ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၆/၁ စာ. ၂၃
  • ခွင့်လွှတ်ရန် အသင့်ရှိတော်မူသော ဘုရားသခင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခွင့်လွှတ်ရန် အသင့်ရှိတော်မူသော ဘုရားသခင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခွင့်လွှတ်တတ်ဖို့ သခင့်ဆီကနေ သူသင်ယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ပေတရု လက်မလျှော့ဘဲ ကြိုးစားသလို ကြိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၆/၁ စာ. ၂၃

ဘုရားသခင်၌ချဉ်းကပ်လော့

ခွင့်လွှတ်ရန် အသင့်ရှိတော်မူသော ဘုရားသခင်

ယောဟန် ၂၁:၁၅-၁၇

‘အိုဘုရားသခင်၊ ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံပါ၏။’ (ဆာလံ ၈၆:၅၊ သမ္မာ) ယေဟောဝါသည် ရက်ရက်ရောရော ခွင့်လွှတ်တတ်သော ဘုရားသခင်ဖြစ်ကြောင်း သမ္မာကျမ်းစာက ထိုအားရှိဖွယ်စကားများဖြင့် အာမခံထားသည်။ ယေဟောဝါသည် “အထူးသဖြင့်” အပြစ်ကိုလွှတ်တော်မူကြောင်း တမန်တော်ပေတရု၏ဘဝဖြစ်ရပ်တစ်ခုတွင် အထင်အရှားတွေ့ ရှိရသည်။—ဟေရှာယ ၅၅:၇။

ပေတရုသည် ယေရှု၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သည်။ သို့တိုင် ယေရှု၏ မြေကြီးအသက်တာနောက်ဆုံးညတွင် ပေတရုသည် ကြောက်ရွံ့စိတ်ကြောင့် ကြီးလေးသောအပြစ်ကျူးလွန်ခဲ့သည်။ ယေရှုကို မတရားစစ်ဆေးသည့်နေရာအနီးရှိ ခြံဝင်းတစ်ခုတွင် ပေတရုသည် ကိုယ်တော်ကိုမသိကြောင်း တစ်ကြိမ်မက သုံးကြိမ်တိုင် လူများရှေ့တွင် ငြင်းပယ်ခဲ့သည်။ သုံးကြိမ်မြောက်ငြင်းပယ်ပြီးသည့်နောက် ယေရှုသည် “လှည့်၍ ပေတရုကိုကြည့်တော်မူ၏။” (လုကာ ၂၂:၅၅-၆၁) မိမိအား ယေရှုစိုက်ကြည့်နေစဉ် ပေတရုမည်သို့ခံစားရမည်ကို မြင်ယောင်ကြည့်ပါ။ မိမိ၏အပြစ် မည်မျှကြီးလေးကြောင်း သိရှိသွားသောအခါ ပေတရုသည် “ခေါင်းကိုခြုံ၍ ငိုကြွေးလေ၏။” (မာကု ၁၄:၇၂) နောင်တရနေသော ပေတရုသည် ထိုသို့သုံးကြိမ်တိုင်ငြင်းပယ်သောကြောင့် ဘုရားသခင်၏ခွင့်လွှတ်မှုရနိုင်ပါမည်လောဟု စဉ်းစားခဲ့ပေမည်။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုနှင့်စကားပြောသည့်အခါ ခွင့်လွှတ်ခံရပါမည်လောဟူသော သူ၏သံသယ ပျောက်လွင့်သွားမည်မှာ သေချာသည်။ ယေရှုသည် ကြမ်းတမ်းခက်ထန်သောစကား၊ အပြစ်တင်သောစကားတစ်ခွန်းမျှ မပြောဆိုခဲ့ပေ။ ယင်းအစား ‘သင်သည် ငါ့ကိုချစ်သလော’ ဟုပေတရုအား မေးလေ၏။ ပေတရုက “ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏” ဟုလျှောက်သော် ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟုမိန့်မှာသည်။ ထို့နောက် ယေရှုသည် ထိုမေးခွန်းကို ဒုတိယအကြိမ်ထပ်မေးသောအခါ ပေတရုလည်း ထပ်တူအဖြေကို ပို၍အားမာန်ပါပါဖြေဆိုခဲ့ပေမည်။ ထိုအခါ ယေရှုက “ငါ၏သိုးတို့ကိုထိန်းလော့” ဟုမိန့်တော်မူ၏။ ပြီးနောက် “သင်သည် ငါ့ကိုချစ်သလော” ဟုတတိယအကြိမ်မေးပြန်လျှင် “ပေတရုသည် စိတ်နာသဖြင့် ‘သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအမှုတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏’ ” ဟုလျှောက်သော် ယေရှုက “ငါ၏သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်မှာပြန်သည်။—ယောဟန် ၂၁:၁၅-၁၇။

ယေရှုသည် အဖြေကိုသိနှင့်ပြီးဖြစ်လျက်နှင့် အဘယ်ကြောင့် ထိုသို့မေးရသနည်း။ ကိုယ်တော်သည် စိတ်နှလုံးကိုသိမြင်နိုင်သောကြောင့် မိမိကို ပေတရုချစ်ကြောင်း သိရှိပြီးဖြစ်၏။ (မာကု ၂:၈) ထိုသို့မေးခြင်းဖြင့် ယေရှုသည် ပေတရုအား သူ၏ချစ်ခြင်းမေတ္တာကို သုံးကြိမ်တိုင် အခိုင်အမာထုတ်ဖော်ပြောဆိုရန် လမ်းဖွင့်ပေးခဲ့သည်။ ယေရှုက “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့။ . . . ငါ၏သိုးတို့ကို ထိန်းလော့။ . . . ငါ၏သိုးတို့ကို ကျွေးမွေးလော့” ဟုဆိုခြင်းဖြင့် နောင်တရနေသောတမန်တော်ကို ယုံကြည်စိတ်ချနေဆဲဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ အလွန်အဖိုးထိုက်သည့်ပိုင်ဆိုင်ရာဖြစ်သော ယေရှုချစ်ရသည့် သိုးကဲ့သို့သောတပည့်နောက်လိုက်များကို စောင့်ရှောက်ရန် ပေတရုကို ကိုယ်တော်ညွှန်ကြားနေခြင်းဖြစ်၏။ (ယောဟန် ၁၀:၁၄၊ ၁၅) ပေတရုသည် မိမိအား ယေရှု ယုံကြည်စိတ်ချဆဲဖြစ်ကြောင်း သိရှိခြင်းကြောင့် အမှန်ပင် စိတ်သက်သာရာရခဲ့သည်။

ယေရှုသည် ပေတရုကို အမှန်ပင် ခွင့်လွှတ်တော်မူသည်။ ယေရှုသည် ခမည်းတော်၏အရည်အသွေးများနှင့် နည်းလမ်းတော်များကို အပြည့်အဝတုပခဲ့သောကြောင့် ယေဟောဝါသည်လည်း ပေတရုကို ခွင့်လွှတ်ခဲ့မည်ဟု ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည်။ (ယောဟန် ၅:၁၉) ယေဟောဝါသည် နောင်တရသောအပြစ်သားတစ်ဦးကို “အပြစ်လွှတ်လိုသောသဘော” ရှိပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူ၏။ ယင်းသည် အလွန်ပင် စိတ်သက်သာမှုဖြစ်စေသည်မဟုတ်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ