ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၇/၁ စာ. ၈
  • အမွန်မြတ်ဆုံးမေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမွန်မြတ်ဆုံးမေတ္တာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သာလွန်ကောင်းမြတ်သော” မေတ္တာ “လမ်းစဉ်ကို” သင်လိုက်လျှောက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့”
    စောင့်နေကြလော့!
  • ‘ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူ၏’
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၇/၁ စာ. ၈

အမွန်မြတ်ဆုံးမေတ္တာ

ခရစ်ယာန်ဂရိကျမ်းစာစောင်များ သို့မဟုတ် ဓမ္မသစ်ကျမ်းတွင် အများဆုံးတွေ့ရသည့် “မေတ္တာ” ဟူသော စကားလုံးသည် ဂရိစကားလုံး အဂါးပေး မှပြန်ဆိုထားခြင်းဖြစ်သည်။

ထိုစကားလုံး၏အဓိပ္ပာယ်ကို ရှင်းပြရာတွင် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်းa အကိုးအကားစာအုပ်က ဤသို့ဆိုသည်– “[အဂါးပေး] သည်လူတို့ထင်သကဲ့သို့ ပုဂ္ဂိုလ်ချင်းသံယောဇဉ်တွယ်တာမှုအပေါ် အခြေခံထားသော စိတ်စွဲလမ်းမှုမဟုတ်ဘဲ လျောက်ပတ်မှန်ကန်သည့်အတိုင်း သူတစ်ပါး၏ကောင်းကွက်ကို စိတ်ရင်းမှန်ဖြင့် ရှာဖွေကာ မူ၊ တာဝန်၊ ယဉ်ကျေးဖွယ်ရာအဖြစ် တလိုတလားလုပ်ဆောင်မှုအပေါ် အခြေခံထားသော ကျင့်ဝတ် သို့မဟုတ် လူမှုရေးမေတ္တာဖြစ်၏။ အဂါးပေး (မေတ္တာ) သည်ပုဂ္ဂိုလ်ရေးမုန်းတီးမှုများကို ကျော်လွှားနိုင်သည်၊ ဖြောင့်မတ်သောမူများကို စွန့်လိုက်သည့်အထိ လူတစ်ဦးကို အမုန်းပွားကာ ဘယ်တော့မျှ လက်တုံ့ပြန်မည်မဟုတ်ချေ။”

အဂါးပေးတွင် နက်ရှိုင်းသောခံစားချက်လည်းရှိနိုင်၏။ တမန်တော်ပေတရုက “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ (အဂါးပေး) ရှိကြလော့” ဟုဆုံးမခဲ့သည်။ (၁ ပေတရု ၄:၈) သို့ဖြစ်၍ အဂါးပေးဟုဆိုရာတွင် စိတ်ရော နှလုံးပါ အကျုံးဝင်သည်။ ဤမွန်မြတ်သောမေတ္တာမျိုး၏ အစွမ်းတန်ခိုးနှင့် စွမ်းဆောင်နိုင်မှုနယ်ပယ်တို့ကို ဖော်ပြသည့် ကျမ်းချက်အချို့ကို သုံးသပ်ကြည့်ပါလေ။ အောက်ပါကိုးကားချက်များက အထောက်အကူပြုနိုင်သည်– မဿဲ ၅:၄၃-၄၇; ယောဟန် ၁၅:၁၂၊ ၁၃; ရောမ ၁၃:၈-၁၀; ဧဖက် ၅:၂၊ ၂၅၊ ၂၈; ၁ ယောဟန် ၃:၁၅-၁၈; ၄:၁၆-၂၁။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ