ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၀/၁ စာ. ၂-၄
  • အကျပ်အတည်းကာလ တွင်နှစ်သိမ့်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျပ်အတည်းကာလ တွင်နှစ်သိမ့်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုးသွမ်းမှုကို ဘုရားသခင် ရှုမြင်ပုံ
  • မည်သူ့တွင် တာဝန်ရှိသနည်း
  • ကျွန်ုပ်တို့ရဲ့ “စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အမှန်ပင်ဂရုစိုက်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ဘုရားသခင်၏ တိကျမှန်ကန်သော အသိပညာက နှစ်သိမ့်မှုဖြစ်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၀/၁ စာ. ၂-၄

အကျပ်အတည်းကာလ တွင်နှစ်သိမ့်မှု

ယခုခေတ် သတင်းများသည် စိတ်သက်သာရာမရချေ။ လူတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ခြောက်နာရီသတင်းကို မကြည့်ရဲလောက်အောင် လတ်တလောသတင်းများက အလွန်ထိတ်လန့်စရာကောင်းသည်။” ဤကမ္ဘာပေါ်တွင် မကောင်းမှုများဖြစ်သည့် စစ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဆင်းရဲခက်ခဲမှု၊ ရာဇဝတ်မှုနှင့် ရောဂါတို့ ပြည့်လျှံနေသည်၊ ၎င်းတို့ကို ကျွန်ုပ်တို့လောလောဆယ် မကြုံရသေးလျှင် များမကြာမီ တွေ့ကြုံခံစားရပေမည်။

ဤအခြေအနေကို သမ္မာကျမ်းစာက အတိအကျကြိုတင်ဟောခဲ့သည်။ ကျွန်ုပ်တို့ခေတ်ကို ပုံဖော်ရာတွင် ယေရှုက စစ်ပွဲကြီးများ၊ ကာလနာများပြားခြင်း၊ အစာခေါင်းပါးခြင်းများနှင့် မြေငလျင်လှုပ်ခြင်းများ ဖြစ်လိမ့်မည်ဟု မိန့်ဆိုခဲ့သည်။ (လုကာ ၂၁:၁၀၊ ၁၁) အလားတူပင် လူတို့သည် ပြင်းထန်သောသူ၊ ငွေကိုတပ်မက်သောသူ၊ သူတော်ကောင်းကို မုန်းသောသူဖြစ်ကြလိမ့်မည့် “ခဲယဉ်းသောကာလ” အကြောင်းကို တမန်တော်ပေါလုရေးသားခဲ့၏။ ထိုကာလကို ‘နောက်ဆုံးကာလ’ ဟုသူအမည်ပေးခဲ့သည်။—၂ တိမောသေ ၃:၁-၅။

သို့ဖြစ်၍ ကမ္ဘာ့အခြေအနေများကို ဖော်ပြသော သတင်းများသည် သမ္မာကျမ်းစာကြိုဟောထားသော အဖြစ်အပျက်များနှင့် တစ်နည်းအားဖြင့် ဆင်တူ၏။ သို့သော် ဤနေရာတွင်သာ ဆင်တူသည်။ သတင်းများက မဖော်ပြသည့် ရှုထောင့်တစ်ခုကို သမ္မာကျမ်းစာက ဖော်ပြသည်။ ဘုရားသခင်၏မှုတ်သွင်းခံ ကျမ်းစာအားဖြင့် မကောင်းမှုများ အဘယ်ကြောင့် ဤမျှများပြားရကြောင်းနှင့် အနာဂတ်တွင် အဘယ်အရာဖြစ်ပျက်မည်ကိုလည်း ကျွန်ုပ်တို့ သဘောပေါက်နားလည်လာနိုင်၏။

ဆိုးသွမ်းမှုကို ဘုရားသခင် ရှုမြင်ပုံ

ကျွန်ုပ်တို့ခေတ်၏ ကြေကွဲဖွယ် အခြေအနေများကို ဘုရားသခင် မည်သို့ ရှုမြင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ လက်ရှိဆင်းရဲခက်ခဲမှုများကို ကိုယ်တော်ကြိုမြင်သော်လည်း ၎င်းတို့ကို သဘောကျတော်မူသည်မဟုတ်၊ အစဉ်အမြဲ ခွင့်ပြုထားရန်လည်း ရည်ရွယ်ထားတော်မမူပေ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုတမန်တော်ယောဟန် ရေးသားခဲ့သည်။ (၁ ယောဟန် ၄:၈) ယေဟောဝါသည် လူတို့ကို အလွန်ဂရုစိုက်ပြီး မကောင်းမှုမှန်သမျှကို ရွံမုန်းတော်မူ၏။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ သနားကြင်နာသည့်အပြင် ကမ္ဘာမြေကြီးပေါ်မှ မကောင်းမှုကို ဖယ်ရှားရန် တန်ခိုးအာဏာရှိရုံမက အလိုတော်လည်းရှိသောကြောင့် နှစ်သိမ့်မှုရရှိရန် ဘုရားသခင်ထံချဉ်းကပ်ခြင်းသည် အလွန်လျောက်ပတ်ပေ၏။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “[ဘုရားသခင်၏ခန့်အပ်ခံ ကောင်းကင်ဘုရင်သည်] ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။

သင်သည် ဆင်းရဲခက်ခဲသူများကို သနားကြင်နာပါသလော။ သနားကြင်နာပေမည်။ ကိုယ်ချင်းစာနာစိတ်သည် ကျွန်ုပ်တို့ထဲ၌ ယေဟောဝါထည့်ပေးထားသော အရည်အသွေးတစ်ခုဖြစ်၏၊ အကြောင်းမှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ထို့ကြောင့် လူတို့၏ဆင်းရဲခက်ခဲမှုကို ယေဟောဝါ စာနာထောက်ထားပေးမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ အခြားမည်သူထက်မဆို ယေဟောဝါနှင့်တရင်းတနှီးရှိခဲ့သော ယေရှုက ကျွန်ုပ်တို့ကို ယေဟောဝါအလွန်စိတ်ဝင်စားပြီး စာနာထောက်ထားမှုအပြည့်အဝရှိ၏ဟု မိန့်ဆိုခဲ့သည်။—မဿဲ ၁၀:၂၉၊ ၃၁။

ဘုရားသခင်သည် လူသားတို့ကို ဂရုစိုက်တော်မူကြောင်း ဖန်ဆင်းခြင်းကိုယ်နှိုက်က အထင်အရှားဖော်ပြ၏။ ဘုရားသခင်သည် “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၅) လုတ္တရမြို့သားများကို တမန်တော်ပေါလုက “[ဘုရားသခင်သည်] သင်တို့အား ကျေးဇူးပြုလျက် အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍ အသီးအနှံတို့ကိုသီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ” ဟုပြောခဲ့သည်။—တမန်တော် ၁၄:၁၇။

မည်သူ့တွင် တာဝန်ရှိသနည်း

လုတ္တရမြို့သားများအား ပေါလုက “ရှေးလွန်လေပြီးသောကာလတို့၌ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏” ဟုပြောခဲ့ခြင်းသည် မှတ်သားလောက်ပေသည်။ သို့ဖြစ်၍ ကြုံတွေ့ရသည့် အကျပ်အတည်းအခက်အခဲများအတွက် အဓိကတာဝန်ရှိသူမှာ လူမျိုးများ သို့မဟုတ် လူများ ကိုယ်နှိုက်ပင်ဖြစ်သည်။ ဘုရားသခင်ကို အပြစ်မတင်သင့်ချေ။—တမန်တော် ၁၄:၁၆။

မကောင်းမှုများကို ယေဟောဝါ အဘယ်ကြောင့် ဖြစ်ပျက်ခွင့်ပြုထားသနည်း။ ကိုယ်တော်သည် ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြုမည်လော။ ဤမေးခွန်းများ၏ အဖြေကို ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်သာ တွေ့ရှိနိုင်ပါသည်။ အကြောင်းမှာ ၎င်း၏အဖြေသည် ဝိညာဉ်သားတစ်ပါးနှင့် ဆက်စပ်နေ၏၊ သူ့ကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာတစ်ရပ်နှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

လူသားများ၌ ကိုယ်ချင်းစာနာစိတ်ရှိသည်။ ဘုရားသခင်လည်း လူ့ဆင်းရဲခက်ခဲမှုကို ကိုယ်ချင်းစာနာစိတ် မရှိဘဲနေမည်လော

[Picture Credit Lines on page 2]

COVER: Tank: UN PHOTO 158181/J. Isaac; earthquake: San Hong R-C Picture Company

[Picture Credit Line on page 3]

Starving child: UN PHOTO 146150 BY O. MONSEN

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ