ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၆/၁ စာ. ၂၄-၂၅
  • သူသည် ကူညီလိုစိတ်ရှိခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူသည် ကူညီလိုစိတ်ရှိခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိုလ်ချုပ်ကြီးနဲ့ မိန်းကလေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အစပိုင်းမှာ ခေါင်းမာပေမယ့် နောက်တော့ နာခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ရဲစွမ်းသတ္တိရှိရှိပြောဆိုခဲ့သော မိန်းမငယ်လေးတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၆/၁ စာ. ၂၄-၂၅

သားသမီးတို့ကို သွန်သင်လော့

သူသည် ကူညီလိုစိတ် ရှိခဲ့

အသည်းအသန် ဖျားနာနေသူတစ်ယောက်ယောက်ကို ကလေးတို့ သိသလား။— သူ့ကို ကူညီဖို့ တစ်ခုခုလုပ်ပေးချင်စိတ် ဖြစ်မိသလား။— တကယ်လို့ သူက ကလေးတို့နဲ့ နိုင်ငံချင်းလည်း မတူ၊ ဘာသာချင်းလည်း မတူ ဖြစ်နေရင်ကော။ သူနေကောင်းလာအောင် ကလေးတို့ ကူညီချင်သေးသလား။— လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ နီးပါးက ဣသရေလနိုင်ငံမှာ နေထိုင်တဲ့ မိန်းကလေးတစ်ယောက်ကတော့ အဲဒီလို ကူညီပေးခဲ့တယ်။ အဲဒီတုန်းက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြောကြရအောင်။

မိန်းကလေးနေထိုင်တဲ့ ရှေးခေတ်ဣသရေလနိုင်ငံနဲ့ အိမ်နီးချင်း ရှုရိနိုင်ငံတို့က မကြာခဏ စစ်ဖြစ်လေ့ရှိတယ်။ (၃ ဓမ္မရာဇဝင် ၂၂:၁) တစ်နေ့တော့ ဣသရေလနိုင်ငံကို ရှုရိတပ်တွေ ဝင်ရောက်လာပြီး မိန်းကလေးကို သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သူ့ကို ရှုရိပြည်ကိုခေါ်သွားပြီး ရှုရိစစ်ဗိုလ်ချုပ်နေမန်ရဲ့ ဇနီးဆီမှာ အစေခံခိုင်းတယ်။ နေမန်က အသားတွေ ကြွေကျနိုင်တဲ့ နူနာရောဂါဆိုးတစ်မျိုး ခံစားနေရတယ်။

အစေခံမလေး နေမန်ရဲ့ဇနီးကို စကားပြောနေစဉ်

အစေခံမိန်းကလေးက နေမန်ရဲ့ရောဂါ ဘယ်လို ပျောက်ကင်းနိုင်တယ်ဆိုတဲ့အကြောင်း သူ့သခင်မကို ပြောပြတယ်။ ‘ကျွန်မရဲ့သခင်ဟာ ရှမာရိမြို့မှာနေတဲ့ ပရောဖက်နဲ့ တွေ့ပါစေ။ သူက သခင့်ရဲ့ နူနာရောဂါကို ပျောက်စေလိမ့်မယ်’ ဆိုပြီး ပြောပြတယ်။ ဧလိရှဲနဲ့ပတ်သက်ပြီး အစေခံမိန်းကလေးရဲ့ အပြောကြောင့် အဲဒီပရောဖက်ဟာ နူနာရောဂါကို တကယ်ကုပေးနိုင်မှာပဲဆိုတာ နေမန် ယုံကြည်သွားတယ်။ ဒီတော့ နေမန်က ရှုရိရှင်ဘုရင်ဗင်ဟာဒဒ်ရဲ့ ခွင့်ပြုချက်နဲ့ နောက်လိုက်တချို့ကို ခေါ်ပြီး ဧလိရှဲကို ရှာဖို့ မိုင်တစ်ရာကျော် ခရီးရှည် နှင်ခဲ့တယ်။

ဦးဆုံး၊ သူတို့က ဣသရေလရှင်ဘုရင် ယောရံဆီ သွားတယ်။ ပြီးတော့ နေမန်ကိုကူညီဖို့ ရေးထားတဲ့ ဘုရင်ဗင်ဟာဒဒ်ရဲ့စာကို ပြတယ်။ ဒါပေမဲ့၊ ယောရံက ယေဟောဝါကိုရော၊ ပရောဖက်ဧလိရှဲကိုပါ မယုံကြည်ဘူး။ ဗင်ဟာဒဒ်က စစ်တိုက်ချင်လို့ ရန်စတာဖြစ်မယ်ဆိုပြီး သူယူဆတယ်။ အဲဒီအကြောင်းကို ဧလိရှဲလည်းကြားရော “အဲဒီလူကို ငါ့ထံ လာပါလေစေ” ဆိုပြီး ဘုရင်ယောရံကို မှာလိုက်တယ်။ ဘုရားသခင်မှာ နေမန်ရဲ့ရောဂါဆိုးကို ကုသနိုင်တဲ့တန်ခိုး ရှိတယ်ဆိုတာ ဧလိရှဲ သက်သေထူချင်လို့ပဲ။—၄ ဓမ္မရာဇဝင် ၅:၁-၈။

ဧလိရှဲရဲ့ အိမ်ရှေ့ကို နေမန်ရဲ့မြင်းရထား ရောက်လာတဲ့အခါ သူ့ကျွန်တစ်ယောက်ကို လွှတ်ပြီး ‘ယော်ဒန်မြစ်မှာ ခုနစ်ကြိမ်တိုင်အောင် ရေချိုးပါ။ ရောဂါ ပျောက်ကင်းသွားလိမ့်မယ်’ ဆိုပြီး ပြောခိုင်းလိုက်တယ်။ ဒီတော့ နေမန် ဒေါသထွက်တာပေါ့။ ဧလိရှဲကိုယ်တိုင် ထွက်လာမယ်၊ နူနာရောဂါကို လက်နဲ့ဝှေ့ယမ်းပြီး ပျောက်ကင်းသွားအောင် လုပ်ပေးမယ်လို့ သူထင်တာလေ။ အဲဒီအစား ဒီကျွန်ကပဲ သူ့ကို ထွက်တွေ့တယ်။ ဒါကြောင့် နေမန်လည်း ဒေါသထွက်ပြီး အိမ်လှည့်ပြန်ခဲ့တယ်။—၄ ဓမ္မရာဇဝင် ၅:၉-၁၂။

ကလေးတို့သာ နေမန်ရဲ့ကျွန်တစ်ယောက်ဖြစ်မယ်ဆိုရင် ဘာလုပ်မလဲ။— ‘ခက်တဲ့အမှုကို ပြုရမယ်လို့ ပရောဖက် စီရင်မယ်ဆိုရင် လုပ်မယ်မဟုတ်လား။ ရေချိုးပြီးတော့ သန့်ရှင်းခြင်းသို့ရောက်ပါလို့ ပြောတာဆိုရင် ပိုပြီးတော့ လုပ်သင့်ပါတယ်’ ဆိုပြီး သူ့ကျွန်တွေက ပြောတယ်။ နေမန်က သူ့ကျွန်တွေရဲ့စကားကို နားထောင်ပြီး ‘ယော်ဒန်မြစ်မှာ ကိုယ်ကို ခုနစ်ကြိမ်နှစ်လိုက်တဲ့အခါ သူ့ရဲ့အသားအရေက သူငယ်ရဲ့အသားအရေလို ပြောင်းသွားတယ်။’

နေမန်က ဧလိရှဲဆီပြန်လာပြီး ‘ဣသရေလပြည်ကလွဲလို့ ဘယ်ပြည်မှာမှ ဘုရားသခင် မရှိဘူးဆိုတာ အခု ကျွန်တော် သိပါပြီ’ လို့ပြောတယ်။ ပြီးတော့ ‘ကိုယ်တော်ကျွန်က မီးရှို့ရာယဇ်အစရှိတဲ့ ဘယ်ယဇ်ကိုမှ ထာဝရဘုရားသခင်ကလွဲလို့ တခြားဘုရားသခင်ကို နောက်ထပ်မပူဇော်တော့ပါဘူး’ ဆိုပြီးတော့လည်း ဧလိရှဲကို ကတိပေးတယ်။—၄ ဓမ္မရာဇဝင် ၅:၁၃-၁၇။

ကလေးတို့ကော ယေဟောဝါရဲ့အကြောင်း၊ ယေဟောဝါ ဘာလုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့အကြောင်း တခြားသူတွေ သိလာအောင် ဣသရေလမိန်းကလေးလိုပဲ ကူညီပေးချင်သလား။— ယေရှု မြေကြီးပေါ်မှာရှိတုန်းက ကိုယ်တော်ကို ယုံကြည်တဲ့ အနူသည်တစ်ယောက်က “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်” လို့ပြောတယ်။ ယေရှု ဘယ်လို ပြန်ပြောခဲ့တယ်ဆိုတာ သိသလား။— “ငါအလိုရှိ၏” လို့ ပြန်ပြောခဲ့တယ်။ ပြီးတော့ ယေဟောဝါက နေမန်ကို ကုသပေးခဲ့သလို ယေရှုလည်း သူ့ကို ကုသပေးခဲ့တယ်။—မဿဲ ၈:၂၊ ၃။

လူတွေအားလုံး ကျန်းမာပြီး ထာဝစဉ် အသက်ရှင်နိုင်မယ့် ကမ္ဘာသစ်ကို ယေဟောဝါ လုပ်ပေးမယ့်အကြောင်း ကလေးတို့ သိသလား။— (၂ ပေတရု ၃:၁၃။ ဗျာ. ၂၁:၃၊ ၄) ဒါဆိုရင် ဒီအံ့သြစရာတွေအကြောင်း တခြားသူတွေကို ကလေးတို့ ပြောပြချင်မှာ သေချာပါတယ်။

မေးခွန်းများ–

  • မိန်းကလေးက သူ့ကို ဖမ်းခေါ်လာသူတွေရဲ့သခင် နေမန်ကို ဘယ်လို ကူညီခဲ့သလဲ။

  • အစကတော့ ဧလိရှဲရဲ့စကားကို နေမန် ဘာကြောင့် နားမထောင်သလဲ။ နောက်တော့ ဘာကြောင့် သူ စိတ်ပြောင်းသွားသလဲ။

  • ဒီမိန်းကလေးကို တုပချင်တယ်ဆိုရင် ကလေးတို့ ဘာလုပ်ချင်တဲ့စိတ် ရှိရမလဲ။

  • ယေရှု ဘာလုပ်ပေးဖို့ အလိုရှိခဲ့သလဲ။ ဘုရားသခင် ပြုလုပ်ပေးမယ့် ကမ္ဘာသစ်မှာ အသက်ရှင်ရတာ ဘာကြောင့် သိပ်ကောင်းမွန်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ