ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၃၁
  • ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲ ဝင်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲ ဝင်သင့်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့လိုသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ၅ စိတ်ရင်းမှန်တဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို ဘုရားသခင် လက်ခံ—မှန်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သင့်ဘာသာသည် တကယ်ပင် အရေးပါ၏
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၃၁

စာရှုသူများအမေး . . .

ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲ ဝင်သင့်သလား

▪ ဘာသာရေးအသင်းသားတွေမှာ တင်မကဘူး၊ ဘာသာရေးခေါင်းဆောင်တွေမှာတောင် အရေခြုံဟန်ဆောင်မှုနဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတာကို သင် စိတ်ပျက်မိတဲ့အတွက် ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲဝင်ဖို့ မဝံ့မရဲဖြစ်နေသလား။ ဒီလိုဆိုရင် “ဘုရားကျောင်းနဲ့နီးလေ၊ ဘုရားသခင်နဲ့ဝေးလေ” ဆိုတဲ့ ပြင်သစ်စကားပုံအတိုင်း သင်ခံစားရမှာဖြစ်တယ်။

‘ဘုရားသခင် နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ချင်တဲ့သူတွေဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲဝင်ရမယ်လို့ ဘုရားသခင် တကယ်ပဲ မိန့်မှာခဲ့သလား’ ဆိုပြီး သင်မေးနိုင်တယ်။

မိန့်မှာခဲ့တယ်လို့  ဖြေပါရစေ။  ဘယ်လိုလုပ်သိနိုင်မလဲ။ ဘာသာရေးအဖွဲ့အစည်းတိုင်းကို ဘုရားသခင် နှစ်သက်လက်ခံပါသလား။

ယေရှုရဲ့စံနမူနာကို သုံးသပ်ကြည့်ပါ။ ယေရှုဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုခုထဲဝင်ခဲ့သလား။ ယေရှု ငယ်ရွယ်စဉ်က မိသားစုအပြင် တခြားသူတွေနဲ့အတူ ဂျေရုဆလင်မြို့ကိုသွားပြီး ဝတ်ပြုကိုးကွယ်တဲ့ထုံးစံ ရှိခဲ့တယ်။ (လုကာ ၂:၄၁-၄၃) ယေရှု အရွယ်ရောက်လာတော့ ဂျူးတွေနဲ့အတူ ဂျူးတရားဟောရာနေရာကိုသွားပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့တယ်။ (လုကာ ၄:၁၄-၁၆) တခြားဘာသာဝင်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ယေရှုတွေ့ဆုံတဲ့အခါ “ငါတို့မူကား သိသောအရာကို ကိုးကွယ်ကြ၏” လို့ပြောခဲ့တယ်။ (ယောဟန် ၄:၂၂) ဒီစကားအရ မိမိက ဂျူးဘာသာဝင်တစ်ယောက်ဖြစ်တယ်လို့ ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။

နောက်ပိုင်းမှာ ယေရှုကို ဂျူးတွေ ငြင်းပယ်လိုက်တဲ့အတွက် သူတို့ရဲ့ ဖောက်ပြန်တဲ့ ဝတ်ပြုမှုပုံစံကို ဘုရားသခင် ငြင်းပယ်လိမ့်မယ်ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၂၃:၃၃-၂၄:၂) ဒါပေမဲ့ ဘုရားသခင် နှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ချင်တဲ့သူတွေကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုထဲ ဝင်ကြမယ်လို့ ယေရှုပြောခဲ့တယ်။ နောက်လိုက်တွေကို ယေရှုက “သင်တို့အချင်းချင်း ချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” လို့ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၅) ခရစ်တော်ရဲ့တပည့်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အချင်းချင်းမေတ္တာပြဖို့ ယုံကြည်သူချင်းတွေနဲ့ ပူးပေါင်းရမယ်။ ယေရှုက ဘာသာတရားမှာ လမ်းနှစ်လမ်းပဲရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့တယ်။ တစ်လမ်းက “ကျယ်ဝန်း” ပြီး “ပျက်စီးခြင်း” ကိုဦးတည်သွားတယ်လို့ ယေရှုဖော်ပြခဲ့တယ်။ နောက်တစ်လမ်းကျတော့ “အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့် ဂိတ်တံခါးမူကား ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့မြင်သောသူနည်းကြ၏” လို့ပြောခဲ့တယ်။—မဿဲ ၇:၁၃၊ ၁၄။

ဒါကြောင့်  ဘာသာရေးအဖွဲ့အစည်းအားလုံး  လမ်းကျဉ်းပေါ် ရှိမှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ‘ဘာသာတရားကိုင်းရှိုင်းဟန်ရှိသော်လည်း ထိုသို့ဝတ်ပြုခြင်းအကျိုးကို ငြင်းပယ်သူ’ တွေနဲ့ပူးပေါင်းမယ့်အစား “ထိုသူတို့ကို ရှောင်လော့” ဆိုပြီး ကျမ်းစာက သတိပေးတယ်။ (၂ တိမောသေ ၃:၅) ဒါပေမဲ့ အသက်ရှင်ခြင်းသို့သွားရာလမ်းပေါ် လျှောက်နေတဲ့သူတွေကို ခွဲခြားသိမြင်ပြီး သူတို့နဲ့ပူးပေါင်းခြင်းကနေ ကျွန်ုပ်တို့ အကျိုးများစွာရရှိကြတယ်။ အခုအချိန်မှာလည်း အားပေးထောက်မမှုအပြင် အနာဂတ်မျှော်လင့်ချက်လည်း ကျွန်ုပ်တို့ရရှိထားပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

ဘယ်ဘာသာရေးအဖွဲ့အစည်းက လမ်းကျဉ်းပေါ်မှာ ရှိနေတယ်ဆိုတာ သင် ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းa ဆိုတဲ့ စာအုပ်ရဲ့ အခန်း ၁၅ မှာပါတဲ့ ကျမ်းစာအခြေပြုအဖြေတွေကို သုံးသပ်ကြည့်ရင် မကောင်းဘူးလား။ ဘယ်ဘာသာရေးအဖွဲ့အစည်းထဲ သင်ဝင်ရမယ်ဆိုတာကို သမ္မာကျမ်းစာမိန့်ဆိုရာအပေါ် အခြေပြုပြီး ရွေးချယ်နိုင်ဖို့ အဲဒီစာအုပ်က သင့်ကို ကူညီပေးပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ