ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၇/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အကောင်းသည် အဆိုးကို တစ်ချိန်ချိန်တွင် အနိုင်ယူနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၇/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဆိုးသွမ်းမှု ဘယ်လိုဖြစ်ပေါ်လာတာလဲ

ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးမယ်ဆိုတဲ့ မာရ်နတ်ရဲ့ကမ်းလှမ်းချက်ကို ယေရှု ငြင်းပယ်

မကောင်းမှုလုပ်ဖို့ ယေရှုကို ကြိုးစားသွေးဆောင်ခဲ့တဲ့သူက ဘယ်သူလဲ။—မဿဲ ၄:၈-၁၀

ပုံမှန်အားဖြင့်တော့ လူတွေက အေးအေးဆေးဆေး၊ ရိုးရိုးသားသား၊ ကြင်ကြင်နာနာ နေချင်ကြတယ်။ ဒါဆို အကြမ်းဖက်မှု၊ မတရားမှု၊ ကြမ်းကြုတ်မှုတွေကို ဘာကြောင့် တွေ့ရတတ်တာလဲ။ ချောက်ချားစရာသတင်းတွေကို နေရာတကာမှာ ကြားနေရတယ်။ ဒါကြောင့် လူတွေ ဆိုးသွမ်းမှုတွေလုပ်လာအောင် တစ်ယောက်ယောက်ကများ မီးထိုးယပ်ခတ် လုပ်နေတာလား။—၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။

ဆိုးသွမ်းမှုတွေကို လုပ်ချင်စိတ်နဲ့ လူတွေကို ယေဟောဝါဘုရား ဖန်ဆင်းထားတာလား။ မဖန်ဆင်းထားပါဘူး။ လူတွေကို မိမိပုံသဏ္ဌာန်နဲ့၊ မိမိရဲ့မေတ္တာတော်ကို တုပချင်စိတ်နဲ့ ကိုယ်တော် ဖန်ဆင်းထားတာပါ။ (ကမ္ဘာဦး ၁:၂၇; ယောဘ ၃၄:၁၀) ဒါပေမဲ့ လူတွေကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်း ပေးထားပါတယ်။ လူသားတွေရဲ့ဘိုးဘေး အာဒံနဲ့ဧဝက သူတို့သဘောနဲ့သူတို့ ဆိုးသွမ်းမှုလုပ်ပြီး ဘုရားသခင်ကိုတုပဖို့ ငြင်းပယ်လိုက်တဲ့အတွက် အပြစ်ရှိတဲ့သူတွေဖြစ်ကုန်တယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံးလည်း သူတို့ဆီကနေ အပြစ်လုပ်လိုတဲ့ဆန္ဒကို အမွေရခဲ့ကြတယ်။—တရားဟောရာ ၃၂:၄၊ ၅ ကိုဖတ်ပါ။

ဆိုးသွမ်းမှုတွေ အမြဲရှိသွားမှာလား

ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဆိုးသွမ်းမှုကိုလုပ်ချင်တဲ့ ဉာဉ်ဆိုးကို တွန်းလှန်စေချင်တယ်။ (သုတ္တံ ၂၇:၁၁) ဒါကြောင့် အမှားမလုပ်မိအောင် ဘယ်လိုရှောင်ရှားနိုင်တယ်၊ စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်တယ် ဆိုတဲ့အချက်တွေကို ကိုယ်တော် သွန်သင်ပေးနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့ အပြည့်အဝ မတုပနိုင်ကြသေးပါဘူး။—ဆာလံ ၃၂:၈ ကိုဖတ်ပါ။

ခုချိန်မှာ ဆိုးသွမ်းမှုတွေ နေရာတကာမှာရှိနေတယ်။ ဒါပေမဲ့ ဘုရားသခင်က ဆိုးသွမ်းမှုကြောင့်ဖြစ်လာတဲ့ ဝမ်းနည်းဖွယ်ဆိုးကျိုးတွေကို လူတိုင်းကို သိမြင်စေချင်တဲ့အတွက် အချိန်အကန့်အသတ်နဲ့ ဆိုးသွမ်းမှုကို ခွင့်ပြုထားတာဖြစ်တယ်။ (၂ ပေတရု ၃:၇-၉) မကြာခင်မှာ ဆိုးသွမ်းမှုတွေပပျောက်သွားပြီး ဘုရားသခင်ကိုနာခံသူတွေပဲ ကမ္ဘာပေါ်မှာ ပျော်ရွှင်စွာနေထိုင်ရပါတော့မယ်။—ဆာလံ ၃၇:၉–၁၁ ကိုဖတ်ပါ။

ကျမ်းစာမေးခွန်းတွေရဲ့အဖြေကို အင်တာနက်မှာ ထပ်ဖတ်ကြည့်ပါ၊ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၃ ကိုဖတ်ကြည့်ပါ

www.pr418.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ