ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၃/၁၅ စာ. ၃
  • မမေ့အပ်သော နေ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မမေ့အပ်သော နေ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ် ကိုယ်တော့်သတင်းစကားက သင့်အတွက် အကျိုးရှိပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယောဟန် ၃:၁၆—“ဘုရားသခင်သည် ... လောကီသားတို့ကို ချစ်တော်မူ၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • လူသားတို့ကိုကယ်တင်ရန်အတွက်ဘုရားသခင်လုပ်ဆောင်တော်မူခဲ့ရာများ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေရှု၏သေခြင်းသည် သင့်အဖို့ အဘယ်အဓိပ္ပာယ် ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၃/၁၅ စာ. ၃

မမေ့အပ်သော နေ့

အဆိုပါနေ့သည် လူသားတို့၏လမ်းစဉ်ကို ထာဝရအကျိုးပြုရန် လုံးဝပြောင်းလဲစေသော နေ့တစ်နေ့ဖြစ်သည်။ လူ့အနာဂတ်ကို ဤမျှအကျိုးပြုသည့်နေ့မျိုး ရာဇဝင်တွင် မရှိခဲ့ဖူးချေ။ ထိုနေ့ကား မြေကြီးပေါ်သို့ ယေရှုကြွလာရသည့် ရည်ရွယ်ချက်အားလုံးကို ပြီးမြောက်စေသည့်နေ့ဖြစ်သည်။ ညှဉ်းဆဲရာနှက်တိုင်ပေါ် ယေရှုသံရိုက်ခံရပြီး အသက်ထွက်ချိန်တွင် နောက်ဆုံးလေသံဖြင့် ကိုယ်တော်က “အမှုပြီးပြီ” ဟုကြွေးကြော်ခဲ့သည်။ (ယောဟန် ၁၉:၃၀) အဘယ်ရည်ရွယ်ချက်အတွက် ယေရှုကြွလာခဲ့သနည်း။

ကျမ်းစာကဤသို့ဆို၏– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၇၊ ၂၈) ယေရှုသည် အမွေခံရသောအပြစ်နှင့်သေခြင်းမှ လူသားတို့ကိုကယ်တင်ဖို့ မိမိ၏စိုးလ် သို့မဟုတ် အသက်ကိုစွန့်ခဲ့သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေရှု၏ပူဇော်ရာယဇ်သည် အလွန်တန်ဖိုးကြီးမားလိုက်လေခြင်း!

ယေရှုသေဆုံးသည့်နေ့ကို မမေ့အပ်သည့် အကြောင်းရင်းနောက်တစ်ခု ရှိသေးသည်။ ထိုနေ့ရက်တွင် ဘုရားသခင့်သားတော်သည် တမန်တော်များကို ဆက်၍တည်ကြည်မှုရှိစေမည့် အဖိုးတန်သင်ခန်းစာများ သွန်သင်ပေးခဲ့သည်။ ကိုယ်တော်နောက်ဆုံးပြောဆိုခဲ့သော စကားများသည် တပည့်များ၏နှလုံးကို ထိမိလိုက်မည်ဖြစ်ခြင်း! ကိုယ်တော်၏သွန်သင်ချက်များကား အဘယ်နည်း။ သူတို့ကို ယေရှုသွန်သင်ပေးခဲ့ရာများမှ ကျွန်ုပ်တို့ မည်သို့အကျိုးရရှိနိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ