ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၂/၁၅ စာ. ၃
  • ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နာခံတတ်ဖို့ ယေရှု သင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါ၏ ထူးကဲသောကျေးဇူးတော်ကို သူမခံစားခဲ့ရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေရှု၏လူ့မိသားစုမှ သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၂/၁၅ စာ. ၃

ယေရှု၏မိသားစုသူတို့ကား မည်သူတို့နည်း

ကမ္ဘာ့ဒေသများစွာတွင် ဒီဇင်ဘာလအတွင်း နို့စို့သူငယ်ယေရှုအား မိခင်မာရိနှင့် မွေးစားဖခင်ယောသပ်တို့ ပိုက်ပွေ့ယုယနေသည့်မြင်ကွင်းများကို သင်တွေ့ရလေ့ရှိသည်။ ဤသို့သောမိသားစုမြင်ကွင်းများသည် ခရစ်ယာန်မဟုတ်သူများ၏အာရုံကိုပင် ဖမ်းစားပေမည်။ အဆိုပါမြင်ကွင်းများသည် ယေရှုကို အလေးပေးဖော်ပြထားသောကြောင့် သမ္မာကျမ်းစာက ယေရှု၏ လူ့မိသားစုအကြောင်း အဘယ်အရာဆိုသနည်း။

ယေရှု၏မိသားစုနောက်ခံသည် အလွန်စိတ်ဝင်စားစရာကောင်း၏။ မာရိအမည်ရှိ အပျိုစင်တစ်ဦးက ကိုယ်တော့်ကို မွေးဖွားခဲ့ရာ ကိုယ်တော်သည် လူ့မိသားစုဝင်တစ်ဦးဖြစ်လာလေ၏။ သမ္မာကျမ်းစာအရ၊ ကိုယ်တော်၏အသက်တာကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းကင်မှ မာရိ၏သားအိမ်ထဲသို့ ပြောင်းရွှေ့ပေးခဲ့သည်။ (လုကာ ၁:၃၀-၃၅) ယေရှုကို အံ့ဖွယ်နည်းဖြင့် ပဋိသန္ဓေစွဲမည်ဟု မကြေညာမီ မာရိသည် ယေရှု၏မွေးစားဖခင်ဖြစ်လာမည့် ယောသပ်နှင့် စေ့စပ်ကြောင်းလမ်းပြီးဖြစ်သည်။

ယေရှုကိုမွေးဖွားပြီးနောက် ယောသပ်နှင့်မာရိသည် နောက်ထပ်ကလေးများမွေးဖွားခဲ့သည်၊ သူတို့သည် ယေရှု၏ မိတူဖကွဲမောင်နှမများဖြစ်ကြသည်။ နောက်ပိုင်းတွင် ယေရှုအကြောင်း နာဇရက်မြို့သားများမေးခဲ့သော ဤမေးခွန်းက ထိုသို့ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်– “သူသည် လက်သမားသားမဟုတ်ပေလော။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟု ဆိုကြသည်မဟုတ်လော။ သူ့နှမများတို့သည် ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လော။” (မဿဲ ၁:၂၅; ၁၃:၅၅၊ ၅၆; မာကု ၆:၃) ယေရှု၏မိသားစုရင်းချာတွင် ကိုယ်တော်၏မိဘများ၊ ညီငယ်လေးဦးနှင့် အနည်းဆုံး ညီမငယ်နှစ်ဦးရှိကြောင်း အဆိုပါမေးခွန်းမှ ကျွန်ုပ်တို့ ကောက်ချက်ချနိုင်၏။

သို့ရာတွင် ယနေ့ လူအချို့က ယေရှု၏မောင်နှမများသည် ယောသပ်နှင့်မာရိ၏ သားသမီးများဖြစ်သည်ကို မယုံကြချေ။ အဘယ်ကြောင့်နည်း။ “မာရိသည် တစ်သက်လုံး အပျိုစင်ဖြစ်ခဲ့သည်ဟု အစောပိုင်းချာ့ချ်က သွန်သင်ပေးခဲ့သည်။ ယင်းကြောင့် မာရိတွင် နောက်ထပ်သားသမီးများ မရှိခဲ့ကြောင်း စိတ်ချနိုင်သည်” ဟုကက်သလစ်စွယ်စုံကျမ်းသစ်က ဆို၏။ “ညီများ” နှင့် “နှမများ” ဟူသည့်စကားသည် “ဘာသာတရားတစ်ခုတွင် ပါဝင်သူများ သို့မဟုတ် အခြားရင်းနှီးသူများ” သို့မဟုတ် ဆွေမျိုးများ၊ ဝမ်းကွဲမောင်နှမများဖြစ်ကောင်းဖြစ်နိုင်သည်ဟု ထိုအကိုးအကားစာအုပ်ကပင်ဆို၏။

၎င်းသည် အမှန်ပင်လော။ ကက်သလစ်ကျမ်းပညာရှင်တချို့ကပင် မိရိုးဖလာအယူဝါဒကို ငြင်းပယ်ပြီး ယေရှုတွင် မောင်နှမရင်းချာများရှိသည့်အချက်ကို ထောက်ပြကြသည်။ အမေရိကန်ကက်သလစ်ကျမ်းစာအဖွဲ့အစည်း၏ ဥက္ကဋ္ဌဟောင်း ဂျွန် ပီ. မိုင်ယာရ်က ဤသို့ရေးသားခဲ့သည်– “ဓမ္မသစ်ကျမ်းတွင် အဒယ်လ်ဖော်စ် [ညီအစ်ကို] ကို ပုံဆောင်သဘော၊ သို့မဟုတ် တင်စားမှုအဖြစ်သာ အသုံးပြုခြင်းမဟုတ်သည့်အခါ ပကတိ သို့မဟုတ် တရားဝင်ဆွေမျိုးတော်စပ်မှုကို သတ်မှတ်ရန် ညီအစ်ကိုရင်းချာ သို့မဟုတ် မိတူဖကွဲညီအစ်ကို,ကိုသာ ဆိုလိုသည်။”a မှန်ပါသည်၊ ယေရှုတွင် ယောသပ်နှင့်မာရိမွေးဖွားခဲ့သည့် မောင်နှမများရှိသည်ဟု သမ္မာကျမ်းစာက ဖော်ပြ၏။

ခရစ်ဝင်ကျမ်းများသည် ယေရှု၏တခြားဆွေမျိုးများကို ဖော်ပြထားသော်လည်း ယခု ယေရှု၏မိသားစုရင်းချာကို အာရုံစိုက်ပြီး သူတို့ထံမှ အဘယ်သင်ခန်းစာရနိုင်ကြောင်း ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

a ဂျေ. ပီ. မိုင်ယာရ်ရေးသားခဲ့သော “ယေရှု၏မောင်နှမများနှင့်ပတ်သက်၍ ဂိုဏ်းပေါင်းစုံ၏အမြင်၊” သုံးလတစ်ကြိမ်ထုတ် ကက်သလစ်ကျမ်းစာ၊ ဇန်နဝါရီ ၁၉၉၂၊ စာမျက်နှာ ၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ