ကျွန်ုပ်တို့နိဒါန်းကို စာပေစာတမ်းနှင့်ဆက်နွယ်ပေးခြင်း
၁ ဤလအတွင်း တင်ဆက်ပြောဆိုပုံကိုပြင်ဆင်ရာတွင် သင့်ရပ်ကွက်ရှိသူတို့၏ အဓိကပြဿနာကိုထည့်တွက်ကာ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှတင်ပြချက်ကိုလည်းကောင်း၊ ဘရိုရှာတစ်စောင်ပါ လက်တွေ့ကျသည့်ကျမ်းစာဖြေရှင်းနည်းကိုရွေးချယ်နိုင်ပါမည်။
၂ ရပ်ကွက်အချို့တွင် အလုပ်လက်မဲ့ဖြစ်ရသူများလာနေခြင်း၊ ဈေးနှုန်းများ မြင့်မားလာခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြမည်။ ဤအခြေအနေကြုံနေရလျှင် သင့်နိဒါန်းတွင် ထိုပြဿနာကိုအတိအကျဖော်ပြနိုင်ပေမည်။
သင်ပြောဆိုနိုင်သည်ကား၊
▪ “လူတို့အလုပ်အကိုင်ရှိပြီး၊ အိုးအိမ်မဲ့မဖြစ်ရအောင် ဘာလုပ်နိုင်မည့်အကြောင်း ဤအရပ်မှာဆွေးနွေးနေကြပါတယ်။ လူ့အစိုးရများ ဒီကိစ္စကိုဖြေရှင်းပေးနိုင်မယ်လို့သင်ထင်သလား။ [အိမ်ရှင်ဖြေဆိုပါစေ။] ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ပုဂ္ဂိုလ်ရှိပါတယ်။ ဟေရှာယ ၆၅:၂၁-၂၃ မှာပါတဲ့ ဒီပုဂ္ဂိုလ်ရဲ့ကတိကို သတိပြုပါ။ [ဖတ်။] ကျွန်ုပ်တို့ကိုအားပေးမှုဖြစ်ဖို့ ဤကတိတော်ကိုဖန်ဆင်းရှင်ရေးထားစေတယ်။ ဤခဲယဉ်းတဲ့အချိန်မှာ ဒီစကားတွေကိုကြားရဖို့လိုတယ်မဟုတ်လား။—rs, p. 11.
၃ ဤသို့တင်ဆက်ပြောဆိုစဉ် ဆက်၍ နောက်ဆုံးထုတ်မဂ္ဂဇင်း၊ သို့မဟုတ် ဘရိုရှာမှအကြောင်းကို ဆက်သွယ်ပေးနိုင်ပါမည်။ မဂ္ဂဇင်းလုပ်ငန်းတွင် သင်ပါဝင်နေသည်ဆိုလျှင် ၁၉၉၂ ဧပြီ ၁၊ မှ “မည်သူတို့၏ဆုတောင်းချက်များဖြေကြားခံရသနည်း” ဆောင်းပါးကို တင်ပြနိုင်သည်။ “ကြည့်ရှုလော့” ဘရိုရှာကိုဝေငှနေမည်ဆိုလျှင် အိုးအိမ်၊ အလုပ်အကိုင်နှင့်ပတ်သက်၍ ယင်း၏အရှေ့နှင့်အနောက်မျက်နှာဖုံးများက မည်သို့ဖော်ပြထားသည်ကို တင်ပြနိုင်ပါမည်။ ရုပ်ပုံအပြည့်အစုံကိုတွေ့မြင်နိုင်စေရန် ဖွင့်ထားပေးပါ။
၄ အိမ်ရှင်များပူပန်စရာအကြောင်းအမျိုးမျိုးရှိသည့်ရပ်ကွက်များတွင် အခြားနိဒါန်းတစ်မျိုးကိုအသုံးပြုလိုပေမည်။ Reasoning စာအုပ် “နိုင်ငံတော်” ခေါင်းစဉ်အောက်ရှိ ဒုတိယနိဒါန်းကို သင်စမ်းကြည့်နိုင်ပါသည်။
သင်ပြောဆိုနိုင်သည်ကား၊
▪ “ဘုရားသခင့်နိုင်ငံတော်တည်ထောင်ဖို့၊ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံဖို့ဆုတောင်းကြရန် ယေရှုသင်ကြားထားတယ်။ ဒီနေရာမှာ ဘုရားသခင့်အလိုတော်ပြည့်စုံလာယင် ကမ္ဘာကြီးဟာ ပရဒိသုဖြစ်လာမယ်ထင်သလား။” အိမ်ရှင်ဖြေဆိုပြီးနောက် ဗျာဒိတ် ၂၁:၃-၅ ကိုနိဒါန်းပျိုးပြီးဖတ်ပြပါ။ ထိုနောက် ဘုရားသခင့်အစိုးရဘရိုရှာကို သင်ဝေငှနေမည်ဆိုလျှင် စာမျက်နှာ ၃ ပါနိဒါန်းအပိုဒ်မှရွေးချယ်ထားသည့်အပိုင်းများကိုဖတ်ပြပါ။ “နိုင်ငံတော်အားဖြင့် ဘုရားရှင်သည် မကြာမီ စစ်မက်များ၊ ငတ်မွတ်မှု၊ ရောဂါ၊ ရာဇဝတ်မှုကို အဆုံးတိုင်စေ” မည်အကြောင်းကိုသတိပြုပါ။ ဤပြဿနာများတွင် အဘယ်တစ်ခုသည် အဆိုးဆုံးဖြစ်နေသနည်းဟု အိမ်ရှင်အားမေးကြည့်ပါ။
သင်သည် ဧပြီ ၁၅ “ကင်းမျှော်စင်” ကိုအသုံးပြုဖော်ပြနေမည်ဆိုလျှင် သင်ပြောဆိုနိုင်မည်ကား၊
▪ “မိမိတို့၏ဆုတောင်းချက် အဖြေရဖို့ လူအများမျှော်လင့်ကြပါတယ်။ ၁၉၉၂ ဧပြီ ၁၅၊ မှ ‘သင်ဆုတောင်းသောအခါ ဘုရားသခင်နားထောင်တော်မူသလော’ ဆောင်းပါးက သင့်ယုံကြည်ခြင်းတိုးပွားစေလိမ့်မယ်။”
၅ သက်ကြီးရွယ်အိုများကိုပင် လူငယ်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ထိရောက်စွာတင်ပြပြောဆိုနိုင်ပါလိမ့်မည်။
ဟေရှာယ ၆၅:၂၁-၂၃ ကိုနိဒါန်းပျိုးစဉ် ကြေညာသူငယ်များပြောဆိုနိုင်သည်ကား၊
▪ “လူကြီးအနေနဲ့ ကျွန်တော်ထက် ဘဝအတွေ့အကြုံပိုများတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ဒီကျမ်းချက်က ကျွန်တော်တို့အားလုံးအတွက် အားရှိစရာဖြစ်ပါတယ်။”
၆ ဝေငှထားခဲ့သောဘရိုရှာ သို့မဟုတ် မဂ္ဂဇင်းကိုအတိအကျမှတ်ထားပါ။ ပြန်လည်ပတ်မှုပြုလုပ်ချိန်တွင် စိတ်ဝင်စားမှုကိုနှိုးဆွပေးရန် ဤအကြောင်းကိုသိထားခြင်းသည် အကူအညီဖြစ်လိမ့်မည်။