ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၇/၁ စာ. ၃
  • လူတိုင်း စိုးရိမ်ပူပန်နေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတိုင်း စိုးရိမ်ပူပန်နေကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၇/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး | စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပြေပျောက်နိုင်မလဲ

လူတိုင်း စိုးရိမ်ပူပန်နေကြ

“စျေးသွားဝယ်ရင် ကွတ်ကီးတွေပဲရလာတယ်။ ဒါတောင် စျေးနှုန်းက အဆ ၁၀,၀၀၀ လောက်တက်နေတာ။ နောက်တစ်နေ့လည်းကျရော စတိုးဆိုင်မှာ စားစရာဘာမှမရှိတော့ဘူး။”—ဇင်ဘာဘွေနိုင်ငံက ပေါလ်။

“ကျွန်မယောက်ျားက ကျွန်မတို့ကို စွန့်သွားတော့မယ်တဲ့။ သူမို့ လုပ်ရက်လိုက်တာ။ ဘယ်လိုအင်အားမျိုးနဲ့ ကျွန်မ တောင့်ခံရမလဲ။ ကလေးတွေရဲ့ရှေ့ရေးကို ဘယ်လိုလုပ်ရပါ့မလဲ။”—အမေရိကန်နိုင်ငံက ဂျဲနက်။

“အချက်ပေးဥသြသံလည်း မြည်လာရော ကျွန်မ ပြေးပုန်းပြီး မြေပေါ်မှာဝပ်ချလိုက်တဲ့အခိုက် ဒုံးကျည်တွေ ကောင်းကင်မှာ ပလူပျံနေတာပဲ။ တော်တော်ကြာတဲ့အထိ ကျွန်မ လက်တွေတုန်နေတုန်းပဲ။” —အစ္စရေးနိုင်ငံက အလောန်အာ။

စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ ရောဂါ၊ ဘဝအခက်အခဲတွေကြောင့် စိုးရိမ်ပူပန်နေသူတစ်ဦး

ကျွန်ုပ်တို့က “ခက်ခဲကျပ်တည်းသောကာလ” တစ်နည်းအားဖြင့် စိုးရိမ်မှုတွေပြည့်နှက်ချိန်မှာ အသက်ရှင်နေရတယ်။ (၂ တိမောသေ ၃:၁) ငွေကြေးခက်ခဲမှု၊ မိသားစုပြိုကွဲမှု၊ စစ်ပွဲ၊ သေစေနိုင်တဲ့ရောဂါတွေ၊ သဘာဝဘေးဒဏ်၊ လူတွေကြောင့်ဖြစ်တဲ့ဘေးဒဏ်တွေကြောင့် လူများစွာဟာ တုန်လှုပ်ချောက်ချားနေကြတယ်။ ဒါ့အပြင် အခုလိုလည်း စိုးရိမ်ပူပန်နေကြတယ်– ‘ငါ့ခန္ဓာကိုယ်က အကျိတ်အဖုလေးက ကင်ဆာများဖြစ်နေမလား။’ ‘ငါ့သားမြေးတွေလက်ထက်ကျရင် ဒီကမ္ဘာကြီးက ဘယ်လိုများဖြစ်နေမလဲ။’

လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ စာမေးပွဲမဖြေခင်၊ စင်ပေါ်မတက်ခင်၊ အလုပ်အင်တာဗျူးမဖြေခင် စိုးရိမ်စိတ်ဝင်တာက သဘာဝပါပဲ။ ပြီးတော့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီးကြောက်တာက ကျွန်ုပ်တို့ကို ဘေးကင်းစေတယ် မဟုတ်လား။ ဒါပေမဲ့ အလွန်အမင်းစိုးရိမ်ပူပန်တာက ဒုက္ခရောက်နိုင်ပါတယ်။ မကြာသေးခင်က လူကြီး ၆၈,၀၀၀ ကျော်ကို စစ်တမ်းကောက်ကြည့်လိုက်တော့ တော်ရုံသင့်ရုံစိုးရိမ်ပူပန်မှုကတောင် အချိန်မတန်ဘဲ အသေစောနိုင်ချေ ပိုများကြောင်း တွေ့ရတယ်။ ဒါကြောင့် ယေရှုက အကြောင်းကောင်းရှိလို့ “သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း” လို့ပြောပြီးတဲ့နောက် “မစိုးရိမ်ကြနှင့်တော့” ဆိုပြီး အကြံပေးခဲ့ပါတယ်။ (မဿဲ ၆:၂၅၊ ၂၇) ဒါပေမဲ့ အဲဒီအကြံပေးချက်က ဖြစ်နိုင်ပါ့မလား။

ဖြစ်နိုင်ဖို့ဆိုရင် လက်တွေ့ကျ ဉာဏ်ပညာကျင့်သုံးတာ၊ ဘုရားအပေါ်စစ်မှန်တဲ့ယုံကြည်ခြင်းရှိတာ၊ ခိုင်မာသေချာတဲ့ အနာဂတ်မျှော်လင့်ချက်ရှိတာတွေ လိုအပ်ပါတယ်။ လောလောဆယ်မှာ အဖြစ်ဆိုးတွေမကြုံရရင်တောင် တစ်ချိန်ချိန်မှာတော့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ပေါလ်၊ ဂျဲနက်၊ အလောန်အာတို့ကို ထောက်ကူပေးခဲ့တဲ့ အဲဒီအချက်သုံးချက်ကို သုံးသပ်ကြည့်ကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ