ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁ စာ. ၁၆-၁၇
  • “အဆုံး” ဟူသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အဆုံး” ဟူသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်အရာအဆုံးတိုင်မည်နည်း
  • အဆုံးကို ယေရှုမည်သို့ဖော်ပြသနည်း
  • မည်သူတို့ ဖျက်ဆီးခံရမည်နည်း
  • ဤလောကစနစ်သည် အဘယ်အချိန်တွင် အဆုံးတိုင်မည်နည်း
  • သင် အဘယ်အရာလုပ်ဆောင်သင့်သနည်း
  • နိမိတ်အကြောင်း တမန်တော်တွေမေးကြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အနာဂတ်ဖြစ်ရပ်များအကြောင်း ယေရှုကြိုဟော
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁ စာ. ၁၆-၁၇

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

“အဆုံး” ဟူသည်

အဘယ်အရာအဆုံးတိုင်မည်နည်း

“ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” ဟုယေရှု၏တပည့်များက မေးလျှောက်ကြ၏။ (မဿဲ ၂၄:၃) ယေရှုသည် ထိုမေးခွန်းကိုဖြေဆိုရာတွင် ဤကမ္ဘာမြေပျက်စီးကာ အဆုံးတိုင်သွားမည်ဟု မပြောဆိုခဲ့ပါ။ ယခင်က ကိုယ်တော်သည် “ဤလောကစနစ်” အကြောင်းပြောဆိုခဲ့ပြီး စာတန်ထိန်းချုပ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးစနစ်တစ်ခုလုံးကိုရည်ညွှန်းရန် ထိုအသုံးအနှုန်းကို အသုံးပြုခဲ့သည်။ (မဿဲ ၁၃:၂၂၊ ၄၀၊ ၄၉) ထို့ကြောင့် “အဆုံးသည် ရောက်လိမ့်မည်” ဟုကိုယ်တော်ပြောဆိုသောအခါ ယင်းစနစ်၏အဆုံးကို ရည်ညွှန်းနေခြင်းဖြစ်သည်။—မဿဲ ၂၄:၁၄။

အဆုံးကို ယေရှုမည်သို့ဖော်ပြသနည်း

မတရားသောဤစနစ် ကုန်ဆုံးခြင်းသည် “သတင်းကောင်း” ဖြစ်၏။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် [ဘုရားသခင်၏]နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဟုယေရှုပြောဆိုသည်။ လက်ရှိလောကစနစ်၏အဆုံးကို ယေရှုဤသို့ဖော်ပြသည်– “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်ကာလကို တိုစေတော်မမူလျှင် မည်သူမျှ ဘေးလွတ်မည်မဟုတ်။”—မဿဲ ၂၄:၁၄၊ ၂၁၊ ၂၂။

မည်သူတို့ ဖျက်ဆီးခံရမည်နည်း

ယေဟောဝါနှင့်ယေရှုကို မချစ်သူ၊ မဝတ်ပြုသူတို့သာ ဖျက်ဆီးခံရလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင့်စကားကို မနာခံကြပါ။ “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။ . . . လူတို့သည် . . . ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်” ဟုယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၂၄:၃၆-၃၉) လူများစွာသည် ပျက်စီးခြင်းသို့ရောက်သောလမ်းပေါ်တွင် ရှိနေကြသည်ဟု ယေရှုမိန့်ဆို၏။ သို့သော် ‘အသက်ရှင်ခြင်းသို့ရောက်သောလမ်းကျဉ်း’ ရှိသည်ဟု ကိုယ်တော်ကတိပေးခဲ့သည်။—မဿဲ ၇:၁၃၊ ၁၄။

ဤလောကစနစ်သည် အဘယ်အချိန်တွင် အဆုံးတိုင်မည်နည်း

ကိုယ်တော်ရောက်ရှိနေခြင်းနှင့် “ဤလောကစနစ်နိဂုံးပိုင်း” ၏နိမိတ်အကြောင်း မေးမြန်းသောအခါ ကိုယ်တော်ဤသို့ဖြေဆိုသည်– “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းတို့သည် . . . ဖြစ်လိမ့်မည်။ . . . မတရားသောအမှုတို့သည် တိုးပွားသဖြင့် လူအများစုတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မည်။” (မဿဲ ၂၄:၃-၁၂) ထို့ကြောင့် ယနေ့ခေတ်ရှိ ဝမ်းနည်းဖွယ်သတင်းများက မကြာမီတွင် ဘုရားသခင့်အုပ်ချုပ်မှုသည် နာခံမှုရှိသူလူသားများအတွက် ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ဖော်ပြနေသည်။ “ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့” ဟုယေရှုပြောခဲ့သည်။—လုကာ ၂၁:၃၁။

သင် အဘယ်အရာလုပ်ဆောင်သင့်သနည်း

“သားတော်ကိုယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်” ဟုယေရှုဖော်ပြသည်။ (ယောဟန် ၃:၁၆) သင်သည် ဘုရားသခင်နှင့်သားတော်ကို ယုံကြည်ကြောင်းတင်ပြနိုင်ရန် သူတို့ကို ကောင်းစွာသိကျွမ်းဖို့လိုသည်။ ထို့ကြောင့် ယေရှုက “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်” ဟုဆိုခဲ့သည်။—ယောဟန် ၁၇:၃။

ဘုရားသခင်ကိုချစ်ကြောင်း တင်ပြနိုင်ပုံကို သင်ယူရာတွင် စိုးရိမ်ပူပန်မှုများနှင့်ပြဿနာများက သင့်ကို အတားအဆီးမဖြစ်စေပါနှင့်။ “သင်တို့သည် . . . ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ်သတိပြုကြလော့။ အကြောင်းမူကား ထိုနေ့ရက်သည် . . . ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်” ဟုယေရှုမိန့်ဆိုသည်။ သင်သည် ယေရှု၏သတိပေးချက်ကိုနာခံလျှင် “ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်” ပါလိမ့်မည်။—လုကာ ၂၁:၃၄-၃၆။

ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်မှ “ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော” ဟူသည့် အခန်း ၉ တွင် ကြည့်ပါ။a

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ