ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၈/၁ စာ. ၅-၆
  • သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ အသက်ပြန်ရှင်လာနိုင်မလား
  • ကောင်းကင်သွားဖို့ တချို့ အသက်ပြန်ရှင်လာကြမှာလား
  • ဘယ်သူတွေကော အသက်ပြန်ရှင်လာအုံးမှာလဲ
  • ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်လာမှာလဲ
  • သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • တစ်ခုတည်းသော ကုစားနည်း!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၈/၁ စာ. ၅-၆

မျက်နှာဖုံးဆောင်းပါး | သေလွန်သူတွေ​—အသက်ပြန်ရှင်လာနိုင်မလား

သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိပါသလား

သူတို့ အသက်ပြန်ရှင်လာနိုင်မလား

ကျမ်းစာအဖြေ– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉။

အနာဂတ်မှာ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့အခါ သင်္ချိုင်းမှာဘာမှရှိတော့မှာ မဟုတ်ဘူးလို့ ယေရှုကြိုဟောခဲ့တယ်။ ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဖာနန်ဒို ခုလိုပြောပြတယ်– “ယောဟန် ၅:၂၈၊ ၂၉ ကိုဦးဆုံးဖတ်လိုက်ရချိန်မှာ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ဒါပေမဲ့ အဲဒီကျမ်းချက်ကြောင့် ကျွန်တော် မျှော်လင့်ချက်ရှိလာတဲ့အပြင် အနာဂတ်ကို ယုံကြည်မှုအပြည့်နဲ့ တွေးတောတတ်လာပြီ။”

ရှေးခေတ်က သစ္စာရှိအမျိုးသားယောဘဟာ သူသေပြီးနောက် အသက်ပြန်ရှင်လာအောင် ဘုရားသခင်လုပ်ပေးမယ်ဆိုတာကို ယုံကြည်စိတ်ချခဲ့တယ်။ “လူသေလျှင် ရှင်ဦးမည်လော” လို့ ယောဘ မေးခွန်းထုတ်ပြီးနောက် သင်္ချိုင်းကနေ လွတ်မြောက်လာမယ့်အချိန်အထိ “စောင့်မျှော်နေပါမည်။ ကိုယ်တော်သည် အကျွန်ုပ်အား ခေါ်တော်မူသောအခါ အကျွန်ုပ်ထူးပါမည်” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တယ်။—ယောဘ ၁၄:၁၄၊ ၁၅၊ ခမ။

အသက်ပြန်ရှင်လာတဲ့ လာဇရုက သူ့အမကို ပွေ့ဖက်

လာဇရုအသက်ပြန်ရှင်လာခြင်းက ကျွန်ုပ်တို့အတွက် အနာဂတ်မျှော်လင့်ချက်ရှိစေ

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာကို လာဇရုရဲ့အမ မာသလည်း ယုံကြည်တယ်။ လာဇရုသေပြီးတဲ့နောက် ယေရှုက “သင်၏မောင်သည် ထမြောက်လိမ့်မည်” လို့ပြောတော့ မာသက “နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်ရာကာလတွင် သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” လို့ပြန်ပြောပါတယ်။ အဲဒီအခါ ယေရှုက “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်ကြောင်း တင်ပြသောသူသည် သေလွန်သော်လည်း အသက်ပြန်ရှင်လိမ့်မည်” လို့ပြောခဲ့တယ်။ (ယောဟန် ၁၁:၂၃-၂၅) ပြီးနောက် လာဇရု အသက်ပြန်ရှင်လာအောင် ယေရှု ချက်ချင်းလုပ်ပေးခဲ့တယ်။ စိတ်လှုပ်ရှားဖွယ် ဒီမှတ်တမ်းဟာ အနာဂတ်မှာဖြစ်ပျက်လာမယ့် အံ့ချီးဖွယ်ဖြစ်ရပ်တွေရဲ့ အကြိုမြင်ကွင်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာကို မြင်ယောင်ကြည့်လိုက်ပါ။

ကောင်းကင်သွားဖို့ တချို့ အသက်ပြန်ရှင်လာကြမှာလား

ကျမ်းစာအဖြေ– ယေရှုရဲ့ အသက်ပြန်ရှင်လာခြင်းက ကျမ်းစာမှာပါတဲ့ သေလွန်သူရှစ်ဦးရဲ့ အသက်ပြန်ရှင်လာခြင်းနဲ့ မတူပါဘူး။ သူတို့က ကမ္ဘာမြေကြီးပေါ်မှာနေထိုင်ဖို့ အသက်ပြန်ရှင်လာကြတာဖြစ်တယ်။ ယေရှုအသက်ပြန်ရှင်လာခြင်းအကြောင်း ကျမ်းစာမှာ အခုလိုဖတ်ရတယ်– “[ယေရှုခရစ်သည်] ကောင်းကင်သို့တက်ကြွ၍ ဘုရားသခင်၏လက်ယာဘက်၌ ရှိတော်မှု၏။” (၁ ပေတရု ၃:၂၁၊ ၂၂) ဒါဆိုရင် ကောင်းကင်သွားဖို့ ယေရှုတစ်ဦးတည်းပဲ အသက်ပြန်ရှင်လာတာလား။ မဟုတ်ပါဘူး။ “ငါသည် သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးလျှင် တစ်ဖန်ပြန်လာမည်။ ငါရှိရာအရပ်၌ သင်တို့ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်” လို့ တပည့်တွေကို ယေရှု မသေခင်မှာ ပြောခဲ့တယ်။—ယောဟန် ၁၄:၃။

ယေရှုက ကောင်းကင်တက်သွားပြီးတဲ့နောက် တပည့်တချို့ကိုခေါ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်။ ကောင်းကင်သွားဖို့ အသက်ပြန်ရှင်လာမယ့်သူ အရေအတွက်က ၁၄၄,၀၀၀ ရှိမှာဖြစ်တယ်။ (ဗျာဒိတ် ၁၄:၁၊ ၃) သူတို့က ကောင်းကင်မှာ ယေရှုနဲ့အတူ ဘာတွေလုပ်ဆောင်ကြမှာလဲ။

သူတို့မှာ လုပ်စရာတွေ အများကြီးရှိတယ်။ ကျမ်းစာမှာ အခုလိုပြောထားပါတယ်– “ပထမထမြောက်ခြင်း၌ ပါဝင်သောသူ မည်သူမဆို ပျော်ရွှင်၏၊ သန့်ရှင်း၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် အခွင့်အာဏာမရှိ။ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်။” (ဗျာဒိတ် ၂၀:၆) ကောင်းကင်သွားဖို့ အသက်ပြန်ရှင်လာတဲ့သူတွေက ဘုရင်၊ ပုရောဟိတ်အဖြစ် ခရစ်တော်နဲ့အတူ ကမ္ဘာကို အုပ်ချုပ်သွားမှာဖြစ်တယ်။

ဘယ်သူတွေကော အသက်ပြန်ရှင်လာအုံးမှာလဲ

ကျမ်းစာအဖြေ– ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ တမန်တော်ပေါလု ဒီလိုရေးသားခဲ့တယ်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ ကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၄:၁၅။

ဘုရားပေးကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာတဲ့မိန်းကလေးကို ပွေ့ဖက်နေတဲ့အမျိုးသမီး

ယေဟောဝါဘုရားကို ကိုးကွယ်သူအားလုံးက ကျန်းမာပျော်ရွှင်စွာ ထာဝစဉ်အသက်ရှင်ခွင့်ရပါလိမ့်မယ်

“ဖြောင့်မတ်သောသူ” တွေလို့ ပေါလုပြောတဲ့ အုပ်စုထဲမှာ ဘယ်သူတွေပါသလဲ။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ရှေးခေတ်က သစ္စာရှိသူဒံယေလ သေဆုံးခါနီးမှာ သူ့ကို ဒီလိုပြောခဲ့တယ်– “ငြိမ်ဝပ်စွာ အိပ်နေလော့။ နေ့ရက်ကာလကုန်ပြီးမှ ကိုယ့်ဝေပုံကိုခံရန် ထမြောက်ရလိမ့်မည်။” (ဒံယေလ ၁၂:၁၃၊ သမ္မာ) သေခြင်းမှာအိပ်ပျော်နေတဲ့ ဒံယေလက ဘယ်နေရာမှာ နိုးထလာမှာလဲ။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“ကမ္ဘာမြေ၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဒါ့အပြင် ယေရှုကလည်း “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်” လို့ ကြိုဟောခဲ့တယ်။ (မဿဲ ၅:၅) ဒံယေလနဲ့ ရှေးခေတ်သစ္စာရှိ အမျိုးသားအမျိုးသမီးတွေဟာ ကမ္ဘာမြေပေါ်မှာ ထာဝစဉ်နေထိုင်ဖို့ အသက်ပြန်ရှင်လာပါလိမ့်မယ်။

“မဖြောင့်မတ်သောသူ” တွေလို့ ပေါလုပြောတဲ့အုပ်စုထဲမှာ ဘယ်သူတွေပါသလဲ။ ကျမ်းစာအမှန်တရားကို မသိတဲ့အပြင် လိုက်လျှောက်ခွင့်မရဘဲ သေဆုံးသွားတဲ့ သန်းပေါင်းများစွာသောလူတွေ ပါဝင်တယ်။ သူတို့အသက်ပြန်ရှင်လာတဲ့အခါ ယေဟောဝါဘုရားaနဲ့ ယေရှုအကြောင်း သိရှိနားလည်ခွင့် ရပါလိမ့်မယ်။ (ယောဟန် ၁၇:၃) သူတို့ထဲက ယေဟောဝါဘုရားကို ဝတ်ပြုမယ့်သူတွေပဲ ထာဝစဉ်အသက်ရှင်ခွင့် ရပါလိမ့်မယ်။

သေဆုံးသွားတဲ့ သန်းပေါင်းများစွာသော လူတွေဟာ အသက်ပြန်ရှင်လာမယ်လို့ ကျမ်းစာမှာအာမခံထား

ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်လာမှာလဲ

ကျမ်းစာအဖြေ– ဘုရားသခင်က “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။” (ဗျာဒိတ် ၂၁:၄) “သူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁။

ကိုယ်ချစ်ရတဲ့သူတွေ အသက်ပြန်ရှင်လာပြီး အဲဒီလိုအခြေအနေမျိုးအောက်မှာ အသက်ရှင်ရမှာကို စိတ်ကူးကြည့်ပါ။ ဒါပေမဲ့ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်ဆိုတာကို ဘယ်လိုလုပ် ယုံနိုင်မလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ဘုရားသခင်ရဲ့ နာမည်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ