ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁/၁ စာ. ၁၉
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုန္တိပိလတ်သည် ကဲသာဘုရင်ကို ကြောက်ရွံ့သင့်သည့်အကြောင်းရင်း ရှိပါသလော။
  • ပုန္တိပိလတ်ကားမည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁/၁ စာ. ၁၉

သင်သိပါသလော

ပုန္တိပိလတ်သည် ကဲသာဘုရင်ကို ကြောက်ရွံ့သင့်သည့်အကြောင်းရင်း ရှိပါသလော။

ယေရှုကိုကွပ်မျက်ရန် ရောမဘုရင်ခံပုန္တိပိလတ်ကို ဂျူးခေါင်းဆောင်များက ဖိအားပေးရာတွင် “ထိုသူကိုလွှတ်လျှင် မင်းကြီးသည် ကဲသာ၏အဆွေမဟုတ်ပါ” ဟုဆိုကြ၏။ (ယောဟန် ၁၉:၁၂) ထိုတွင်ဖော်ပြထားသော “ကဲသာ” မှာ ရောမဧကရာဇ်တိဗေရိဖြစ်သည်။ ပိလတ်သည် ထိုကဲသာဘုရင်ကို ကြောက်ရွံ့ရသည့်အကြောင်းရင်းရှိသလော။

ကဲသာဘုရင်တိဗေရိသည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ ယေရှုကို ရုံးတင်စစ်ဆေးချိန်မတိုင်မီနှစ်များကတည်းက တိဗေရိသည် “သူ၏အလိုဆန္ဒပြည့်စုံရေးကိုသာ စိတ်ဝင်စားသူ၊ သူ၏အလိုဆန္ဒပြည့်စုံရန် ညစ်စုတ်သောနည်းလမ်းများကို အသုံးပြုသူ” ဖြစ်သည်ဟု ဗြိတိန်နီကာစွယ်စုံကျမ်းသစ်က ဖော်ပြသည်။ သူသည် အလွန်သံသယများသူဖြစ်ရာ နိုင်ငံ့သစ္စာဖောက်ဟု မသင်္ကာသူမည်သူကိုမဆို နှက်တိုင်တင်၍ ကွပ်မျက်တတ်သည်။ “ဧကရာဇ်အနှစ်သက်ဆုံးဖျော်ဖြေမှုများသည် ရက်စက်ပြီး မြင်မကောင်းရှုမကောင်းဖြစ်ကြောင်း ထိုခေတ်ဝန်းကျင်တွင်အသက်ရှင်ခဲ့သော သမိုင်းပညာရှင်များ ယုံကြည်ကြသည်။ သူသဘောအကျဆုံးဖျော်ဖြေပွဲတွင်ပင် သတ်ဖြတ်လိုသူကို ရက်စက်စွာသတ်ဖြတ်ပစ်သည်” ဟုထိုစွယ်စုံကျမ်းတွင်ဖော်ပြ၏။

ပိလတ်သည် တိဗေရိ၏နာမည်ဆိုးကြောင့် ဂျူးခေါင်းဆောင်များ၏ဖိအားကို အလျှော့ပေးကာ ယေရှုကိုကွပ်မျက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပေမည်။—ယောဟန် ၁၉:၁၃-၁၆။

ယေရှုသည် တမန်တော်များ၏ ခြေကို အဘယ်ကြောင့် ဆေးပေးခဲ့သနည်း။

ရှေးအစ္စရေးနိုင်ငံတွင် သာမန်လူတန်းစားများသည် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ဖိနပ်စီးလေ့မရှိပေ။ သို့သော် ဖိနပ်စီးသူများသည် သားရေသိုင်းကြိုးပါသောဖိနပ်များ စီးကြသည်။ လမ်းနှင့်လယ်ကွင်းပြင်တို့သည် ဖုန်ထူသည် သို့မဟုတ် ရွှံ့ပေါသည်ဖြစ်ရာ သူတို့၏ခြေထောက်ညစ်ပေမည်မှာ သေချာသည်။

ထို့ကြောင့် လူတစ်ဦးသည် အိမ်ထဲမဝင်မီ ဖိနပ်ချွတ်ရသည်မှာ ထုံးစံဖြစ်သည်။ ဧည့်သည်၏ခြေကိုဆေးပေးခြင်းက ဧည့်ဝတ်ကျေပွန်ကြောင်း ဖော်ပြရာရောက်သည်။ ခြေဆေးပေးသည့်တာဝန်ကို အိမ်ရှင် သို့မဟုတ် အိမ်စေတစ်ဦးက လုပ်ဆောင်လေ့ရှိသည်။ ခြေဆေးသည့်ဓလေ့ကို ကျမ်းစာတွင် အကြိမ်ပေါင်းများစွာ ဖော်ပြထားသည်။ ဥပမာ၊ အာဗြဟံသည် မိမိတဲသို့ရောက်လာသောဧည့်သည်များကို ဤသို့ပြောသည်– “ရေအနည်းငယ်ကိုယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌လျောင်းနေကြပါလော့။ မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။”—ကမ္ဘာဦး ၁၈:၄၊ ၅; ၂၄:၃၂; ၁ ဓမ္မရာဇဝင် ၂၅:၄၁; လုကာ ၇:၃၇၊ ၃၈၊ ၄၄။

ထိုနောက်ခံအချက်အလက်က ယေရှုသည် မိမိတပည့်များနှင့်အတူ နောက်ဆုံးပသခါပွဲခံချိန်တွင် သူတို့၏ခြေကို အဘယ်ကြောင့်ဆေးပေးရကြောင်း နားလည်စေသည်။ ထိုအခါသမယတွင် ခြေဆေးပေးရန် အိမ်ရှင် သို့မဟုတ် အိမ်စေဟူ၍မရှိပါ၊ တပည့်တစ်ဦးမျှ ထိုသို့မဆေးပေးချင်ကြသည်မှာလည်း အထင်းသား။ ထို့ကြောင့် ယေရှုသည် ရေဇလုံကိုယူ၍ တပည့်များ၏ခြေကိုဆေးပေးပြီးနောက် ပဝါနှင့်သုတ်ပေးခြင်းဖြင့် မေတ္တာနှင့်နှိမ့်ချမှုရှိရန် သူတို့ကို သင်ခန်းစာပေးနေခြင်းဖြစ်၏။—ယောဟန် ၁၃:၅-၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ