ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ကောင်းကင်ဆန်စပါး”မှအကျိုးရယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သူတို့ ကတိဖျက်ကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အာရုန်ရဲ့လှံတံ ပန်းပွင့်တဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ပဋိညာဉ်သေတ္တာတော်တွင် ကျောက်ပြားနှစ်ပြားသာ ရှိသလော။ တခြားအရာများလည်း ရှိသေးသလော။

ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော် အပ်နှံချိန် ဘီစီ ၁၀၂၆ ခုနှစ်တွင် ‘ဣသရေလအမျိုးသားတို့ သည် အဲဂုတ္တုပြည်မှထွက်၍ ထာဝရဘုရားသခင်သည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူသောအခါ မောရှေသည် ဟောရပ်အရပ်၌ ရှိစဉ် သွင်းထားသောကျောက်ပြားနှစ်ပြားမှတစ်ပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။’ (၂ ရာဇဝင်ချုပ် ၅:၁၀) သို့သော် ထိုသို့ အမြဲမဟုတ်ခဲ့ချေ။

“ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သွားသောနောက် တတိယလတစ်ရက်နေ့၌ သိနာတောသို့ ရောက်ကြ၏။” (ထွက်မြောက်ရာ ၁၉:၁၊ ၂) ထို့နောက် မောရှေသည် သိနာတောင်ပေါ် တက်သွားပြီး ပညတ်တော်ကျောက်ပြား နှစ်ပြားကို ရရှိခဲ့သည်။ သူက ဤသို့ဖော်ပြ၏– ‘ငါသည်လည်းလှည့်၍ တောင်ပေါ်ကဆင်းသဖြင့် လုပ်ပြီးသောသေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍ ထာဝရဘုရားသခင် မှာထားတော်မူသည်အတိုင်း ထိုသေတ္တာထဲ၌ ယခုရှိ၏။’ (တရားဟောရာ ၁၀:၅) ထိုသေတ္တာတော်သည် ယေဟောဝါက မောရှေကို ပညတ်တော်ကျောက်ပြားများထည့်ရန် ပြုလုပ်ခိုင်းသည့် ယာယီသေတ္တာတော်ဖြစ်၏။ (တရားဟောရာ ၁၀:၁) ဘီစီ ၁၅၁၃ ခုနှစ်မကုန်မီအထိ ပဋိညာဉ်သေတ္တာတော် မရှိသေးချေ။

ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှ လွတ်မြောက်လာပြီး မကြာမီ အစားအသောက်နှင့်ပတ်သက်၍ ညည်းညူလာကြသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို မန္နမုန့် ကျွေးမွေးခဲ့သည်။ (ထွက်မြောက်ရာ ၁၂:၁၇၊ ၁၈; ၁၆:၁-၅) ထိုအချိန်တွင် အာရုန်ကို မောရှေဤသို့မိန့်မှာခဲ့သည်– ‘အိုးတစ်လုံးကိုယူ ၍ မန္နတစ်သြမဲကိုအပြည့်ထည့်ပြီးလျှင် သင်တို့လူမျိုး အစဉ်အဆက်ဖို့ စောင့်စေခြင်းငှာ ထာဝရဘုရားသခင်ရှေ့တော်၌ သိုထားလော့။’ ကျမ်းစာက ဤသို့ဖော်ပြသည်– ‘မောရှေကို ထာဝရဘုရားသခင်မှာထားတော်မူသည်အတိုင်း ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ သက်သေတော် [အရေးကြီးစာရွက်စာတမ်းများ သိမ်းဆည်းထားသည့် မော်ကွန်းတိုက်] ရှေ့မှာ သိုထားလေ၏။’ (ထွက်မြောက်ရာ ၁၆:၃၃၊ ၃၄) ထိုအချိန်တွင် အာရုန်သည် မန္နမုန့်ကို အိုးထဲထည့်ထားမည်ဖြစ်သော်လည်း သက်သေတော်ရှေ့၌ ယင်းကိုသိုထားခြင်းသည် သေတ္တာတော်ကို မောရှေပြုလုပ်ပြီး ၎င်းထဲတွင် ကျောက်ပြားများထည့်ပြီးနောက်မှဖြစ်ပေမည်။

ဖော်ပြထားပြီးသည့်အတိုင်း ဘီစီ ၁၅၁၃ ခုနှစ်အကုန်ပိုင်းတွင် ပဋိညာဉ်သေတ္တာတော်ကို ပြုလုပ်ခဲ့၏။ ကာလအတန်ကြာမှ ထိုသေတ္တာတော်တွင် အာရုန်၏လှံတံကို ထည့်ထားသည်။ ကောရနှင့်တခြားသူများ ပုန်ကန်ပြီးနောက်မှ ထိုတွင် ထည့် ခဲ့ခြင်းဖြစ်၏။ “ပဋိညာဉ်တရားသေတ္တာ . . . ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်သောအာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏” ဟု တမန်တော်ပေါလုဖော်ပြသည်။ —ဟေဗြဲ ၉:၄။

မန္နမုန့်သည် တောကန္တာရတွင် ဣသရေလလူတို့ အနှစ် ၄၀ နေထိုင်စဉ် ဘုရားသခင်ကျွေးမွေးသော မုန့်ဖြစ်သည်။ ကတိထားရာပြည် “ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့်ပေါက်ပေါက်ကို . . . စားရကြ” သည့်အခါ မန္နမုန့်ကို မပေးတော့ချေ။ (ယောရှု ၅:၁၁၊ ၁၂) အာရုန်၏လှံတံကို နိမိတ်လက္ခဏာတစ်ခုအဖြစ် သို့မဟုတ် ပုန်ကန်သောလူမျိုးဆက်အတွက် သက်သေအဖြစ် ပဋိညာဉ်သေတ္တာတော်တွင် ထည့်ထားခဲ့သည်။ ယင်းကြောင့် ထိုလှံတံသည် အနည်းဆုံး တောကန္တာရခရီးစဉ်အတွင်း သက်သေခံချက်ရှေ့၌ ရှိပုံရသည်။ သို့ဖြစ်၍ ဣသရေလလူတို့ ကတိထားရာပြည်ထဲဝင်ပြီးနောက်နှင့် ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်ကို မအပ်နှံမီ ကြားကာလတွင် အာရုန်၏လှံတံနှင့် မန္နမုန့်ထည့်ထားသော ရွှေအိုးကို ပဋိညာဉ်သေတ္တာတော်မှ ထုတ်ပစ်လိုက်သည်ဟု ကောက်ချက်ချရမည့်ပုံရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ