ဘုရားဝတ်ကို နေ့ ညမပြတ် ပြုလော့
၁ ကျွန်ုပ်တို့ကို အလွန်ထူးခြားသောအခွင့်အရေးတစ်ခု ကမ်းလှမ်းထားသည်။ ယင်းကား ယေဟောဝါသက်သေများ ဖြစ်ခွင့်တည်း။ ကျွန်ုပ်တို့သည် မည်သည့်အခါကမျှ ဤမျှလောက်မလုပ်ကိုင်ခဲ့ဖူးသော အကြီးမားဆုံး နိုင်ငံတော်သတင်းကြွေးကြော်ခြင်းလုပ်ငန်းကို ပြီးမြောက်စေရန် ယေဟောဝါအသုံးပြုနေတော်မူသည့် ကမ္ဘာချီ ဧဝံဂေလိသတင်းဟောပြောသူများ အဖွဲ့အစည်းဝင်ဖြစ်ကြ၏! (မာ. ၁၃:၁၀) ကျွန်ုပ်တို့ခေတ်သမယ၏ အရေးတကြီးဖြစ်မှုကို ထောက်ထားပြီး ဤလုပ်ငန်းတွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်နေပါသလော။
၂ နောက်ဆုံး ကျွန်ုပ်တို့၏ဟောပြောခြင်းကို မည်မျှလက်ခံနားထောင်လိမ့်မည်ကို မသိကြရပါ။ ယေဟောဝါ အာမခံသည့်အတိုင်း “လူအုပ်ကြီး” ဖြစ်ပါလိမ့်မည်။ သူတို့အားလုံးသည် “ဘုရားဝတ်ကို နေ့ညမပြတ်ပြု” သူများဖြစ်ကြမည်။ (ဗျာ. ၇:၉၊ ၁၅) ဘုရားသခင့်အမှုတော်တွင် အလုပ်များနေကြသော သက်သေခံ ငါးသန်းကျော်တို့သည် စိတ်ဝင်တစား နားထောင်ရုံနားထောင်သူများသာ၊ စည်းဝေးများတက်ရုံတက်သူများသာ မဟုတ်ကြပါ။ ဤသူတို့သည် သတင်းကောင်းကို ကမ္ဘာချီဟောပြောနေသူများဖြစ်သည်!
၃ နေ့စဉ်ပင် လယ်ကွင်းလုပ်ငန်း၌ဖြစ်စေ၊ အလွတ်သဘောအရဖြစ်စေ ယေဟောဝါအား ချီးမွမ်းခွင့် များစွာပါရှိသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် နေ့စဉ်ပင် အခွင့်အရေးယူပြီး တစ်ဦးတည်းမျှကိုသာ သမ္မာတရား ပြောပြလိုက်မည်ဆိုလျှင် မည်မျှကြီးမားသောသက်သေခံချက်ကို ဖြစ်ပေါ်စေမည့်အကြောင်း စဉ်းစားကြည့်ပါလေ။ ယေဟောဝါအား ကျေးဇူးတင်လေးမြတ်သောစိတ်က ကိုယ်တော့်အကြောင်း အားပါးတရပြောဆိုရန် ကျွန်ုပ်တို့ကို တိုက်တွန်းပေးသင့်သည်။—ဆာ. ၉၂:၁၊ ၂။
၄ သူတစ်ပါးလည်း ဘုရားဝတ်ပြုကြရန် ကူညီပေး– ယေဟောဝါသည် ကျွန်ုပ်တို့၏လူဦးရေကိုတိုးပွားလာစေခြင်းအားဖြင့် ဆက်အကူအညီပေးနေတော်မူသည်။ (ဟဂ္ဂဲ ၂:၇) လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၁,၇၃၆ ခုလစဉ်ကျင်းပခဲ့သည်။ ဤသူများနှင့် ကျမ်းစာလေ့လာရခြင်းရည်ရွယ်ချက်မှာ သူတို့ကို ယေရှု၏တပည့်များဖြစ်လာစေရန်ဖြစ်သည်။ (မ. ၂၈:၁၉၊ ၂၀) သူတို့အနက် များစွာသောသူတို့သည် စည်းဝေးများကို မှန်မှန်တက်ရောက်ကြခြင်းအားဖြင့် တိုးတက်မှုတင်ပြနေကြပြီ။ သူတို့သင်ယူထားသည့် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ကိုအသိမိတ်ဆွေများအား စပြောဆိုနေကြပြီ။ (တ. ၂:၁၁) ယခု ဤသူများကို လူထုဓမ္မအမှုတွင် ပါဝင်ရန် ဖိတ်ခေါ်နိုင်မည်လော။
၅ ဧပြီလအတွင်း လယ်ကွင်းလုပ်ငန်း၌ ကျွန်ုပ်တို့နှင့်အတူ ပါဝင်နိုင်သည့်အဆင့်ရှိ လူသစ်များကို အထူးကြိုးစားဖိတ်ခေါ်သင့်သည်။ သင့်သင်အံမှုသည် ယင်းသို့ပြုရန် စိတ်ဆန္ဒတင်ပြသလော။ သို့ဖြစ်လျှင် ကျမ်းစာဆိုင်ရာ တောင်းဆိုချက်များနှင့် သူတို့ကိုက်ညီသလော။ (မိမိတို့ဓမ္မအမှုစာအုပ် စာမျက်နှာ ၁၂၂-၅ ရှု။) သင်သားသည် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန် ဆန္ဒရှိသည့်အခါ သူ၏အလားအလာတို့ကို ဦးစီးကြီးကြပ်မှူးနှင့် ဆွေးနွေးပါ။ သူသည် ယင်းကိစ္စကို အကြီးအကဲနှစ်ဦး လေ့လာကြည့်ရန် စီစဉ်ပါမည်။ သင်အံမှုပြုသူသည် နှစ်ခြင်းမခံရသေးသည့် ကြေညာသူဖြစ်ရန် အရည်အချင်းပြည့်မီလျှင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် သူ့အား ဖိတ်ခေါ်ပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးများနှင့် စာအုပ်ကြီးသင်တန်းမှူးများသည် ဧပြီလတွင် စတင်ကြေညာနိုင်ရန် အရည်အချင်းရှိသူများကို အကူအညီပေးရန် အထူးသတိပြုသင့်သည်။
၆ မိဘများလည်း မိမိတို့သားသမီးများသည် နှစ်ခြင်းမယူရသေးသော ကြေညာသူများအဖြစ်သို့ တက်လှမ်းနိုင်မနိုင် ဆင်ခြင်သုံးသပ်နိုင်သည်။ (ဆာ. ၁၄၈:၁၂၊ ၁၃) သင့်ကလေးသည် နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်ပြောဆိုလို၍ သူသည် အမူအကျင့်ကောင်းမည်ဆိုလျှင် ယင်းကိစ္စကို လုပ်ငန်းတော်ကော်မတီဝင် အကြီးအကဲတစ်ဦးနှင့် တိုင်ပင်လိုပေမည်။ သင်နှင့်သင့်ကလေးကိုတွေ့ဆုံပြီးနောက် ကြေညာသူအဖြစ် ရေတွက်ရန် အရည်အချင်းရှိမရှိ အကြီးအကဲနှစ်ဦး ဆုံးဖြတ်ပေမည်။ ကလေးသူငယ်များသည် ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြသည့်အခါ အထူးဝမ်းသာအားရစရာဖြစ်သည်တကား!
၇ ကျွန်ုပ်တို့၏ မြင့်မြတ်သောဝတ်ပြုမှုကို ယေဟောဝါသာလျှင် ရထိုက်တော်မူ၏။ (လု. ၄:၈) ကိုယ်တော်အား “အလွန်” အထူးချီးမွမ်းခွင့်ရထားခြင်းကို ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် အခွင့်အရေး ယူကြစို့။—ဆာ. ၁၀၉:၃၀; ၁၁၃:၃။