ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ မေ စာ. ၃၂
  • စပါးရိတ်စရာ များစွာရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စပါးရိတ်စရာ များစွာရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ပါရဂွေးနိုင်ငံတွင် သီးခြားရပ်ကွက်၌အမှုဆောင်ခြင်းမှ အသီးသီးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ မေ စာ. ၃၂
၂၀၁၂၊ ယူကရိန်းနိုင်ငံ၊ ညှာယက်အက်ပ်ရှာမြို့ ခရိုင်အစည်းအဝေး

၂၀၁၂၊ ယူကရိန်းနိုင်ငံ၊ ညှာယက်အက်ပ်ရှာမြို့ ခရိုင်အစည်းအဝေး

စပါးရိတ်စရာ များစွာရှိ

ယေရှုက နောက်ဆုံးကာလမှာ ရိတ်သိမ်းစရာ များစွာရှိလိမ့်မယ်လို့ နောက်လိုက်တွေကို ကြိုပြောခဲ့တယ်။ (မ. ၉:၃၇။ ၂၄:၁၄) ဒီစကားတွေ ဘယ်လောက်မှန်တယ်ဆိုတာကို ယူကရိန်းနိုင်ငံ၊ ထရန်စကာပါသီယားဒေသမှာ တွေ့နိုင်တယ်။ အဲဒီဒေသက မြို့သုံးမြို့မှာ အသင်းတော် ၅၀ ရှိနေပြီး ကြေညာသူ ၅,၄၀၀ ကျော် ရှိနေတယ်။a ယေဟောဝါသက်သေတွေဟာ အဲဒီမြို့သုံးမြို့က လူဦးရေရဲ့ ၄ ပုံ ၁ ပုံလောက် ရှိနေတယ်။

ဒေသခံတွေက ဘယ်လို လူတွေလဲ။ “လူတွေဟာ ကျမ်းစာကို လေးမြတ်တယ်။ တရားမျှတတာကို တန်ဖိုးထားတယ်။ မိသားစု စည်းလုံးကြတယ်။ ရိုးသားပြီး ကူညီရိုင်းပင်းတတ်ကြတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အမြဲသဘောတူတာတော့ မဟုတ်ပေမဲ့ ကျမ်းစာထဲကနေ ဖတ်ပြရင်တော့ ဂရုတစိုက် နားထောင်ကြတယ်” လို့ ဒေသခံညီအစ်ကို ဗာစီလီ ပြောပြတယ်။

ကြေညာသူများတဲ့ ဒီဒေသမှာ ထူးခြားတဲ့ တခြားစိန်ခေါ်မှုတွေကို ညီအစ်ကို/မတွေ ကြုံရတယ်။ ဥပမာ၊ အသင်းတော်တစ်ခုမှာ ကြေညာသူ ၁၃၄ ယောက်ရှိပြီး အိမ်ခြေ ၅၀ လောက်ပဲ ရှိတယ်။ ဒီအခြေအနေကို ကြေညာသူတွေ ဘယ်လို ကိုင်တွယ်ကြသလဲ။

ညီအစ်ကို/မများစွာဟာ ပိုလိုအပ်တဲ့နေရာတွေမှာ သွားပြီး ဟောပြောကြတယ်။ အသက် ၉၀ ရှိတဲ့ ညီအစ်ကို ယိုနက်ရှ်က “ကျွန်တော်တို့ အသင်းတော်ရပ်ကွက်မှာ ကြေညာသူနဲ့ အိမ်ခြေက ၁ အချိုး ၂ ဖြစ်နေတယ်။ အခုတော့ ကျန်းမာရေးမကောင်းလို့ ဒီရွာမှာပဲ ဟောတယ်။ အရင်ကဆို မိုင် ၁၀၀ လောက်ဝေးတဲ့ မခန့်အပ်ရသေးတဲ့ ရပ်ကွက်ကို သွားပြီး ဟန်ဂေရီစကားနဲ့ ဟောတယ်” လို့ ပြောတယ်။ ကြေညာသူတွေဟာ တခြားရပ်ကွက်တွေမှာ သွားဟောပြောနိုင်ဖို့ စွန့်လွှတ်အနစ်နာခံကြတယ်။ ယိုနက်ရှ်က “ရထားမီဖို့ မနက် ၄:၀၀ နာရီမှာ ထရတယ်။ ရထားပြန်ထွက်တဲ့ ညနေ ၆:၀၀ နာရီအထိ ဟောတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်လောက် အဲဒီလို လုပ်တယ်” လို့ပြောတယ်။ လုပ်ရကျိုးနပ်ရဲ့လား။ “ဒီလို သွားပြီး အမှုဆောင်ရတာ သိပ်ပျော်တာပဲ။ သီးခြားဖြစ်နေတဲ့ မိသားစုတစ်စုကို အမှန်တရား သိလာအောင် ကူညီပေးခွင့်ရခဲ့တယ်” လို့ ဆက်ပြောတယ်။

အသင်းတော်တွေမှာ ရှိတဲ့သူအားလုံး ခရီးဝေး သွားနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ကြေညာသူအားလုံး ကိုယ့်အသင်းတော်ရပ်ကွက်မှာ စေ့စေ့စပ်စပ် ဟောပြောကြတယ်။ ရလဒ်အနေနဲ့ ၂၀၁၇၊ အောက်မေ့ရာပွဲမှာ တက်ရောက်သူ စုစုပေါင်းက ကြေညာသူအရေအတွက်ရဲ့ ၂ ဆနီးပါး၊ မြို့သုံးမြို့ပေါင်း လူဦးရေရဲ့ ထက်ဝက် ရှိတယ်။ ဒါကြောင့် ဘယ်နေရာမှာပဲ အမှုဆောင်ပါစေ ‘သခင့်အလုပ်မှာ လုပ်စရာအများကြီး’ ရှိနေဆဲပါ။—၁ ကော. ၁၅:၅၈။

a မြို့သုံးမြို့က ဟဲဘိုကီ ပိုတစ်၊ ဆီရက်နေ ဗိုဒိုင်ယာနီ၊ ညှာယက်အက်ပ်ရှာတို့ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ