ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၄/၁ စာ. ၁၅
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု တကယ် အသက်ရှင်ခဲ့သလား
    နိုးလော့!—၂၀၁၆
  • နှစ်ခြိုက်စိတ်ဝင်စားဖွယ်ကောင်းသော ဂျိုစီဖတ်စ်၏သမိုင်းမှတ်တမ်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေရှုခရစ် ကမ္ဘာမြေပေါ်သက်တော်ထင်ရှားခဲ့ခြင်း သာဓက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ၃ ယေရှုနှင့်ဆိုင်သော အမှန်တရားကို သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၄/၁ စာ. ၁၅

သင်သိပါသလော

ယေရှုသည် အမှန်ပင် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သမ္မာကျမ်းစာအပြင် တခြားအထောက်အထားများ ရှိသေးသလော။

▪ ယေရှုသေပြီးနောက် ဆယ်စုနှစ်အနည်းငယ်အကြာမှ စာရေးဆရာတချို့သည် ကိုယ်တော့်အကြောင်း သတ်သတ်မှတ်မှတ် ဖော်ပြခဲ့ကြသည်။ ထိုစာရေးဆရာများအနက် တစ်ဦးမှာ ဧကရာဇ်မင်းများ ကြီးစိုးခဲ့သည့် ရောမနိုင်ငံ၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ခဲ့သော ကော်နေလီယပ်စ်တက်စီတပ်စ် ဖြစ်သည်။ အေဒီ ၆၄ တွင် ရောမ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူမှာ ဧကရာဇ်မင်းနီရို ဖြစ်သည်ဟု ကောလာဟလသတင်းများ ထွက်ခဲ့ကြောင်း တက်စီတပ်စ်က ဆိုသည်။ နီရိုသည် ခရစ်ယာန်များဟုခေါ်သော အုပ်စုတစ်စုအပေါ် အပြစ်ပုံချရန် ကြိုးစားခဲ့သည်ဟု သူဆိုသည်။ “ခရစ်တော်သည် တိဗေရိမင်း နန်းစံချိန်တွင် ဘုရင်ခံပုန္တိပိလတ်၏ အမိန့်ဖြင့် သေဒဏ်ပေးခံခဲ့ရသည်။ ထိုခရစ်ယာန်ဟူသောအမည်သည် ခရစ်တော်ကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်” ဟု တက်စီတပ်စ် ရေးခဲ့သည်။—Annals, XV, 44.

ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်ကလည်း ယေရှုအကြောင်း ဖော်ပြခဲ့သည်။ အေဒီ ၆၂ ခန့်တွင် ယုဒနယ်၏ ရောမဘုရင်ခံ ဖေတ္တုမင်း သေဆုံးချိန်နှင့် ၎င်းကို ဆက်ခံသူ အယ်လ်ဘီနပ်စ် အာဏာရယူချိန်ကြား ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ ဂျိုစီဖတ်စ်က ဤသို့ဆိုသည်– ယဇ်ပုရောဟိတ်မင်းကြီး အာနနိသည် “ဆဲန်ဟီဒရင်တရားသူကြီးများကို ဆင့်ခေါ်ပြီး ခရစ်တော်ဟုခေါ်သော ယေရှု၏ ညီတော်ယာကုပ်နှင့် အချို့ကို ခုံရုံးတင် စစ်ဆေးခဲ့သည်။”—Jewish Antiquities, XX, 200 (ix 1).

ယေရှုကို ခရစ်တော်ဟု အဘယ်ကြောင့် ခေါ်ဆိုသနည်း။

▪ ကောင်းကင်တမန် ဂါဗြေလသည် မာရိထံ ရောက်လာပြီး ကိုယ်ဝန်ဆောင်ရမည်ဖြစ်ကြောင်း သတင်းပေးကာ မွေးဖွားလာမည့်သားကို ယေရှုဟူ၍ အမည်ပေးရန် မှာကြားခဲ့သည်ဟု ခရစ်ဝင်ကျမ်းမှတ်တမ်းများက ဆိုသည်။ (လုကာ ၁:၃၁) ကျမ်းစာခေတ်တွင် ထိုအမည်ကို ဂျူးလူမျိုးတို့ အသုံးများသည်။ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်သည် ကျမ်းစာမှတ်တမ်းတွင် မပါဝင်သော ယေရှုအမည်ရှိ လူ ၁၂ ဦးအကြောင်း ရေးသားခဲ့သည်။ မာရိ၏သားကိုမူ “နာဇရက်မြို့သား” ဟူ၍ ခေါ်ဆိုလိုက်ရာ ယင်းက ကိုယ်တော်သည် နာဇရက်မြို့မှ ယေရှုဖြစ်ကြောင်း ကွဲကွဲပြားပြား သိရှိစေသည်။ (မာကု ၁၀:၄၇) ထို့ပြင် ကိုယ်တော်ကို “ခရစ်တော်” သို့မဟုတ် ယေရှုခရစ်ဟူ၍လည်း သိရှိလာကြသည်။ (မဿဲ ၁၆:၁၆) ယင်းက အဘယ်အရာကို ဆိုလိုသနည်း။

“ခရစ်တော်” [Christ] ဟူသော အင်္ဂလိပ်စကားလုံးသည် ခရစ္စတော့စ်ဟူသော ဂရိစကားလုံးမှ ဆင်းသက်လာပြီး ဟီဘရူးစကားလုံး မာရှီအာခ် (မေရှိယ) နှင့်တူသည်။ ထိုစကားလုံးနှစ်ခုစလုံးသည် “ဘိသိက်ပေးခံရသူ” ဟူသော အဓိပ္ပာယ်ရှိသည်။ ထိုအသုံးအနှုန်းကို ယေရှုမတိုင်မီက လူတချို့အတွက်လည်း ရည်ညွှန်းသုံးနှုန်းခဲ့သည်။ ဥပမာ၊ မောရှေ၊ အာရုန်နှင့် ဘုရင်ဒါဝိဒ်တို့ကိုလည်း ​ဘိသိက်ပေးခံရသူများဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ယင်းက ၎င်းတို့သည် ဘုရားသခင် ခန့်အပ်သော တာဝန်နှင့်အခွင့်အာဏာရ အနေအထားတွင်ရှိကြောင်း ဆိုလိုသည်။ (ဝတ်ပြုရာ ၄:၃; ၈:၁၂; ၂ ဓမ္မရာဇဝင် ၂၂:၅၁; ဟေဗြဲ ၁၁:၂၄-၂၆) ကြိုဟောထားသော မေရှိယဖြစ်သူ ယေရှုသည် ယေဟောဝါဘုရားသခင်၏ ဘိသိက်ပေးခံရသူများအနက် အရေးပါဆုံးဖြစ်သည်။ ထို့ကြောင့် ယေရှုသည် “ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်” ဟူသည့် ရာထူးကို ရရှိခြင်းမှာ သင့်လျော်လှသည်။—မဿဲ ၁၆:၁၆; ဒံယေလ ၉:၂၅။

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ပန်းချီဆရာ ရေးဆွဲထားသော ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်၏ပုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ