ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၅ စာ. ၂
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော် အစည်းအဝေးတွေမှာ အချင်းချင်း အားပေးကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အစည်းအဝေးများတွင်အဖြေပေးခြင်းဖြင့်တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးကြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၆/၉၅ စာ. ၂

မေးခွန်းသေတ္တာ

◼ အစည်းအဝေးများတွင် အထိရောက်ဆုံးနည်းဖြင့် မည်သို့ဖြေဆိုနိုင်သနည်း။

ပတ်စဉ်အသင်းတော်အစည်းအဝေးများတွင် အတူတကွစည်းဝေးခြင်းကို ကျွန်ုပ်တို့စောင့်မျှော်တတ်ကြသည်။ ထိုတွင် အဖြေပေးခြင်းအားဖြင့် မိမိယုံကြည်ခြင်းကို တင်ပြရုံမက သူတစ်ပါးကို အားပေးခွင့်ရရှိကြသည်။ (သု. ၂၀:၁၅; ဟေဗြဲ ၁၀:၂၃၊ ၂၄) အဖြေပေးခြင်းကို အခွင့်အရေးအနေနှင့် ယူမှတ်ပြီး မှန်မှန်ပါဝင်ဖြေဆိုရန် ကြိုးစားသင့်သည်။ ယင်းကို မည်သို့ အထိရောက်ဆုံး ပြုလုပ်နိုင်မည်နည်း။

ပြင်ဆင်မှုသည် ပထမခြေလှမ်းဖြစ်သည်။ လေ့လာမည့်အကြောင်းကို ကြိုတင်ဖတ်ရှု၍ ဆင်ခြင်သုံးသပ်ထားခြင်းသည် အရေးကြီးသည်။ တင်ပြနေသည့်အကြောင်း၏ဆိုလိုရင်းကို သိရှိရန် ကြိုးစားပါ။ ထိုအကြောင်းကို ယခင်က ဆွေးနွေးခဲ့ဖူးပြီဖြစ်ဦးတော့ တင်ဆက်ပုံတွင် အကျယ်တဝင့် သို့မဟုတ် ထပ်မံ၍ ဖော်ပြသောအချက်များကို ဂရုစိုက်ကြည့်ပါ။ အကြောင်းအရာ၏ အဓိကအချက်ကို စိတ်ထဲစွဲမှတ်ထားပါ။ ကျမ်းစာစောင်တစ်စောင်ကို အတွင်းနက်နက်လေ့လာရသည့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ် [လိပ်] စာအုပ်ကဲ့သို့သောစာအုပ်မျိုးကို လေ့လာပြီး အဖြေများပြင်ဆင်နေမည်ဆိုလျှင် အခန်းငယ်တစ်ခုသည် ရှေ့နောက်အခန်းငယ်များနှင့် မည်သို့ဆက်စပ်ကြောင်းကို ကြိုးစားရှာဖွေပါ။ ဤအကြံပြုချက်များကို လိုက်နာကျင့်သုံးပါက သင်၏စဉ်းစားဉာဏ်စွမ်းကို ထက်မြက်စေမည်။ ယင်းက အဖြေကောင်းကောင်းပေးဖို့ ပြင်ဆင်ရန်ထောက်ကူပေးမည်ဖြစ်ပြီး ပါဝင်ဖြေဆိုရာတွင် ပျော်ရွှင်မှုခံစားစေပါလိမ့်မည်။

အကောင်းဆုံးအဖြေများသည် တိုတိုတုတ်တုတ်၊ ရိုးရိုးလေးဖြစ်ပြီး လေ့လာနေသောစာစောင်ကို အခြေခံရမည်။ ပထမဦးဆုံးအဖြေပေးသူသည် မေးခွန်း၏တိုက်ရိုက်အဖြေကိုပေးမည်။ အခြားအချက်အလက်များကိုကား ထပ်မံဖြေဆိုဖို့အတွက် ချန်လှပ်ထားမည်။ အချိန်ပိုကုန်စေပြီး အခြားသူများအား ပါဝင်ခွင့်မရရှိစေသည့် ရှည်လျားသောအဖြေများကို ရှောင်ကြဉ်ပါ။ စာအုပ်ထဲမှ စကားလုံးတစ်လုံးချင်း ဖတ်ပြမည့်အစား ကိုယ်ပိုင်စကားဖြင့် ဖြေဆိုပါ။ အရန်အဖြေများတွင် ကျမ်းချက်များပါ အချက်များကို တင်ပြပြောဆိုနိုင်သည်။ အခြားသူများ၏အဖြေကို ဂရုစိုက်နားထောင်ပါ။ သို့မှသာ မလိုအပ်ဘဲ ပြန်ကျော့ခြင်းကို ရှောင်ကြဉ်နိုင်မည်။

အကြိမ်ကြိမ်လက်ထောင်ခြင်းသည် ကောင်းသော်လည်း အပိုဒ်တိုင်းမဖြစ်သင့်ပါ။ ကလေးငယ်များအားလည်း အဖြေပေးရန် ဖိတ်ခေါ်ပါသည်။ အဖြေပေးဖို့ မဝံ့မရဲဖြစ်ပါက အဘယ်အပိုဒ်ကို သင်ဖြေဆိုလိုကြောင်း သင်တန်းကိုင်သူအား ကြိုတင်အသိပေးထားနိုင်သည်။ ထိုအခါ သင့်အား အခွင့်အရေးရရှိစေပါလိမ့်မည်။

ပရိသတ်ပါဝင်ခွင့်ရှိသော အသင်းတော်အစည်းအဝေးများတွင် ကျွန်ုပ်တို့အားလုံး အကြောင်းတစ်ခုခုတင်ပြပြောဆိုရန် ကြိုးစားအားထုတ်သင့်သည်။ ဤအစည်းအဝေးများ အထမြောက်ခြင်းသည် ကျွန်ုပ်တို့အဖြေပေးရာတွင် စိတ်ထက်သန်ခြင်းနှင့် ထိရောက်ခြင်းအပေါ် များစွာမူတည်ကြောင်းကို သတိရပါ။—ဆာ. ၂၆:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ