ဇူလိုင်လတွင် ဘရိုရှာများကို ထိရောက်စွာ အသုံးပြုခြင်း
၁ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အလျင်အမြန်ပြုလုပ်ရန် အဖွဲ့အစည်းသည် စာအုပ်စာတမ်းအမျိုးမျိုးကို ရက်ရောစွာထုတ်ဝေပေးထားပါသည်။ ယင်းတို့၌ ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်၊ သုံးပါးတစ်ဆူ၊ ဘုရားသခင့်နာမတော်၊ နိုင်ငံတော်အစိုးရ၊ ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားခြင်း အစရှိသည့်အကြောင်းများနှင့်သက်ဆိုင်သော ဘရိုရှာများရှိပါသည်။ ရပ်ကွက်ရှိသူများကို ကူညီပေးနိုင်ရန် ဘရိုရှာများကို ထိရောက်စွာ မည်သို့အသုံးပြုနိုင်မည်နည်း။
၂ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလောဘရိုရှာက ဆင်းရဲဒုက္ခမရှိသောကမ္ဘာသစ်နီးပြီဖြစ်ကြောင်း ဆင်ခြင်တုံတရားနှင့်အညီ ရှင်းပြပါသည်။ ယင်းကို မည်သို့တင်ပြနိုင်မည်နည်း။ Reasoning စာအုပ်၊ စာမျက်နှာ ၃၉၃ မှစသော “ဆင်းရဲဒုက္ခ” ခေါင်းစဉ်အောက်တွင် ရှာတွေ့နိုင်သောအကြံပြုချက်များ၊ သို့မဟုတ် စာမျက်နှာ ၁၂ “မတရားမှု/ဆင်းရဲဒုက္ခ” ခေါင်းစဉ်အောက်ပါ နိဒါန်းကို သင်နှစ်သက်ပေမည်။
၃ သင်ပြောနိုင်သည်ကား။
▪ “စဉ်းစားကြည့်ဖူးသလား။ ‘မတရားမှုနဲ့ဆင်းရဲဒုက္ခကို လူတွေခံနေရတာကို ဘုရားအမှန်တကယ် ဂရုပြုသလား။’” ဖြေဆိုပါစေ။ ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်။ ထိုနောက် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလောဘရိုရှာ၏ စာမျက်နှာ ၂၂ ကိုဖွင့်၍ အပိုင်း ၁၀ ပါခေါင်းစဉ်ကြီးများနှင့် စာမျက်နှာ ၂၃ ပါရုပ်ပုံ၏အဓိပ္ပာယ်ကိုပါ ဆွေးနွေးပါ။ ဘရိုရှာကို လက်မခံလျှင် စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု၊ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ အစရှိသည့်ဝေစာကို ကမ်းပေးပါ။
၄ ယနေ့ ကောင်းသောအုပ်ချုပ်မှုကို လူအများစိတ်ဝင်စားကြပါသည်။ လူ့အုပ်ချုပ်မှုသည် ဤလောကကို စည်းလုံးစေနိုင်မည်လောဟု တွေးတောနေသူ များစွာရှိပါသည်။ သိသင့်သိအပ်သောအကြောင်းများကို Reasoning စာအုပ်၊ စာမျက်နှာ ၁၅၂ ရှိ “အစိုးရ” ခေါင်းစဉ်အောက်တွင် ပါရှိသည်။
၅ သင်မေးမြန်းနိုင်သည်ကား။
▪ “တည်မြဲမယ့်ပျော်ရွှင်မှု တကယ်ပေးမယ့်အစိုးရကို လူတို့ တည်ထောင်နိုင်လား။” ဖြေဆိုပါစေ။ ထိုနောက် “လူ့သမိုင်းက ဘာဖော်ပြသလဲ” ဟုမေးပါ။ ယေရမိ ၁၀:၂၃ သို့မဟုတ် Reasoning စာမျက်နှာ ၁၅၂ သို့ဖွင့်ပြီး သင့်တော်သောကျမ်းချက်နှင့်မှတ်ချက်များကို ဖတ်ပါ။ ထိုနောက် အစိုးရဘရိုရှာ၏ စာမျက်နှာ ၂၄၊ ၂၅ ကိုဖွင့်၍ ရုပ်ပုံနှင့်ကျမ်းချက်များကို သုံးသပ်ပါ။ ဘုရားသခင့်အစိုးရသည် ကမ္ဘာသားများကို မည်သို့စည်းလုံးစေမည့်အကြောင်း ရှင်းပြပါ။ အိမ်ရှင်သည် ဘရိုရှာကိုလက်မခံပါက ဤလောက ဆက်လက်တည်ရှိမည်လောဝေစာကို ဝေငှာပေမည်။
၆ သင့်ရပ်ကွက်တွင် ရမ်းကားမှုကို စိုးရိမ်နေရမည်ဆိုလျှင် အောက်ပါနိဒါန်းကို လူတို့နှစ်သက်ကြပေမည်။
၇ သင်ပြောနိုင်သည်ကား။
▪ “‘ဘုရားသခင်ဟာ မေတ္တာရှင်ဆိုရင် ဆိုးသွမ်းမှုကို ဘာကြောင့်ခွင့်ပြုရတာလဲ’ လို့သိချင်ကြတယ်။ သင်ကော။” ဖြေပါစေ။ ထိုနောက် “သုတ္တံ ၁၉:၃ ကလူတို့လုပ်တဲ့မကောင်းမှုတွေအတွက် ဘုရားသခင်ကို အပြစ်မပုံဖို့ သတိပေးထားတယ်။” ကျမ်းချက်ကိုဖတ်ပြီးနောက် “ကြည့်ရှုလော့။ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”ဘရိုရှာ၊ စာမျက်နှာ ၁၅ ကိုတိုက်ရိုက်ညွှန်းပြီး အပိုဒ် ၂၇ ကိုဖတ်ပါ။ ယင်းမှ အခြားအပိုဒ်များကို ဆက်ဆွေးနွေးနိုင်စေပါမည်။
၈ သိုးကဲ့သို့သောသူများကို သတင်းကောင်းသင်ပေးရာတွင် ဘရိုရှာများကိုအသုံးပြုနည်းကို ကျွန်ုပ်တို့အားလုံးအသုံးပြုနိုင်ပါသည်။ အဆင့်အတန်းအလွှာအသီးသီးမှလာသောသူများကို ဘုရားသခင့်အဖွဲ့အစည်းနှင့်ပေါင်းသင်းရန် ကူညီပေးနိုင်ပါသည်။ အခန့်သင့်ဘရိုရှာများကို ထိရောက်စွာအသုံးပြုခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ခွင့် ကျွန်ုပ်တို့ရရှိထားကြပါသည်။