင်ပြသည်ကို သုံးသပ်ကြည့်ပါ။

[Picture Credit Line on page 3]

Photo above: © AFP/CORBIS

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ