ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၂/၁ စာ. ၅
  • ဘုရားသခင်နဲ့ သင် ဆက်သွယ်နိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နဲ့ သင် ဆက်သွယ်နိုင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “သင်တို့၏အသနားခံချက်များကို ဘုရားသခင်အား ကြားလျှောက်ကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၂/၁ စာ. ၅
သူငယ်ချင်းတစ်ယောက်ကို ဖုန်းနဲ့ စကားပြောနေတဲ့သူ

မျက်နှာဖုံးဆောင်းပါး | ဘုရားသခင်နဲ့ သင် ခင်မင်ရင်းနှီးနိုင်သလား

ဘုရားသခင်နဲ့ သင် ဆက်သွယ်နိုင်သလား

ရင်းနှီးတဲ့မိတ်ဆွေတွေဟာ အခြေအနေပေါ်မူတည်ပြီး လူချင်းဖြစ်စေ၊ ဖုန်း၊ အီးမေးလ်၊ ဗီဒီယို၊ စာနဲ့ဖြစ်စေ ဆက်သွယ်ပြောဆိုကြတယ်။ အဲဒီလိုပဲ ဘုရားနဲ့ရင်းနှီးချင်တယ်ဆိုရင် ကိုယ်တော်နဲ့ မှန်မှန်ဆက်သွယ်ဖို့ လိုတယ်။ ဒါဆိုရင် ဘယ်လို ဆက်သွယ်မလဲ။

ယေဟောဝါဘုရားဆီ ဆုတောင်းပြီး စကားပြောနိုင်ပါတယ်။ ဘုရားသခင်ဆီ ဆုတောင်းစကားပြောဆိုတဲ့ပုံက ရွယ်တူချင်းစကားပြောဆိုပုံနဲ့တော့ တူမှာမဟုတ်ဘူး။ စကြဝဠာတစ်ခုလုံးမှာ အကြီးမြတ်ဆုံးအရှင်ဖြစ်တဲ့ ဖန်ဆင်းရှင်ဆီ ကျွန်ုပ်တို့ ဆုတောင်းနေတယ်ဆိုတာကို အသိအမှတ်ပြုရမယ်။ ဒါကြောင့် အလွန်ကြည်ညိုလေးစားတဲ့စိတ်နဲ့ ဆုတောင်းသင့်တယ် မဟုတ်လား။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်ကို ဘုရားလက်ခံဖို့ဆိုရင် ကိုယ်တော်ရဲ့တောင်းဆိုချက်တွေကိုလည်း လိုက်နာရမယ်။ တောင်းဆိုချက်တွေထဲက သုံးခုကို အောက်မှာ ဖော်ပြထားပါတယ်။

ပထမအနေနဲ့ ယေရှု၊ သူတော်စင်၊ ရုပ်ပွားတော်တွေဆီ မဟုတ်ဘဲ ယေဟောဝါဘုရားတစ်ပါးတည်းကိုပဲ ဆုတောင်းရမယ်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ကျမ်းစာမှာ ဒီလို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” (ဖိလိပ္ပိ ၄:၆) ဒုတိယအနေနဲ့ ဆုတောင်းတဲ့အခါ ဘုရားသခင့်သားတော် ယေရှုခရစ်ရဲ့ နာမည်ကနေတစ်ဆင့် တောင်းလျှောက်ရမယ်။ ယေရှုကိုယ်တိုင်က “ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၄:၆) တတိယအနေနဲ့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေဟာ ဘုရားရဲ့အလိုတော်နဲ့အညီ ဖြစ်ရမယ်။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူ” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။a—၁ ယောဟန် ၅:၁၄။

မိတ်ဆွေရင်းတွေက ဖြစ်နိုင်တဲ့အခါတိုင်း အပြန်အလှန် ဆက်သွယ်စကားပြောကြ

မိတ်ဆွေနှစ်ဦးဟာ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲချင်တယ်ဆိုရင် တစ်ယောက်တည်းကပဲ ဒိုင်ခံပြောနေလို့ မရဘူး။ အပြန်အလှန် စကားပြောဆိုဖို့ လိုအပ်တယ်။ အဲဒီလိုပါပဲ၊ ဘုရားသခင်ကို စကားပြောခွင့်ပေးပါ၊ ဒါ့အပြင် ကိုယ်တော် ပြောတဲ့စကားကိုလည်း နားထောင်ပေးရမယ်။ ဘယ်လိုနည်းနဲ့ ဘုရားသခင် စကားပြောသလဲဆိုတာကို သင် သိပါသလား။

ဒီနေ့ခေတ်မှာ သမ္မာကျမ်းစာကနေတစ်ဆင့် ယေဟောဝါဘုရား စကားပြောနေပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အဲဒီလို ဘာကြောင့် ပြောနိုင်တာလဲ။ ဥပမာ၊ သင်ဟာ မိတ်ဆွေရင်းဆီက စာတစ်စောင်ရတယ် ဆိုပါစို့။ အဲဒီစာကို ဖတ်ပြီးနောက် မိတ်ဆွေက အနားမှာမရှိပေမဲ့ သင့် ဘေးနားကနေ စကားပြောနေသလို ခံစားရတယ်မဟုတ်လား။ တကယ်တော့ ဒါက စာနဲ့ ဆက်သွယ်စကားပြောနေတာ ဖြစ်တယ်။ အဲဒီလိုပါပဲ ကျမ်းစာကို ဖတ်တာက ယေဟောဝါဘုရားပြောတာကို သင် နားထောင်နေတာဖြစ်တယ်။ ဒါကြောင့် ဆောင်းပါးအစမှာပါတဲ့ ဂျီနာက “ဘုရားရဲ့မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် ကိုယ်တော်ရဲ့ ‘စာ’ ဖြစ်တဲ့ သမ္မာကျမ်းစာကို သေသေချာချာ ဖတ်ရမယ်လို့ ကျွန်မ ထင်တယ်။ ကျမ်းစာကို နေ့တိုင်းဖတ်လေလေ ဘုရားနဲ့ ပိုပြီး ရင်းနှီးလာလေလေပဲ” ဆိုပြီး ပြောခဲ့တယ်။ သင်ဟာ ကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး ယေဟောဝါဘုရားစကားပြောနေတာကို နားထောင်သလား။ အဲဒီလိုနည်းနဲ့ နားထောင်နေမယ်ဆိုရင် ဘုရားနဲ့ ပိုပြီး ရင်းနှီးလာတယ်လို့ သင် ခံစားရပါလိမ့်မယ်။

a ဘုရားသခင်ဆီ ဆုတောင်းပြီး ဘယ်လိုရင်းနှီးနိုင်မလဲဆိုတာကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၇ ကို ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ