သီအိုကရက်တစ်သတင်း
အာဂျင်တီးနား။ ဖေဖော်ဝါရီလတွင် တစ်ခါမျှမရဖူးသည့် ကြေညာသူနှုန်းသစ် ၉၈,၆၀၁ ယောက်ရရှိခဲ့သည်။ ထိုတစ်လတည်းတွင်ပင် နှစ်ခြင်းယူသူ တပည့်အသစ် ၅၀၇ ယောက်ရှိပါသည်။
ဘီနင်။ ဖေဖော်ဝါရီလတွင် ကြေညာသူနှုန်းသစ် ၂,၉၆၇ ယောက်မှတ်တမ်းသွင်းခဲ့သည်။ လွန်ခဲ့သောနှစ်၏လုပ်ငန်းနှင့်နှိုင်းယှဉ်လိုက်လျှင် ကြေညာသူ ၁၃.၈ ရာခိုင်နှုန်း၊ နာရီ ၆.၁ ရာခိုင်နှုန်း၊ ဝေငှရသောမဂ္ဂဇင်းများ ၄၀.၆ ရာခိုင်နှုန်းနှင့် ကျမ်းစာသင်အံမှုပေါင်း ၂၅.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။
အီကွေဒေါ။ ဖေဖော်ဝါရီလအတွင်း မှတ်တမ်းသွင်းခဲ့သော ကြေညာသူ ၂၃,၁၇၆ ယောက်သည် အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၄၂,၂၁၉ ခုကျင်းပခဲ့ပါသည်။ ယင်းက လွန်ခဲ့သောနှစ်၏ဖေဖော်ဝါရီလမှတ်တမ်းထက် ကြေညာသူ ၂,၁၈၀ ယောက်နှင့် ကျမ်းစာသင်အံမှု ၃,၁၈၃ ခုတိုးများလာခြင်းဖြစ်သည်။
အိုင်ယာလန်။ ၅၉ ကြိမ်မြောက် ဆက်တိုက်ရရှိခဲ့သော ကြေညာသူနှုန်းသစ်ဖြစ်သည့် ၄,၀၉၃ ယောက်ကို ဖေဖော်ဝါရီလတွင်ရရှိခဲ့သည်။ အများဆုံး အိမ်တွင်းကျမ်းစာသင်အံမှု ၂,၆၈၂ ခုကျင်းပနေဆဲရှိရာ ရှေ့ရှောက်တိုးတက်စရာ အလားအလာရှိပါသည်။
ပီရူး။ ပီရူးရှိ ကြေညာသူ ၄၃,၃၆၆ ယောက်သည် ပြန်လည်ပတ်မှု ၃၆၉,၄၃၇ ခုနှင့်အိမ်တွင်းကျမ်းစာသင်အံမှု ၆၈,၀၉၀ ခုကိုဖေဖော်ဝါရီလတွင် ကျင်းပခဲ့ပါသည်။ လီမာမြို့တွင် ဆောက်ပြီးခါစ စည်းဝေးပွဲခန်းမကို အပ်နှံပွဲကျင်းပချိန်တွင် တက်ရောက်သူ ၂၁,၂၄၀ ယောက်ရှိပါသည်။
တဟီတီ။ ဖေဖော်ဝါရီလတွင် မှတ်တမ်းသွင်းခဲ့သော ကြေညာသူ ၁,၆၀၄ ယောက်သည် ၁၃ ရာခိုင်နှုန်းတိုးတက်မှုဖြစ်ပါသည်။ ယင်းက တဟီတီ၏ ၆၄ ကြိမ်မြောက် ဆက်တိုက်ရခဲ့သော ကြေညာသူနှုန်းသစ်ဖြစ်သည်။
ဇိုင်ယာ။ စီးပွားရေးနှင့်နိုင်ငံရေးပဋိပက္ခများ ဤနိုင်ငံတွင် ဖြစ်နေသော်လည်း ညီအစ်ကိုများသည် ဖေဖော်ဝါရီလတွင် ကြေညာသူနှုန်းသစ် ၇၁,၀၉၈ ယောက်ရရှိခဲ့သည်။ ယင်းက လွန်ခဲ့သောနှစ်၏ပျမ်းမျှခြင်းထက် ၉ ရာခိုင်နှုန်းတိုးတက်မှုဖြစ်ပါသည်။ အသင်းတော်ကြေညာသူများသည် လယ်ကွင်းလုပ်ငန်း၌ ပျမ်းမျှအားဖြင့် ၁၆.၈ နာရီသွင်းခဲ့ကြသည်။ ဇိုင်ယာတွင် ယခု မှန်မှန်ရှေ့ဆောင် ၆,၀၀၀ ကျော်ရှိသည်။
ကရေဘီယံဒေသရှိ အေရိုဘား၊ ဂွာဒါလွတ်၊ မာတီနစ်၊ စိန့်ကစ္စနှင့် ယူအက်စ်ဗာဂျင်ကျွန်းစုတို့တွင် ဖေဖော်ဝါရီလအတွင်း ကြေညာသူနှုန်းသစ်များ စာရင်းသွင်းခဲ့ကြသည်။