ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဒီဇင်ဘာ စာ. ၉
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါဟာ ထောက်ထားစာနာသူ ဖြစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • “ကျွန်တော်က သူ့ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ပြောဆိုခဲ့တယ်”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးချယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဒီဇင်ဘာ စာ. ၉

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ကျွန်တော်တို့ကို ဘုရား စာနာကြောင်း ဘယ်ကျမ်းစာ အထောက်အထား ရှိသလဲ။

အီဂျစ်ပြည်မှာ ရှေးအစ္စရေးလူမျိုး ကျွန်ခံရတဲ့အခါ သူတို့ရဲ့ ဒုက္ခကို ဘုရား သိပြီး ကိုယ်တိုင် နာကျင်ခံစားခဲ့တယ်။ (ထွ. ၃:၇။ ဟေရှာ. ၆၃:၉) ဘုရားသခင့် ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရလို့ ကျွန်တော်တို့မှာ စာနာနိုင်စွမ်း ရှိတယ်။ ဘုရားမေတ္တာနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရရင်တောင် ဘုရား စာနာပေးတယ်။—ကလ၁၈.၃၊ စာ. ၈-၉။

ယေရှုရဲ့ သွန်သင်ချက်တွေက ခွဲခြားစိတ်ကို အနိုင်ယူဖို့ ဘယ်လို ကူညီပေးသလဲ။

ယေရှုခေတ်က ဂျူးများစွာမှာ ခွဲခြားစိတ် ရှိတယ်။ နှိမ့်ချမှု လိုအပ်ကြောင်း ခရစ်တော် အလေးပေးပြောပြီး လူမျိုးဂုဏ်မောက်တာကို ပြစ်တင်ရှုတ်ချခဲ့တယ်။ အချင်းချင်းကို ညီအစ်ကိုတွေအဖြစ် ရှုမြင်ဖို့ နောက်လိုက်တွေကို တိုက်တွန်းခဲ့တယ်။—က၁၈.၀၆၊ စာ. ၉-၁၀။

မောရှေကို ကတိထားရာပြည်ထဲ ဘုရား ဝင်ခွင့်မပေးခြင်းကနေ ဘာသင်ယူရသလဲ။

မောရှေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတယ်။ (တရား. ၃၄:၁၀) နှစ်ပေါင်း ၄၀၊ တောကန္တာရခရီး ဆုံးခါနီးမှာ ရေမရှိလို့ လူတွေ ဒုတိယအကြိမ် ညည်းညူကြပြန်တယ်။ ကျောက်ဆောင်ကို အမိန့်ပေးဖို့ ဘုရား ပြောပေမဲ့ မောရှေက ကျောက်ဆောင်ကို ရိုက်လိုက်တယ်။ မိမိရဲ့ ညွှန်ကြားချက်ကို မလိုက်လို့၊ အံ့ဖွယ်အမှုအတွက် မိမိကို ဂုဏ်မတင်လို့ မောရှေကို ယေဟောဝါ အမျက်ထွက်တယ်။ (တော. ၂၀:၆-၁၂) ဒါဟာ ယေဟောဝါကို နာခံဖို့၊ ဂုဏ်တင်ဖို့ အရေးကြီးကြောင်း သင်ပေးတယ်။—က၁၈.၀၇၊ စာ. ၁၃-၁၄။

အပြင်ပန်းကိုပဲ ကြည့်ပြီး အကဲဖြတ်ရင် ဘယ်လို အလွယ်တကူ မှားမိနိုင်သလဲ။

အပြင်ပန်းကို ကြည့်ပြီး လူတွေ အကဲဖြတ် လေ့ရှိတဲ့ ကဏ္ဍ သုံးခုရှိတယ်– လူမျိုး၊ ချမ်းသာကြွယ်ဝမှု၊ အသက်အရွယ်တို့ ဖြစ်တယ်။ မျက်နှာမလိုက်တဲ့ ဘုရားရဲ့ ရှုထောင့်ကနေ တခြားသူတွေကို ကြည့်ဖို့ အရေးကြီးတယ်။ (တ. ၁၀:၃၄၊ ၃၅)— က၁၈.၀၈၊ စာ. ၈-၁၂။

တခြားသူတွေကို အသက်ကြီးသူတွေ ကူညီနိုင်တဲ့ နည်းလမ်းတချို့က ဘာတွေလဲ။

တာဝန်ပြောင်းသွားတဲ့ အသက်ကြီး ခရစ်ယာန်တစ်ယောက်ဟာ ဘုရားသခင်အတွက် တန်ဖိုးရှိနေဆဲဖြစ်ပြီး တခြားသူတွေကို များစွာ ကူညီနိုင်ပါတယ်။ မယုံကြည်သူ အိမ်ထောင်ဖက်တွေ၊ မလှုပ်မရှားဖြစ်နေသူတွေကို ကူညီနိုင်တယ်။ ကျမ်းစာသင်အံမှုတွေ လုပ်ပြီး အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တယ်။—က၁၈.၀၉၊ စာ. ၈-၁၁။

သွန်သင်ခြင်းကိရိယာထဲမှာ ဘာတွေ ပါဝင်သလဲ။

လိပ်စာကတ်နဲ့ ဖိတ်စာတွေ ပါဝင်တယ်။ အသေအချာ ဒီဇိုင်းဆွဲထားတဲ့ ဝေစာ ရှစ်စောင်၊ ကင်းမျှော်စင် နဲ့ နိုးလော့! တွေ ရှိတယ်။ ဘရိုရှာတချို့၊ အဓိက လေ့လာမှု စာအုပ် နှစ်အုပ်၊ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ အပါအဝင် ဗီဒီယို လေးခုလည်း ပါဝင်တယ်။—က၁၈.၁၀၊ စာ. ၁၆။

ပညာအလိမ္မာ ၂၃:၂၃ မှာ တိုက်တွန်းထားတဲ့အတိုင်း ခရစ်ယာန်တစ်ယောက်ဟာ အမှန်တရားကို ဘယ်လို “ဝယ်” နိုင်သလဲ။

အမှန်တရားအတွက် ငွေပေးစရာ မလိုပါဘူး။ ဒါပေမဲ့ အမှန်တရားကို ရဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုအပ်တယ်။—က၁၈.၁၁၊ စာ. ၄။

ဇနီး ဂေါမာကို ဟောရှေ ပြုမူဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။

ဂေါမာဟာ အကြိမ်ကြိမ် အိမ်ထောင်ရေး ဖောက်ပြန်ပေမဲ့ ဟောရှေ ခွင့်လွှတ်ပြီး ဆက်ပေါင်းတယ်။ လိင်အကျင့် ယိုယွင်းတဲ့ အိမ်ထောင်ဖက်ကို အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်က ခွင့်လွှတ်မှု ပြနိုင်တယ်။ အပြစ်ရှိတဲ့ အိမ်ထောင်ဖက်နဲ့ ပြန်လိင်ဆက်ဆံတဲ့အခါ ကွာရှင်းဖို့ တစ်ခုတည်းသော ကျမ်းစာအကြောင်းရင်း ပျက်ပြယ်သွားပါတယ်။—က၁၈.၁၂၊ စာ. ၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ