ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၀ စာ. ၁-၃
  • ဘုရားသခင့်နှုတ်ကပတ်တော်ကို ထောက်ခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နှုတ်ကပတ်တော်ကို ထောက်ခံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြန်အလှန်စကားအတွက် အကြောင်းအရာ
  • ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကို အသုံးပြုပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဒီဘရိုရှာတွေကို သင်အသုံးပြုနေသလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၁၁/၉၀ စာ. ၁-၃

ဘုရားသခင့်နှုတ်ကပတ်တော်ကို ထောက်ခံ

၁ သမ္မာကျမ်းစာသည် ခေတ်နောက်ကျပြီးလက်တွေ့မကျတော့ပါဟု ယနေ့မြောက်မြားစွာသောသူတို့ယူဆကြသည်။ သို့သော် ဘုရားသခင့်နှုတ်ကပတ်တော်သည် လူ့အသက်တာကို ပြောင်းလဲပေးနိုင်ပါသည်။ (ဟေ၊ ၄:၁၂) ယင်းကို လူတို့၏စဉ်းစားကျင့်ကြံပုံ၊ တိုးတက်လာသည့်သဘောထားများတွင် ထင်ရှားနေပါသည်။ (ဧ၊ ၄:၂၄) သမ္မာကျမ်းစာသြဝါဒကိုလက်တွေ့ကျင့်သုံးခြင်းအားဖြင့် သာယာချမ်းမြေ့သောအိမ်ထောင်စုဖြစ်စေသည်။ လူမျိုး၊ အရောင်အဆင်းနှင့်လူနေမှုအဆင့် ကွာခြားဦးတော့ အိမ်နီးချင်းစိတ်ထားကောင်းများ တိုးပွားစေသည်။​—လု၊ ၁၀:၂၉-၃၇။

၂ ဘုရားသခင့်နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့၏တွေ့ကြုံခံစားမှုက သမ္မာကျမ်းစာ၏စစ်မှန်သောတန်ဖိုးကို သူတစ်ပါးအားဆည်းပူးကြရန် အားပေးချင်စိတ်ရှိသင့်သည်။ “ကျမ်းစာကိုအဘယ်ကြောင့်ဖတ်သင့်ကြောင်း” ဟူသည့် ကျွန်ုပ်တို့၏အပြန်အလှန်စကားအတွက် အကြောင်းအရာသစ်ဖြင့် ယင်းသို့ပြုလုပ်ရန် အထောက်အကူကောင်းရရှိထားသည်။ နိုဝင်ဘာလအတွင်း “ကြည့်ရှုလော့” နှင့် “ ကမ္ဘာသားဘဝ ထာဝရစံစားကြ ” ရုပ်ပြစာစောင်များကိုအသုံးပြုကာ ဤအကြောင်းအရာကို မည်သို့အသုံးပြုကြမည်နည်း။

အပြန်အလှန်စကားအတွက် အကြောင်းအရာ

၃ နိဒါန်းတိုတိုကလေးပြောပြီးနောက် ဤသို့ဆက်ပြောနိုင်သည်။ “ယနေ့မိသားစုများစွာကြုံနေရသည့် ဖိစီးမှုနှင့်အခက်အခဲများကြောင့် လက်တွေ့ကျအကူအညီဖြစ်စေမည့် တစ်ခုတည်းသောအရာကို လူတို့သိကြရန် လည်ပတ်ရောက်ရှိလာသည်။ ရှေးကတည်းက များစွာသောလူတို့သည်လမ်းပြမှုအတွက် သမ္မာကျမ်းစာတွင်အဖြေရှာဖွေခဲ့ကြသည်။ သို့သော် ခေတ်ပြောင်းလဲလာသည်နှင့်အမျှ မူးယစ်ဆေးသုံးစွဲခြင်း၊ လူငယ်များစာရိတ္တပျက်ပြားခြင်းနှင့် အိမ်ထောင်ပျက်ရခြင်းအစရှိသည့် ယခုခေတ်ကြုံတွေ့နေရသောပြဿနာများကို သမ္မာကျမ်းစာဖြေရှင်းပေးနိုင်မည်ဟုထင်ပါသလော။ [ဖြေပါစေ။] ၂ တိမောသေ ၃:၁၆ တွင်သမ္မာကျမ်းစာမည်သို့ပြောထားသည်ကိုသတိပြုပါ။ [ဖတ်] သမ္မာကျမ်းစာက ထိုသို့သောအကျိုးရှိသြဇာညောင်းနိုင်မည်ထင်ပါသလော။ [ဖြေပါစေ] ပြဿနာကြုံသည့်အခါ၊ ဘဝတွင်ဆုံးဖြတ်စရာများပေါ်လာသည့်အခါ လူအများသည် ညွှန်ကြားမှုရလိုကြသည်။ ညွှန်ကြားပေးဖို့လည်းလိုအပ်ပေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်ကိုလိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အားမည်သို့ပို့ဆောင်နိုင်ကြောင်း သုံးသပ်ပါ။ [ယော၊ ၁၇:၃] ကိုယ်ရေးကိုယ်တာအခက်အခဲများကိုဖြေရှင်းခြင်းအတွက် ရှင်းလင်းပြတ်သားသောလမ်းညွှန်မှုကို ကျမ်းစာပေးထားပါသည်။ အနာဂတ်အတွက် သေချာသောမျှော်လင့်ချက်လည်းပေးသည်။” ဘုရားသခင့်နှုတ်ကပတ်တော်ကိုသိနားလည်လိုစိတ် အိမ်ရှင်တွင်တကယ်ရှိပါက ရုပ်ပြစာစောင်များ၏တန်ဖိုးကို ကျွန်ုပ်တို့တင်ပြနိုင်ပါသည်။

၄ ရုပ်ပြစာစောင်များကိုပြသည့်အခါ အိမ်ရှင်၌ ကိုယ်ပိုင်ကျမ်းစာအုပ်ရှိမရှိမေးမြန်းပါ။ ယင်းစာစောင်များကိုအသုံးပြု၍ သမ္မာကျမ်းစာကိုမည်သို့လေ့လာနိုင်ကြောင်း သရုပ်ပြပြီးနောက် အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းပါ။

၅ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားအစိုးရ ရုပ်ပြစာစောင်ကိုပြသည့်အခါ ကမ္ဘာသည်ပရဒိသုမည်သို့ဖြစ်လာမည်အကြောင်း ရှင်းပြသည့်ရုပ်ပုံများကိုပြပေးပါ။ “ကြည့်ရှုလော့” ရုပ်ပြစာစောင်အသုံးပြုခြင်းနှင့်ပတ်သက်၍မူကား စိတ်စွဲလမ်းစရာမျက်နှာဖုံး၊ သို့မဟုတ် စာမျက်နှာ ၁၅ ရှိ “ဆိုးရွားမှုများ​—ယင်းတို့ကိုဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားသနည်း” ခေါင်းစဉ်ကိုပြ၍ အိမ်ရှင်၏စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်သည်။

၆ နိုဝင်ဘာလအတွင်း သမ္မာကျမ်းစာကိုဖတ်ရှုရန် အားပေးနိုင်သောအခွင့်အရေးများကို အမြဲရှာယူပါ။ စိတ်ဝင်စားမှုပြသူတို့ထံ ချက်ချင်းပြန်လည်ပတ်သွားပါ။ ဘုရားသခင့်နှုတ်ကပတ်တော်၏တန်ခိုးကို တန်ဖိုးတကယ်ထားတတ်လာရန် ကူညီပေးပါ။ ၄င်း၏မူများကို သူတို့ကျင့်သုံးခြင်းအားဖြင့် ယခုပင်လည်းကောင်း၊ လာလတံ့သောဘဝအသက်တာတွင်လည်းကောင်း မြဲမြံသောအကျိုးကျေးဇူးများကို သူတို့ခံစားရကြမည်။​—၁ တိ၊ ၄:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ