ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ စက်တင်ဘာ စာ. ၁၄-၁၉
  • ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို လက်အောက်ခံဖို့ ဘာကြောင့် ခက်နိုင်သလဲ
  • နေဟမိဆီကနေ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ
  • ဘုရင် ဒါဝိဒ်ဆီကနေ ဖခင်တွေ ဘာသင်ယူနိုင်သလဲ
  • မာရိဆီကနေ မိခင်တွေ ဘာသင်ယူနိုင်သလဲ
  • ယေဟောဝါကို ဆက်လက်အောက်ခံပါ
  • အခွင့်အာဏာကို ဘာကြောင့် လေးစားရသလဲ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အကြီးအကဲတို့၊ တမန်တော် ပေါလုကို ဆက်တုပနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သီအိုကရေစီတွင်ရှိ သိုးထိန်းများနှင့် သိုးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အခွင့်အာဏာကို ရွှင်လန်းစွာ လက်အောက်ခံခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ စက်တင်ဘာ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃၇

ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ

‘[အဖဘုရား]ကို ပိုလို့တောင် လိုလိုလားလား လက်အောက်ခံသင့်တယ် မဟုတ်လား။’—ဟီ. ၁၂:၉။

သီချင်း ၉ တို့ဘုရင် ယေဟောဝါ

အကြိုသုံးသပ်ချက်a

၁။ ယေဟောဝါကို ဘာကြောင့် လက်အောက်ခံသင့်သလဲ။

ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ ဖန်ဆင်းရာတွေအတွက် စံနှုန်းတွေ ချမှတ်ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်အောက်ခံသင့်တယ်။b (ဗျာ. ၄:၁၁) ဘုရားကို နာခံရတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ ဘုရားရဲ့ အုပ်ချုပ်ပုံဟာ အကောင်းဆုံး ဖြစ်လို့ပဲ။ သမိုင်းတစ်လျှောက် လူ့အုပ်စိုးရှင်များစွာ ရှိခဲ့တယ်။ သူတို့နဲ့ယှဉ်ရင် ယေဟောဝါဟာ ဉာဏ်ပညာ၊ မေတ္တာ၊ ကြင်နာမှု၊ ထောက်ထားစာနာမှု အရှိဆုံး အုပ်စိုးရှင် ဖြစ်တယ်။—ထွ. ၃၄:၆။ ရော. ၁၆:၂၇။ ၁ ယော. ၄:၈။

၂။ ဟီဘရူး ၁၂:၉-၁၁ မှာ ယေဟောဝါကို လက်အောက်ခံသင့်တဲ့ ဘယ်အကြောင်းရင်းတွေ ဖော်ပြထားသလဲ။

၂ ယေဟောဝါက မိမိကို ကြောက်လို့ မဟုတ်ဘဲ ချစ်လို့၊ မေတ္တာရှင် ဖခင်အဖြစ် ရှုမြင်လို့ နာခံတာကို လိုချင်တယ်။ ဟီဘရူးခရစ်ယာန်တွေဆီ ရေးတဲ့စာမှာ “ကျွန်တော်တို့ အကျိုးအတွက်” လေ့ကျင့်ပေးတဲ့ ‘ဖခင်ကို လိုလိုလားလား လက်အောက်ခံ’ သင့်တယ်လို့ ပေါလု ရေးတယ်။—ဟီဘရူး ၁၂:၉-၁၁ ကိုဖတ်ပါ။

၃။ (က) ယေဟောဝါကို လက်အောက်ခံကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၃ ကိစ္စတိုင်းမှာ ယေဟောဝါကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်း၊ ကိုယ့်သိနားလည်နိုင်စွမ်းကို အားမကိုးခြင်းအားဖြင့် ဘုရားကို ကျွန်တော်တို့ လက်အောက်ခံနေကြတယ်။ (ပညာ. ၃:၅) ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေကို ပိုသိလေ လက်အောက်ခံဖို့ ပိုလွယ်ကူလေပဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့ လုပ်ဆောင်မှုတိုင်းမှာ အဲဒီအရည်အသွေးတွေ ပေါ်လွင်နေလို့ပဲ။ (ဆာ. ၁၄၅:၉) ယေဟောဝါအကြောင်း ပိုသိလေ ယေဟောဝါကို ပိုချစ်လေပဲ။ ယေဟောဝါကို ချစ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်းအရှည်ကြီး လိုအပ်မှာ မဟုတ်ဘူး။ ဘုရားနှစ်သက်တဲ့နည်းအတိုင်း တွေးခေါ်လုပ်ဆောင်ဖို့၊ မကောင်းတာကို ရှောင်ဖို့ ကြိုးစားပါလိမ့်မယ်။ (ဆာ. ၉၇:၁၀) ဒါပေမဲ့ တစ်ခါတလေ ယေဟောဝါကို နာခံဖို့ ဘာကြောင့် ခက်နိုင်သလဲ။ အကြီးအကဲ၊ ဖခင်၊ မိခင်တွေဟာ ဘုရင်ခံ နေဟမိ၊ ဘုရင် ဒါဝိဒ်၊ ယေရှုရဲ့ မိခင် မာရိဆီကနေ ဘာသင်ယူနိုင်သလဲ။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းတွေကို ဖြေဆိုပေးပါလိမ့်မယ်။

ယေဟောဝါကို လက်အောက်ခံဖို့ ဘာကြောင့် ခက်နိုင်သလဲ

၄-၅။ ရောမ ၇:၂၁-၂၃ အရ ယေဟောဝါကို လက်အောက်ခံဖို့ ဘာကြောင့် ခက်နိုင်သလဲ။

၄ ယေဟောဝါကို လက်အောက်ခံဖို့ ခက်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေရထားပြီး မစုံလင်ကြလို့ပဲ။ ဒါကြောင့် ပုန်ကန်ချင်စိတ်တွေ ရှိနေတယ်။ အာဒံနဲ့ ဧဝဟာ တားမြစ်ထားတဲ့ အသီးကို စားခြင်းအားဖြင့် ဘုရားကို ပုန်ကန်ပြီးနောက် ကိုယ်ပိုင်စံနှုန်းတွေ ချမှတ်ခဲ့တယ်။ (က. ၃:၂၂) ဒီနေ့လည်း လူအများစုဟာ ယေဟောဝါကို လျစ်လျူရှုပြီး အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်နေကြတယ်။

၅ ယေဟောဝါကို သိပြီး ချစ်တဲ့သူတွေတောင် အပြည့်အဝ လက်အောက်ခံဖို့ ခက်နိုင်တယ်။ တမန်တော် ပေါလု အဲဒီလို ဖြစ်ခဲ့တယ်။ (ရောမ ၇:၂၁-၂၃ ကိုဖတ်ပါ။) ပေါလုလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါရှေ့မှာ မှန်ရာကို လုပ်ချင်ကြတယ်။ ဒါပေမဲ့ အမှားလုပ်ချင်စိတ်ကို မပြတ် တိုက်လှန်နေရမယ်။

၆-၇။ ယေဟောဝါကို လက်အောက်ခံဖို့ ခက်စေနိုင်တဲ့ ဒုတိယအကြောင်းရင်းက ဘာလဲ။ ဥပမာပေးပါ။

၆ ယေဟောဝါကို လက်အောက်ခံဖို့ ခက်နိုင်တဲ့ နောက်အကြောင်းရင်းကတော့ ကြီးပြင်းလာတဲ့ ယဉ်ကျေးမှု လွှမ်းမိုးခံရလို့ပဲ။ လူ့အတွေးအခေါ် အများစုဟာ ယေဟောဝါရဲ့ အလိုတော်နဲ့ ဆန့်ကျင်တယ်။ ဒါကြောင့် သာမန်ပဲလို့ လူအများ ယူဆတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှု မခံရအောင် တိုက်လှန်နေရမယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ရအောင်။

၇ ဒေသတချို့မှာ လူငယ်တွေကို ငွေများများ ရှာဖို့ ဖိအားပေးလေ့ရှိတယ်။ ညီအစ်မ မေရီc အဲဒီလို ကြုံခဲ့ရတယ်။ ယေဟောဝါအကြောင်း မသိခင်က နိုင်ငံရဲ့ အကောင်းဆုံးကျောင်းတစ်ခုမှာ ပညာသင်ခဲ့တယ်။ လခကောင်းပြီး ဂုဏ်ရှိတဲ့ အလုပ်လုပ်ဖို့ မိသားစုက ဖိအားပေးတယ်။ သူလည်း အဲဒီလိုအလုပ်မျိုး ရချင်တယ်။ ဒါပေမဲ့ ယေဟောဝါအကြောင်း သိပြီး ယေဟောဝါကို ချစ်လာတဲ့အခါ ပန်းတိုင်တွေ ပြောင်းသွားတယ်။ “တစ်ခါတလေ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ထိခိုက်စေမယ့် စီးပွားရေး အခွင့်အလမ်းတွေ ရတယ်။ ကြီးပြင်းလာတဲ့ ပုံစံကြောင့် ငြင်းလိုက်ဖို့ သိပ်ခက်တယ်။ အမှုဆောင်လုပ်ငန်းကို အတားအဆီး ဖြစ်စေတဲ့ အလုပ်တွေကို ငြင်းပယ်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ အသနားခံခဲ့တယ်” လို့ မေရီ ပြောတယ်။—မ. ၆:၂၄။

၈။ အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။

၈ ယေဟောဝါကို လက်အောက်ခံရင် အကျိုးရမယ်။ အခွင့်အာဏာ အတော်အတန် ရထားတဲ့ အကြီးအကဲ၊ ဖခင်၊ မိခင်တွေဟာ ဘုရားကို လက်အောက်ခံဖို့ ထပ်ဆင့် အကြောင်းရင်း ရှိသေးတယ်။ တခြားသူတွေကို အကျိုးပြုဖို့ သူတို့ အခွင့်အာဏာ ရထားလို့ပဲ။ အခွင့်အာဏာကို ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ဘယ်လို အသုံးပြုနိုင်ကြောင်း သင်ပေးတဲ့ ကျမ်းစာပုံနမူနာတချို့ကို ဆွေးနွေးကြည့်ကြစို့။

နေဟမိဆီကနေ အကြီးအကဲတွေ ဘာသင်ယူနိုင်သလဲ

အကြီးအကဲတစ်ဦးဟာ နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ သားနဲ့အတူ လုပ်ဆောင်နေ။ နေဟမိက ဂျေရုဆလင်မြို့ရိုး ပြန်တည်ဆောက်ရေးမှာ ညီအစ်ကိုတွေနဲ့အတူ လုပ်ဆောင်နေ

ဂျေရုဆလင် ပြန်လည်တည်ဆောက်ရေးမှာ နေဟမိ ပါဝင်ကူညီခဲ့သလို နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ အကြီးအကဲတွေ ပါဝင်လုပ်ဆောင်နေ (အပိုဒ် ၉-၁၁ ကိုကြည့်ပါ)d

၉။ ဘယ်အခက်အခဲတွေကို နေဟမိ ရင်ဆိုင်ခဲ့ရသလဲ။

၉ ယေဟောဝါဟာ သိုးတော်စုကို ထိန်းကျောင်းရတဲ့ အရေးကြီးတာဝန်ကို အကြီးအကဲတွေဆီ အပ်ထားတယ်။ (၁ ပေ. ၅:၂) ယေဟောဝါရဲ့ လူမျိုးကို နေဟမိ ဆက်ဆံပုံကနေ အကြီးအကဲတွေ များစွာ သင်ယူနိုင်တယ်။ ယုဒပြည်ရဲ့ ဘုရင်ခံအနေနဲ့ နေဟမိ အခွင့်အာဏာ အတော်အတန် ရထားတယ်။ (နေ. ၁:၁၁။ ၂:၇၊ ၈။ ၅:၁၄) နေဟမိ ရင်ဆိုင်ရတဲ့ အခက်အခဲတချို့ကို စဉ်းစားကြည့်ပါ။ လူတွေ ဗိမာန်တော်ကို ညစ်ညူးစေကြောင်း၊ ပညတ်တရားမှာ ပါတဲ့အတိုင်း လေဝိသားတွေကို ငွေကြေး မထောက်ပံ့ကြကြောင်း သိလိုက်ရတယ်။ လူတွေက ဥပုသ်ပညတ်ကို ချိုးဖောက်ကြတယ်။ တချို့ဆို တိုင်းတစ်ပါးသူတွေနဲ့ လက်ထပ်ကြတယ်။ ဒီခက်ခဲတဲ့ အခြေအနေကို ဘုရင်ခံ နေဟမိ ဖြေရှင်းရတော့မယ်။—နေ. ၁၃:၄-၃၀။

၁၀။ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို နေဟမိ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၀ နေဟမိဟာ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ဘူး။ ကိုယ့်စံနှုန်းတွေအတိုင်း လိုက်ဖို့ ဘုရားလူမျိုးကို ဖိအားမပေးဘူး။ အဲဒီအစား လမ်းညွှန်မှုရဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းပြီး လူတွေကို ယေဟောဝါရဲ့ ပညတ်တွေ သင်ကြားပေးတယ်။ (နေ. ၁:၄-၁၀။ ၁၃:၁-၃) ဂျေရုဆလင်မြို့ရိုး ဆောက်လုပ်ရေးမှာ ညီအစ်ကိုတွေနဲ့အတူ နှိမ့်ချစွာ ပါဝင်လုပ်ဆောင်တယ်။—နေ. ၄:၁၅။

၁၁။ ၁ သက်သာလောနိတ် ၂:၇၊ ၈ အရ ညီအစ်ကို/မတွေကို အကြီးအကဲတွေ ဘယ်လို ဆက်ဆံသင့်သလဲ။

၁၁ အကြီးအကဲတွေဟာ နေဟမိ ကြုံခဲ့ရတဲ့ ထပ်တူပြဿနာတွေကို ကြုံရမှာ မဟုတ်ပေမဲ့ နေဟမိကို နည်းလမ်းများစွာနဲ့ တုပနိုင်တယ်။ ဥပမာ၊ အကြီးအကဲတွေဟာ ညီအစ်ကို/မတွေရဲ့ အကျိုးအတွက် ကြိုးစားလုပ်ဆောင်ကြတယ်။ အခွင့်အာဏာကြောင့် မာနကြီးတာမျိုး မရှိကြဘူး။ အဲဒီအစား ညီအစ်ကို/မတွေကို နူးညံ့စွာ ဆက်ဆံတယ်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) သူတို့ရဲ့ စကားပြောပုံမှာ မေတ္တာနဲ့ နှိမ့်ချမှု ဘယ်လောက်ရှိကြောင်း ပေါ်လွင်တယ်။ ဝါရင့်အကြီးအကဲ အန်ဒရူး ဒီလိုပြောတယ်– “အကြီးအကဲတွေ ကြင်ကြင်နာနာ၊ နွေးနွေးထွေးထွေး ဆက်ဆံတဲ့အခါ ညီအစ်ကို/မတွေ ကောင်းကောင်း တုံ့ပြန်တာကို ကျွန်တော် သတိထားမိတယ်။ အဲဒီအရည်အသွေးတွေက အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။” သက်တမ်းကြာ အကြီးအကဲ တိုနီကလည်း “ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အကြံဉာဏ်ကို ကျင့်သုံးပြီး တခြားသူတွေကို ကိုယ့်ထက်သာတယ်လို့ သဘောထားဖို့ အမြဲ ကြိုးစားတယ်။ ဒါက အာဏာရှင်ဆန်ဆန် မဆက်ဆံမိဖို့ ကျွန်တော့်ကို ကူညီပေးတယ်” လို့ ပြောတယ်။

၁၂။ အကြီးအကဲတွေ နှိမ့်ချဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၂ အကြီးအကဲတွေဟာ ယေဟောဝါလိုပဲ နှိမ့်ချရမယ်။ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်ပေမဲ့ “ကိုယ်ကို ကိုင်းညွတ်ပြီး” “နိမ့်ကျသူကို မြေမှုန့်ထဲကနေ” ထူမတယ်။ (ဆာ. ၁၈:၃၅။ ၁၁၃:၆၊ ၇) မာနကြီးသူ၊ မောက်မာသူတွေကိုတော့ ယေဟောဝါ ရွံရှာတယ်။—ပညာ. ၁၆:၅။

၁၃။ အကြီးအကဲတွေဟာ ဘာကြောင့် ‘နှုတ်ကို စောင့်စည်း’ ဖို့ လိုသလဲ။

၁၃ ယေဟောဝါကို လက်အောက်ခံတဲ့ အကြီးအကဲတွေဟာ ‘နှုတ်ကို စောင့်စည်း’ ကြတယ်။ နှုတ်ကို မစောင့်စည်းရင် တစ်ယောက်ယောက်က မလေးမစား ဆက်ဆံတဲ့အခါ မကြင်မနာ ပြန်ပြောမိနိုင်တယ်။ (ယာ. ၁:၂၆။ ဂလ. ၅:၁၄၊ ၁၅) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်ဒရူးက “မလေးမစား လုပ်တဲ့ ညီအစ်ကို/မတွေကို တစ်ခါတလေ မညှာမတာ ပြောပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ကျမ်းစာထဲက သစ္စာရှိသူတွေအကြောင်း ပြန်စဉ်းစားတဲ့အခါ နှိမ့်ချဖို့၊ နူးညံ့သိမ်မွေ့ဖို့ ဘယ်လောက် အရေးကြီးမှန်း သိလာတယ်” လို့ ပြောတယ်။ အကြီးအကဲတွေဟာ အချင်းချင်းကိုရော ညီအစ်ကို/မတွေကိုပါ မေတ္တာပါပါ၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံကြောင်း တင်ပြကြတယ်။—ကော. ၄:၆။

ဘုရင် ဒါဝိဒ်ဆီကနေ ဖခင်တွေ ဘာသင်ယူနိုင်သလဲ

၁၄။ ဖခင်တွေကို ယေဟောဝါ ဘာတာဝန်ပေးထားသလဲ။ သူတို့ဆီကနေ ဘာမျှော်လင့်သလဲ။

၁၄ ယေဟောဝါက ဖခင်တွေကို အိမ်ထောင်ဦးစီးအဖြစ် တာဝန်ပေးထားတယ်။ သားသမီးတွေကို လေ့ကျင့်ပေးဖို့၊ ဆုံးမပေးဖို့ မျှော်လင့်တယ်။ (၁ ကော. ၁၁:၃။ ဧ. ၆:၄) ဒါပေမဲ့ ဖခင်ရဲ့ အခွင့်အာဏာဟာ အကန့်အသတ် ရှိတယ်။ သူဟာ ယေဟောဝါနဲ့ စာရင်းရှင်းရမယ်။ မိသားစုတိုင်းဟာ ဘုရားကြောင့် တည်ရှိနေတာ ဖြစ်လို့ပဲ။ (ဧ. ၃:၁၄၊ ၁၅) ဖခင်တွေဟာ အခွင့်အာဏာကို ဘုရား နှစ်သက်တဲ့နည်းအတိုင်း သုံးခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံကြောင်း ပြကြတယ်။ ဘုရင် ဒါဝိဒ်ဆီကနေ သူတို့ များစွာ သင်ယူနိုင်တယ်။

မိသားစုနဲ့အတူ ဆုတောင်းနေတဲ့ ဖခင်

ခရစ်ယာန်ဖခင်တစ်ဦးရဲ့ ဆုတောင်းချက်မှာ နှိမ့်ချမှု ပေါ်လွင်သင့် (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)e

၁၅။ ဘုရင် ဒါဝိဒ်ဟာ ဖခင်တွေအတွက် ဘာကြောင့် ပုံသက်သေကောင်း ဖြစ်သလဲ။

၁၅ ယေဟောဝါဟာ ဒါဝိဒ်ကို မိသားစုရဲ့ ဦးစီးအဖြစ်သာမက အစ္စရေးတစ်နိုင်ငံလုံးရဲ့ ဘုရင်အဖြစ်ပါ ခန့်အပ်ခဲ့တယ်။ ဘုရင်အနေနဲ့ ဒါဝိဒ်မှာ အခွင့်အာဏာ အများကြီး ရှိတယ်။ အာဏာ အလွဲသုံးစားလုပ်ပြီး ကြီးလေးတဲ့အမှား ကျူးလွန်ခဲ့တဲ့အခါတွေလည်း ရှိတယ်။ (၂ ရှ. ၁၁:၁၄၊ ၁၅) ဒါပေမဲ့ ဒါဝိဒ်ဟာ ဆုံးမမှုကို လက်ခံခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံတယ်။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ယေဟောဝါရဲ့ ဆုံးမစကားကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ (ဆာ. ၅၁:၁-၄) အမျိုးသားတွေရဲ့ အကြံဉာဏ်ကိုသာမက အမျိုးသမီးတွေရဲ့ အကြံဉာဏ်ကိုလည်း လက်ခံတဲ့အထိ နှိမ့်ချတယ်။ (၁ ရှ. ၁၉:၁၁၊ ၁၂။ ၂၅:၃၂၊ ၃၃) အမှားတွေကနေ သင်ခန်းစာယူပြီး ဘဝမှာ ဝတ်ပြုရေးကို အဓိကထားခဲ့တယ်။

၁၆။ ဒါဝိဒ်ဆီကနေ ဖခင်တွေ ဘာသင်ယူနိုင်သလဲ။

၁၆ ဘုရင် ဒါဝိဒ်ဆီကနေ ဖခင်တွေ သင်ယူနိုင်တဲ့ သင်ခန်းစာတချို့ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါ ပေးထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ပါနဲ့။ အမှားကို ဝန်ခံပါ။ တခြားသူတွေရဲ့ ကျမ်းစာအခြေပြု ဆုံးမမှုကို လက်ခံပါ။ ဒါဆိုရင် သင့်ရဲ့ နှိမ့်ချမှုကြောင့် မိသားစုရဲ့ လေးစားမှုကို ရပါလိမ့်မယ်။ မိသားစုနဲ့အတူ ဆုတောင်းတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ ဘုရားကို ဘယ်လောက် အားကိုးကြောင်း သူတို့ ကြားသိစေပါ။ အရေးကြီးဆုံးကတော့ ဘဝမှာ ဝတ်ပြုရေးကို အဓိကထားပါ။ (တရား. ၆:၆-၉) သင့်ရဲ့ ပုံသက်သေကောင်းက မိသားစုကို ပေးနိုင်တဲ့ အဖိုးတန်ဆုံး လက်ဆောင်ပါပဲ။

မာရိဆီကနေ မိခင်တွေ ဘာသင်ယူနိုင်သလဲ

၁၇။ မိခင်တွေကို ယေဟောဝါ ဘာတာဝန်ပေးထားသလဲ။

၁၇ ယေဟောဝါက မိခင်တွေကိုလည်း မိသားစုမှာ အရေးကြီးတဲ့တာဝန် ပေးအပ်ထားတယ်။ သားသမီးတွေအပေါ် အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀) မိခင်က သားသမီးတွေရဲ့ အသက်တာအပေါ် အတော်ဩဇာညောင်းနိုင်တယ်။ (ပညာ. ၂၂:၆) ယေရှုရဲ့ မိခင် မာရိဆီကနေ မိခင်တွေ ဘာသင်ယူနိုင်သလဲ။

၁၈-၁၉။ မာရိရဲ့ ပုံနမူနာကနေ မိခင်တွေ ဘာသင်ယူနိုင်သလဲ။

၁၈ မာရိဟာ ကျမ်းစာနဲ့ အကျွမ်းတဝင်ရှိပြီး ယေဟောဝါကို အလွန် ရိုသေလေးစားတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ တစ်ဘဝလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တာတောင် ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုလိုလားလား လက်အောက်ခံတယ်။—လု. ၁:၃၅-၃၈၊ ၄၆-၅၅။

အိမ်အလုပ်၊ အိမ်စာလုပ်မယ့်အစား ဂိမ်းဆော့နေတဲ့ သားငယ်ကို မိခင်က တည်ငြိမ်စွာ အကျိုးအကြောင်း ပြောပြနေ

မိခင်တစ်ယောက်ဟာ မောပန်း၊ စိတ်ရှုပ်နေချိန်မှာ မိသားစုဝင်တွေကို မေတ္တာပြဖို့ ပိုကြိုးစားရမယ် (အပိုဒ် ၁၉ ကိုကြည့်ပါ)f

၁၉ မိခင်တွေဟာ မာရိကို နည်းလမ်းများစွာနဲ့ တုပနိုင်တယ်။ ပထမ၊ ကိုယ်ပိုင် ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပါ။ ဒုတိယ၊ ယေဟောဝါကို စိတ်ရွှင်လန်းစေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လိုလိုလားလား လုပ်ဆောင်ပါ။ ဥပမာ၊ ဒေါသကြီးပြီး သားသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ မိဘတွေ လက်အောက်မှာ သင် ကြီးပြင်းလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သားသမီးတွေကို အဲဒီလိုဆက်ဆံတာ ပုံမှန်ပဲလို့ တွေးမိနိုင်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို သိလာပြီးနောက်မှာတောင် စိတ်တည်ငြိမ်ဖို့၊ သားသမီးအပေါ် စိတ်ရှည်ဖို့ ခက်နိုင်တယ်။ အထူးသဖြင့် ကိုယ်ပင်ပန်းနေချိန် ကလေးတွေ စကားနားမထောင်တဲ့အခါမှာ ဖြစ်နိုင်တယ်။ (ဧ. ၄:၃၁) အဲဒီလိုအခါမျိုးမှာ ယေဟောဝါဆီ အရင်ကထက် ပိုဆုတောင်းဖို့ လိုတယ်။ မိခင်တစ်ဦးဖြစ်တဲ့ လစ်ဒီယာက “တစ်ခါတလေ သားလေး စကားနားမထောင်တဲ့အခါ မအော်မိဖို့ ဆုတောင်းရတယ်။ သူ့ကို ပြောနေရင်းနဲ့တောင် ခဏရပ်ပြီး ယေဟောဝါဆီ အသံတိတ် ဆုတောင်းရတယ်။ ဆုတောင်းတာက စိတ်တည်ငြိမ်စေတယ်” လို့ပြောတယ်။—ဆာ. ၃၇:၅။

၂၀။ မိခင်တချို့ ဘယ်အခက်အခဲကို ရင်ဆိုင်ရသလဲ။ ဘယ်လို အောင်မြင်ကျော်လွှားနိုင်သလဲ။

၂၀ မိခင်တချို့ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုကတော့ သားသမီးတွေကို ချစ်ကြောင်း ပြဖို့ ခက်နေတာပဲ။ (တိ. ၂:၃၊ ၄) မိခင်တချို့ဟာ သားသမီးကို နွေးနွေးထွေးထွေး မဆက်ဆံတဲ့ မိသားစုမှာ ကြီးပြင်းလာတယ်။ သင် အဲဒီလို ကြီးပြင်းလာတာဆိုရင် မိဘတွေရဲ့ အမှားမျိုး ထပ်မလုပ်မိပါစေနဲ့။ ယေဟောဝါရဲ့ အလိုတော်ကို လက်အောက်ခံတဲ့ မိခင်ဟာ သားသမီးတွေကို မေတ္တာပြဖို့ သင်ယူရမယ်။ အတွေးအခေါ်၊ ခံစားချက်၊ အပြုအမူတွေကို ပြောင်းလဲဖို့ ခက်နိုင်ပေမဲ့ ပြောင်းလဲနိုင်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့အခါ ကိုယ်တိုင်နဲ့ မိသားစုပါ အကျိုးခံစားရနိုင်တယ်။

ယေဟောဝါကို ဆက်လက်အောက်ခံပါ

၂၁-၂၂။ ဟေရှာယ ၆၅:၁၃၊ ၁၄ အရ ယေဟောဝါကို လက်အောက်ခံခြင်းကနေ ဘာအကျိုးတွေ ရနိုင်သလဲ။

၂၁ ယေဟောဝါကို လက်အောက်ခံခြင်းရဲ့ အကျိုးကို ဘုရင် ဒါဝိဒ် သိတယ်။ “ယေဟောဝါရဲ့ မိန့်မှာချက်တွေဟာ ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်းစေတယ်။ ယေဟောဝါရဲ့ ပညတ်ချက်ဟာ သန့်စင်တယ်။ မျက်စိကို လင်းစေတယ်။ အဲဒါတွေက ကျွန်တော်မျိုးကို သတိပေးနေတယ်။ အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီးလှပါတယ်” လို့ ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၉:၈၊ ၁၁) ဒီနေ့လည်း ယေဟောဝါကို လက်အောက်ခံသူတွေနဲ့ လက်အောက်မခံသူတွေရဲ့ ကွာခြားမှုကို တွေ့နေရတယ်။ ယေဟောဝါကို လက်အောက်ခံသူတွေဟာ “စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်” နေကြတယ်။—ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။

၂၂ အကြီးအကဲ၊ ဖခင်၊ မိခင်တွေဟာ ယေဟောဝါကို လိုလိုလားလား လက်အောက်ခံမယ်ဆိုရင် ဘဝ တိုးတက်ကောင်းမွန်လာပြီး မိသားစု ပျော်ရွှင်မယ့်အပြင် အသင်းတော်တစ်ခုလုံး ပိုစည်းလုံးလာမယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေမယ်။ (ပညာ. ၂၇:၁၁) ဒီထက်ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်ပါ့မလား။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါကို လက်အောက်ခံဖို့ ဘာကြောင့် ခက်နိုင်သလဲ။

  • အကြီးအကဲ၊ ဖခင်၊ မိခင်တွေဟာ ဘယ်နည်းတွေနဲ့ ယေဟောဝါကို လက်အောက်ခံနိုင်သလဲ။

  • ယေဟောဝါကို ဆက်လက်အောက်ခံခြင်းက ဘာအကျိုးတွေ ရနိုင်သလဲ။

သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း

a ယေဟောဝါကို ဘာကြောင့် လက်အောက်ခံသင့်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အခွင့်အာဏာ အတော်အတန် ရထားတဲ့ အကြီးအကဲ၊ ဖခင်၊ မိခင်တို့ဟာ ဘုရင်ခံ နေဟမိ၊ ဘုရင် ဒါဝိဒ်၊ ယေရှုရဲ့ မိခင် မာရိဆီကနေ ဘာတွေ သင်ယူနိုင်ကြောင်းကိုလည်း ဆွေးနွေးကြပါမယ်။

b စကားလုံး ရှင်းလင်းချက်– လက်အောက်ခံဆိုတဲ့ စကားလုံးက အတင်းအဓမ္မ နာခံဖို့ ဖိအားပေးခံရသူတွေအတွက် အပျက်သဘော ဆောင်တယ်။ ဒါပေမဲ့ ဘုရားကို နာခံဖို့ ရွေးချယ်ထားတဲ့ ဘုရားလူမျိုးအတွက်တော့ အပျက်သဘော မဆောင်ပါဘူး။

c အမည်လွှဲများ။

d ပုံအညွှန်း– ဂျေရုဆလင်မြို့ရိုး တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ နေဟမိလို နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ အကြီးအကဲတစ်ယောက် သားဖြစ်သူနဲ့ အတူလုပ်ဆောင်နေ။

e ပုံအညွှန်း– ဖခင်ဖြစ်သူက မိသားစုအတွက် ယေဟောဝါဆီ ဦးဆောင် ဆုတောင်းပေးနေ။

f ပုံအညွှန်း– ကလေးတစ်ယောက်ဟာ နာရီအတော်ကြာ ဗီဒီယိုဂိမ်း ကစားတဲ့အတွက် အိမ်အလုပ်နဲ့ ကျောင်းစာတွေ မပြီးဘူး။ မိခင်ဖြစ်သူဟာ အလုပ်ပင်ပန်းနေပေမဲ့ ဒေါသမထွက်ဘဲ၊ ကြမ်းတမ်းတဲ့စကားတွေ မပြောဘဲ ဆုံးမနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ