ဘုရားသခင့်နိုင်ငံတော်မှာ လူတွေဟာ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။” —ဆာလံ ၃၇:၁၁။
သမ္မာကျမ်းစာ သွန်သင်ရာ
စိုးရိမ်ပူပန်စရာတွေ လျော့နည်းအောင် ကျမ်းစာ ကူညီပေးနိုင်သလား
သင် ဘယ်လို ထင်ပါသလဲ
- ကူညီနိုင် 
- မကူညီနိုင် 
- ကူညီကောင်းကူညီနိုင် 
ကျမ်းစာ သွန်သင်ရာ
“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။” (၁ ပေတရု ၅:၇) စိုးရိမ်ပူပန်စရာတွေ လျော့နည်းအောင် ဘုရားသခင် ကူညီပေးနိုင်တယ်လို့ ကျမ်းစာ အာမခံထားတယ်။
ကျမ်းစာမှ နောက်ထပ်သိရှိနိုင်ရာများ
- ဆုတောင်းခြင်းအားဖြင့် “ဘုရားသခင့်ငြိမ်သက်ခြင်း” ခံစားရပြီး စိုးရိမ်စရာတွေ လျော့နည်းသွားနိုင်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇။ 
- ကျမ်းစာဖတ်ရှုခြင်းကလည်း ဖိစီးမှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။—မဿဲ ၁၁:၂၈-၃၀။ 
စိုးရိမ်ပူပန်မှုကင်းတဲ့ဘဝ ရနိုင်ပါဦးမလား
လူတချို့ ယုံကြည်ရာ . . .
အသက်ရှင်နေသရွေ့ စိုးရိမ်ပူပန်မှုနဲ့ ဖိစီးမှုတွေ ရှိနေမှာပဲ။ သေမှပဲ စိုးရိမ်ပူပန်စရာတွေကနေ လွတ်ကင်းနိုင်မယ်လို့ ယုံကြည်သူတွေလည်း ရှိတယ်။ သင် ဘယ်လို ထင်ပါသလဲ။
ကျမ်းစာ သွန်သင်ရာ
စိုးရိမ်ပူပန်စရာတွေကို ဘုရားသခင် ဖယ်ရှားပေးမယ်။ “သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။
ကျမ်းစာမှ နောက်ထပ်သိရှိနိုင်ရာများ
- ဘုရားသခင့်နိုင်ငံတော်မှာ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရမယ်။—ဟေရှာယ ၃၂:၁၈။ 
- စိုးရိမ်ပူပန်စရာတွေ၊ ဖိစီးမှုတွေကို သတိရတော့မှာ မဟုတ်ဘူး။—ဟေရှာယ ၆၅:၁၇။