ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို အခြားသူများပါ ဂုဏ်တင်ကြရန် ကူညီပေးခြင်း
၁ ဤသို့ပြောခဲ့သော ဆာလံဆရာနည်းတူ ကျွန်ုပ်တို့ခံစားကြရပါသလော– “အိုထာဝရဘုရား၊ . . . ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။” (ဆာ. ၃၆:၅၊ ၉) ကျွန်ုပ်တို့၏အသက်ပေးရှင်အဖြစ် ယေဟောဝါအား အခြားသူတို့ပါ တန်ဖိုးထား၍ ဂုဏ်တင်ကြရန် မည်သို့ပြန်ကူညီပေးနိုင်သနည်း။ ဇွန်လအတွင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာကို ဝေငှခြင်းအားဖြင့်ဖြစ်သည်။ ဤဘရိုရှာသည် ကျွန်ုပ်တို့အား ဘုရားသခင်စိတ်ဝင်စားကြောင်းနှင့် ဘုရားသခင့်ကတိတော်ကို အဘယ်ကြောင့် ယုံကြည်နိုင်ကြောင်း ရှင်းလင်းစွာဖော်ပြသည့်အတွက် အမှန်ပင်ထူးခြားပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်းကိုလည်း ယုံကြည်စိတ်ချစေသည်။ ဘုရားသခင့်ကတိတော်များသည် မကြာမီ အဘယ်နည်းဖြင့် ပြည့်စုံမည်အကြောင်းကို လူတိုင်းအား အမှန်သိစေလိုကြမည်။
၂ ဤသို့ ရိုးရိုးလေး တိုက်ရိုက်တင်ဆက်ပြောဆိုနိုင်သည်။
အိမ်ရှင်အား နှုတ်ဆက်ပြီးနောက် စာမျက်နှာ ၆ ပါရုပ်ပုံကိုပြ၍ ဤသို့ပြောပါ–
▪ ကြီးမြတ်တဲ့ အနာဂတ်ကို ဘာကြောင့်မျှော်လင့်နိုင်တဲ့အကြောင်း ပြောပြဖို့ လူတွေထံ ကျွန်တော်တို့လည်ပတ်နေကြတယ်။ မကြာခင် ကမ္ဘာသစ်တစ်ခုကို ဖြစ်ပေါ်စေမယ်ဆိုပြီး ဘုရားသခင် ကတိထားပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မေးချင်ကြမှာက– ဘုရားသခင်ဟာ ကျွန်တော်တို့ကို တကယ်ဂရုစိုက်ရဲ့လား။ ဂရုစိုက်တယ်ဆိုရင် ဘာကြောင့်ပြဿနာတွေ များနေရတာလဲ။ အဲ့ဒါကိုနားလည်နိုင်ဖို့ ဒီဘရိုရှာကိုပြချင်တယ်။”
၃ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးနောက် ဤသို့ပြောနိုင်သည်–
▪“ဒီခေတ်သစ်သိပ္ပံလောကမှာ ဖန်ဆင်းခြင်းကို ယုံဖို့ လက်တွေ့ကျရဲ့လား။ ဒါမှမဟုတ် ဒီနေရာကို မတော်တဆရောက်လာတယ်လို့ ထင်သလား။ [ဖြေပါစေ။] ဒီကိစ္စကို ကျမ်းစာက ဘယ်လိုဆိုတယ်ဆိုတာကို သတိပြုပါ။ [ဟေဗြဲ ၃:၄ ဖတ်။] အဆောက်အဦတိုင်းမှာ ဆောက်လုပ်သူရှိတယ်ဆိုတာ သဘောတူတယ်မဟုတ်လား။ အဲ့ဒီလိုဆိုရင် စကြဝဠာကြီးဟာ သူ့အလိုလို ဖြစ်လာနိုင်မလား။” ဘုရားသခင် ဂရုစိုက် ဘရိုရှာ၏ စာမျက်နှာ ၅ ပါရုပ်ပုံကို ပြပြီးနောက် စာမျက်နှာ ၅ အပိုဒ် ၈ ပါစဉ်းစားစရာအချက်ကို သတိပြုစေပါ။ အိမ်ရှင်သည် စိတ်ဝင်စားပြီး ဘရိုရှာကိုယူမည်ဆိုလျှင် နောက်တစ်ခါပြန်လာသည့်အခါ လူနှင့် ကမ္ဘာရဲ့အနာဂတ်သည် အဘယ်အရာဖြစ်ကြောင်းကို ဆွေးနွေးမည်ဟု ပြောထားပါ။
၄ သို့မဟုတ် အိမ်ရှင်ကို နှုတ်ဆက်ပြီးနောက် ဤသို့ပြောနိုင်သည်–
▪“ကျွန်ုပ်တို့ရဲ့ အဦးဆုံးဘိုးဘေးများဟာ ဘယ်လိုပုံစံရှိမယ်လို့ ထင်သလဲ။ [ဖြေပါစေ။] ဒီ ‘လူဝံ’ နဲ့တူသလား။ [ဖန်ဆင်းခြင်း [လိပ်] စာအုပ်ရှိလျှင် စာမျက်နှာ ၈၃ သို့ဖွင့်ပြပါ။] တမန်တော် ၁၇:၂၆ မှာ ကျမ်းစာက ဘာပြောထားတယ်ဆိုတာကို သတိပြုပါ။ [ဖတ်။] အဲ့ဒီတော့ ‘လူဝံ’ ပုံတွေဟာ ဘာပေါ်မှာအခြေပြုပြီးရေးဆွဲထားတာလဲ။” စာမျက်နှာ ၈၉ ပါရုပ်ပုံအောက်စာတန်းကို သတိပြုစေပါ။ အိမ်ရှင်သည် စာအုပ်ကိုဖတ်၍ လေ့လာခြင်းဖြင့် ဤမေးခွန်း၏အဖြေကို သိရှိ၍ အကျိုးပြုပါလိမ့်မည်။
၅ အခြားချဉ်းကပ်နည်းတစ်ခုက “ဖန်ဆင်းခြင်း” [လိပ်] စာအုပ်၏အဖုံးကိုပြပြီး ဤသို့ပြောပါ–
▪ “လူဟာ ဆင့်ကဲ ဒါမှမဟုတ် ဖန်ဆင်းခံလို့ ဖြစ်လာတာလား ဆိုတဲ့မေးခွန်းကို အိမ်နီးချင်းတွေနဲ့ ဒီကနေ့ ဆွေးနွေးကြတယ်။ ခင်ဗျားဘယ်လိုထင်သလဲ။ [ဖြေပါစေ။] အဆင့်မြင့်ပညာရှိသူအများက ဆင့်ကဲအယူကို အမှန်ပဲလို့ ယူမှတ်ပေမဲ့ အခြားအဆင့်မြင့်ပညာတတ်များကြတော့ မယုံကြဘူး။ အာကာသယာဉ်မှူးဟောင်းတစ်ယောက် ပြောခဲ့တဲ့စကားကို သတိပြုပါ။ [စာမျက်နှာ ၁၂၂-၃ ပါအချက်များကို ပေါ်လွင်စေပါ။] ဘာကိုယုံသင့်တယ်—ဆင့်ကဲလား၊ ဖန်ဆင်းခြင်းလား—ဆိုတာကို ကိုယ်တိုင်စစ်ဆေးကြည့်သင့်တယ်။” စာအုပ်ကို အိမ်ရှင်လက်ခံယူလျှင် နောက်တစ်ကြိမ်ပြန်လည်ပတ်သည့်အခါ ဖြေဆိုမည့်မေးခွန်းတစ်ခုကို မေးမြန်းပါ။
၆ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ဖန်ဆင်းရာများအတွက် ကိုယ်တော်၏ မေတ္တာပါ ရည်ရွယ်ချက်အကြောင်း အခြားသူများကိုလည်း သိရှိစေလိုပါသလော။ ဖန်ဆင်းခြင်း [လိပ်] စာအုပ်က အကူအညီဖြစ်ပါလိမ့်မည်။ ယင်းသည် မြင့်မြတ်တော်မူသော ဖန်ဆင်းရှင်၊ အချုပ်အခြာသခင် ယေဟောဝါ၏ လက်ရာတော်များကိုချီးမွမ်းပြီး နာမတော်ကို သန့်ရှင်းစေ၍ ခရစ်တော်၏နိုင်ငံတော်အားဖြင့် လူသားကို ကောင်းချီးပေးလိုသော အံ့ဩစရာကောင်းသည့် ရည်ရွယ်ချက်ကို ဖော်ပြခြင်းဖြင့် ကိုယ်တော်ကို ဂုဏ်တင်သည်။