သင် ဒုက္ခရောက်တဲ့အခါ ဘုရား ဘယ်လို ခံစားရသလဲ
လူတချို့က ဘုရား မမြင်ဘူး၊ ဂရုမစိုက်ဘူးလို့ ယူဆကြတယ်။
ကျမ်းစာပြောတာကို သုံးသပ်ကြည့်ပါ
- ဘုရား မြင်တယ်၊ ဂရုစိုက်တယ် - ‘ကမ္ဘာပေါ်မှာ လူတွေ သိပ်ဆိုးသွမ်းနေတာကို ယေဟောဝါ မြင်တဲ့အခါ စိတ်မကောင်းဖြစ်တယ်၊ စိတ်ထိခိုက်တယ်။’—ကမ္ဘာဦး ၆:၅၊ ၆။ 
- ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်စေမယ် - “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁။ 
- သင့်အတွက် ဘုရား အလိုတော် - “ယေဟောဝါ ပြောတာက ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။ မင်းတို့က ငါ့ကို ခေါ်ကြလိမ့်မယ်။ ငါ့ဆီ ဆုတောင်းကြလိမ့်မယ်။ ငါကလည်း မင်းတို့ပြောတာကို နားထောင်မယ်။’”—ယေရမိ ၂၉:၁၁၊ ၁၂။ - “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာကုပ် ၄:၈။