ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၅/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ ကရုဏာတော်သည် စိတ်ပျက်ခြင်းမှ ကာကွယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဝိညာဉ်ရေးပုံမှန် ပြန်ဖြစ်စေသည့် ဝန်ချတောင်းပန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဘုရင်ဒါဝိဒ်ရဲ့ အပြစ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဘဝအသက်တာတွင် အပြောင်းအလဲများနှင့် ကြုံတွေ့ရသောအခါဘုရားသခင့်ဝိညာဉ်တော်ကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၅/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

သူ့သားအိမ်ရာပြစ်မှားမှုကြောင့် ဒါဝိဒ်နှင့်ဗေသရှေဘတို့ သေဒဏ်မခံရဘဲ သူတို့၏မွေးကင်းစသားလေး အဘယ့်ကြောင့်သေဆုံးရသနည်း။

“လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကိုတွေ့မိလျှင် ထိုယောက်ျားနှင့်မိန်းမနှစ်ယောက်တို့သည် အသေသတ်ခြင်းကိုခံရမည်။ ထိုသို့ [ဆိုးသော] အပြစ်ကို ဣသရေလအမျိုးမှပယ်ရှားရမည်” ဟုမောရှေပညတ်ကဆိုသည်။ (တရားဟောရာ ၂၂:၂၂) ယေဟောဝါသည် ဒါဝိဒ်နှင့်ဗေသရှေဘတို့၏အပြစ်ကို ပညတ်တရားအောက်ရှိ တရားသူကြီးများအား စီရင်စေပါက ထိုသူ့သားအိမ်ရာပြစ်မှားသူမောင်နှံသည် သေဒဏ်ခံရမည်ဖြစ်၏။ လူသားဖြစ်သူ တရားသူကြီးများသည် နှလုံးကို မသိမြင်နိုင်သောကြောင့် အပြစ်ကျူးလွန်သူ၏ အကျင့်အကြံပေါ်မူတည်ပြီး တရားစီရင်ကြပေမည်။ သူ့သားအိမ်ရာပြစ်မှားပါက သေဒဏ်သင့်မည်ဖြစ်၏။ ထိုအပြစ်ကို ဣသရေလတရားသူကြီးများ လွှတ်ငြိမ်းချမ်းသာပေးခွင့်မရှိပါ။

အခြားတစ်ဖက်တွင်မူ စစ်မှန်သောဘုရားသခင်သည် လူတို့၏နှလုံးကိုသိမြင်နိုင်ပြီး ခွင့်လွှတ်ထိုက်ကြောင်းသိမြင်ပါက ကိုယ်တော်ခွင့်လွှတ်တော်မူသည်။ ယေဟောဝါသည် ဒါဝိဒ်နှင့် ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ဖွဲ့ထားရာ ထိုကိစ္စကိုခြွင်းချက်ထားကာ ကိုယ်တော်တိုင်စီရင်ရန် ရွေးချယ်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆) “မြေကြီးတစ်ခွင်လုံး၏တရားသူကြီး” သည် ထိုသို့ရွေးချယ်ပိုင်ခွင့်ရှိ၏။—ကမ္ဘာဦး ၁၈:၂၅။

ယေဟောဝါသည် ဒါဝိဒ်၏စိတ်နှလုံးကို ဆန်းစစ်ရာတွင် အဘယ်အရာတွေ့မြင်ခဲ့သနည်း။ “ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်း၍ ပရောဖက်နာသန်၏ဆုံးမခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ” ဟူသည့် ဆာလံ ၅၁ အထက်ရှိစာတမ်းက ဒါဝိဒ်၏ခံစားချက်ကို ဖော်ပြသည်။ ဆာလံ ၅၁:၁-၄ တွင် ဤသို့ဆိုထား၏– “အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူပါ။ [မကောင်းမှု] အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏၊ ကိုယ်တော်ကိုပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီ။” ဒါဝိဒ်၏နှလုံးထဲရှိ ကြီးစွာသောနောင်တကို စစ်မှန်သောနောင်တအဖြစ် ယေဟောဝါရှုမြင်ခဲ့ရမည်ဖြစ်ပြီး အပြစ်ကျူးလွန်သူကို ကရုဏာပြသင့်သည်ဟု ဆုံးဖြတ်ခဲ့ပေမည်။ ထို့ပြင် ဒါဝိဒ်ကိုယ်တိုင် သနားကြင်နာတတ်သူဖြစ်ရာ ယေဟောဝါသည် သနားကြင်နာတတ်သူကို သနားတော်မူ၏။ (၁ ဓမ္မရာဇဝင် ၂၄:၄-၇; မဿဲ ၅:၇; ယာကုပ် ၂:၁၃) ထို့ကြောင့် ဒါဝိဒ်သည် အပြစ်ကိုဝန်ခံသည့်အခါ နာသန်က ‘အသက်တော်ကိုချမ်းသာစေခြင်းငှာ ထာဝရဘုရားသခင်သည် ကိုယ်တော်အပြစ်ကိုပယ်တော်မူပြီ’ ဟုဆို၏။—၂ ဓမ္မရာဇဝင် ၁၂:၁၃။

သို့သော် ဒါဝိဒ်နှင့်ဗေသရှေဘတို့သည် အပြစ်၏အကျိုးဆက်အားလုံးမှ လွှတ်ငြိမ်းချမ်းသာခွင့်ရမည်မဟုတ်ပါ။ ‘ဤအမှုအားဖြင့် ထာဝရဘုရားသခင်ကို မထီမဲ့မြင်ပြုသောကြောင့် ယခုရသောသားသည် ဆက်ဆက်သေရမည်’ ဟု ဒါဝိဒ်အား နာသန်လျှောက်ဆို၏။ ထို့ကြောင့် ဒါဝိဒ်သည် ခုနစ်ရက်တိုင်အစာရှောင်ပြီး ပူဆွေးငိုကြွေးခဲ့သော်လည်း သူတို့သားလေးမှာ ဖျားနာကာ သေဆုံးခဲ့လေသည်။—၂ ဓမ္မရာဇဝင် ၁၂:၁၄-၁၈

တရားဟောရာ ၂၄:၁၆ တွင် “သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ” ဟုဆိုထားရာ သားဖြစ်သူ အဘယ်ကြောင့်သေဆုံးရကြောင်း အချို့က နားမလည်နိုင်ဖြစ်နေကြသည်။ သို့သော် လူသားဖြစ်သူ တရားသူကြီးများသာ ထိုအမှုကိုစီရင်ခဲ့ပါက မိဘများအပြင် သားအိမ်တွင်းမှ မမွေးသေးသောကလေးလည်း အသက်ဆုံးကြရပေမည်။ သားဖြစ်သူသေဆုံးရခြင်းကြောင့် ဗေသရှေဘနှင့်ပြစ်မှားမိသည့် မိမိ၏အပြစ်ကို ယေဟောဝါမည်မျှမနှစ်မြို့ကြောင်း ဒါဝိဒ် ပို၍သဘောပေါက်ခဲ့ပေမည်။ ထိုအမှုကို ယေဟောဝါ တရားသဖြင့်စီရင်ခဲ့ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ကြသည်၊ အကြောင်းမှာ “ဘုရားသခင်၏နည်းလမ်းတော်သည် စုံလင်” သောကြောင့်တည်း။—၂ ဓမ္မရာဇဝင် ၂၂:၃၁၊ သမ္မာ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဒါဝိဒ်သည် စစ်မှန်သောနောင်တရခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ