ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၂/၁ စာ. ၃
  • အဖြေများ ရှာဖွေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြေများ ရှာဖွေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့အဘယ်မှ လာကြသနည်း။
  • ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။
  • အနာဂတ် မည်သို့ရှိသနည်း။
  • မိဘများအတွက် ထပ်ဆင့် အကူအညီ
    နိုးလော့!—၂၀၁၉
  • အမှန်တရားကို သင်သိလိုပါသလော
    အမှန်တရားကို သင်သိလိုပါသလော
  • သင် စဉ်းစားဖူးပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၅
  • သင့်အဖြေများကို တိုးတက်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၂/၁ စာ. ၃

အဖြေများ ရှာဖွေခြင်း

“ယခင်ကမစဉ်းစားခဲ့ဖူးသော ဇိမ်ခံပစ္စည်းများဖြစ်သည့် လေအေးစက်၊ အသံအရည်အသွေးကောင်းသောစီဒီစက်နှင့် ရာသီအလိုက်ပေါ်သော လတ်ဆတ်သည့်အသီးအနှံတို့ဖြင့် ပြည့်စုံသောဘဝရရှိပြီး စားဝတ်နေရေး ‘မည်သို့’ ဖြေရှင်းရမည် ဟူသည့် မေးခွန်း ပြေလည်သွားပြီးနောက်တွင် ‘အဘယ်ကြောင့်’ ကျွန်ုပ်တို့အသက်ရှင်နေရသည်ကို စဉ်းစားစေ၏။ အဘယ်ကြောင့် ယင်းသို့သဲကြီးမဲကြီး အပြိုင်အဆိုင်လုပ်ကိုင်နေကြသနည်း။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။” —အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်၊ ဟော်လန်မြို့၊ ဟုပ်ကောလိပ်မှ စိတ်ပညာပါမောက္ခ ဒေးဗစ် ဂျီ. မိုင်ယာစ်။

ဤပါမောက္ခထုတ်ခဲ့သောမေးခွန်းများကို သင်မည်သို့ဖြေဆိုမည်နည်း။ အဖြေများရှာဖွေဖို့ အချိန်အသုံးပြုခြင်းသည် အကျိုးရှိပါမည်လောဟူ၍ အချို့သူတို့စဉ်းစားပေမည်။ သို့သော် ဤသို့သောမေးခွန်းများကို လျစ်လျူရှုရန်ကြိုးစားခြင်းသည် သင့်ဖိနပ်ရှိကျောက်စရစ်ခဲတစ်လုံးကို လျစ်လျူရှုရန်ကြိုးစားခြင်းနှင့် တူ၏၊ ရှေ့ဆက်လျှောက်နိုင်သော်လည်း သင့်ခရီးစဉ်သည် ပျော်ရွှင်မည်မဟုတ်။

ဘဝတွင် ရည်ရွယ်ချက်ရှိသည်၊ မရှိသည်ကို သင်စဉ်းစားခဲ့ဖူးသည်ဆိုလျှင် သင်တစ်ယောက်တည်း ထိုသို့စဉ်းစားဖူးသည်မဟုတ်။ လူ့စံနှုန်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်မှုပြုခဲ့ဖူးသမျှတွင် အကြီးမားဆုံးလေ့လာမှုများထဲမှတစ်ခု (World Values Survey) အရ၊ နိုင်ငံများစွာရှိ တိုးများလာနေသောလူတို့သည် “ဘဝအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်” တို့အကြောင်း စဉ်းစားနေကြသည်။

သင်သည် စစ်မှန်သောစိတ်ငြိမ်သက်မှုရလိုလျှင် အရေးကြီးသော ဤမေးခွန်းသုံးခု၏အဖြေကို သိဖို့လိုသည်။

ကျွန်ုပ်တို့အဘယ်မှ လာကြသနည်း။

ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။

အနာဂတ် မည်သို့ရှိသနည်း။

ဤအရေးကြီးသောမေးခွန်းများ၏ စိတ်ချရသောအဖြေကို  မည်သည့်နေရာတွင်  တွေ့နိုင်သနည်း။ ထင်ကြေး သို့မဟုတ် သဘောတရားအမြင်ကိုပေးမည့်အစား ဘုရားသခင့်နှုတ်မြွက်စကားတော်  သမ္မာကျမ်းစာ၌တွေ့ရသောအဖြေကို နောက်စာမျက်နှာများတွင် ဖော်ပြပါလိမ့်မည်။ သင့်တွင် ကိုယ်ပိုင်သမ္မာကျမ်းစာရှိမည်ဆိုလျှင် ယင်းကိုဖွင့်ပြီး မည်သို့ဖော်ပြထားသည်ကို သင်ကိုယ်တိုင်ကြည့်ရန် ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ