အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
၁ စက်တင်ဘာလတွင်စတင်ကျင်းပမည့် အထူးအစည်းအဝေးနေ့အစီအစဉ်သစ်အတွက် အဓိကခေါင်းစဉ်မှာ “ယေဟောဝါ၏သွန်သင်ခြင်းခံရသူများဖြစ်ပါ” ဟူ၍ဖြစ်သည်။ (ယော. ၆:၄၅) ယေဟောဝါထံမှလာသည့် မြင့်မြတ်သောသွန်သင်ခြင်းသည် ကျွန်ုပ်တို့အား ကျေနပ်ရောင့်ရဲသောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် အမှန်ပင်ကူညီပေးပါသည်။ ယင်းက ကျွန်ုပ်တို့အတွင်း၌ ဝိညာဏအမွေအနှစ်ကို အလွန်နှစ်သက်တန်ဖိုးထားလေးမြတ်စိတ် တိုးပွားလာစေသည်။ အခြားသူများသတင်းကောင်းကြားရန် ကူညီပေးဖို့ ကျွန်ုပ်တို့၏ ကြိုးစားလုပ်ဆောင်မှုက ကျွန်ုပ်တို့အားအဖွဲ့အစည်းအတွက်အသုံးဝင်သောအဖွဲ့ဝင်ဖြစ်စေသည်။ ဤအထူးအစည်းအဝေးနေ့က ယေဟောဝါ၏သွန်သင်ခြင်းခံရသူများခံစားရသည့် ရွှင်လန်းမှုကောင်းချီးများကို အဓိကပေါ်လွင်စေမည်။
၂ အစီအစဉ်က မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများနှင့် လောကီပညာ၏အန္တရာယ်များကို ခွဲခြားတင်ပြသွားမည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာပေါ်အခြေပြုထားသော ပညာရေးဖြစ်သည့်—အမြင့်မားဆုံးသောပညာရေးနည်းစနစ်ကို ယေဟောဝါမည်သို့ပြင်ဆင်ပေးသည်ကို ပို၍ရှင်းလင်းစွာနားလည်လာမည်။ ယေဟောဝါသွန်သင်ပေးသော ကျွန်ုပ်တို့ကိုကျေနပ်ပျော်ရွှင်မှုခံစားရစေသည့် ဝတ်ပြုရေးကဏ္ဍသုံးခုအပေါ်တွင် အလေးထားတင်ပြသွားမည်။ ထို့အပြင်၊ လူငယ်များ ဒါဝိဒ်နှင့်တိမောသေတို့ကဲ့သို့ အထူးကောင်းမွန်သည့်ကျမ်းစာပုံသက်သေများကိုအတုယူရန်နှင့် ဝိညာဏလုပ်ဆောင်မှုများဖြင့်ဝန်းရံထားသည့် သူတို့၏အသက်တာကိုတည်ဆောက်ပေးရန်အားပေးခံရမည်။ အသက်ကြီးသူများ၏သစ္စာရှိမှုကို အလေးထားတင်ပြခြင်းကလည်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေမည်ဖြစ်သည်။ အရည်အချင်းပြည့်မီသော ဆက်ကပ်အပ်နှံလူသစ်များသည် နှစ်ခြင်းခံနိုင်မည်ဖြစ်သည်။ သူတို့သည် စည်းဝေးနေ့မတိုင်မီကြိုတင်၍ မိမိတို့၏ဆန္ဒကိုဦးစီးကြီးကြပ်မှူးအား ကြိုတင်အသိပေးသင့်သည်။
၃ အထူးအစည်းအဝေးနေ့၏အဓိကဟောပြောချက်ခေါင်းစဉ်မှာ “ယေဟောဝါအလိုတော်ဆောင်ရန် ကိုယ်တော်၏သွန်သင်ခြင်းကိုခံယူခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးအဘယ်ကြောင့် ဆက်ပြီးသင်ယူနေရန်လိုကြောင်း၊ ယုံကြည်ခြင်းခိုင်မြဲသွားရန်၊ တိုးတက်ရင့်ကျက်ဖို့ ဆက်ပြုလုပ်သွားရန်လိုကြောင်းများကို အလေးထားဟောပြောသွားမည်။ ထာဝရအသက်ရစေသောသမ္မာတရားကို အခြားသူများအားသင်ကြားပေးခြင်းဖြင့် ယေဟောဝါကိုတုပရန် ကျွန်ုပ်တို့တိုက်တွန်းခံရမည်။ များစွာသောသူတို့ကို ယေဟောဝါ၏သွန်သင်ခြင်းကိုခံရဖို့ အဖွဲ့အစည်းထုတ်စာပေများက မည်သို့ကူညီပေးပုံကိုတင်ပြရန် တည်ဆောက်မှုဖြစ်စေသော တွေ့ ကြုံမှုများပါဝင်မည်။ ယေဟောဝါ၏ ကမ္ဘာချီသွန်သင်ခြင်းအစီအစဉ်၏အကျိုးဖြစ်ထွန်းသော ပြီးမြောက်အောင်မြင်မှုများကို ပေါ်လွင်စေမည်။
၄ တက်ရောက်ရန် အသေအချာစီစဉ်ထားပါ။ စိတ်ဝင်စားသူအားလုံးကို တက်ရောက်ရန်အားပေးပါ။ ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်၏ အကြောင်းကောင်းများစွာကို သွန်သင်ခံရဖို့ မျှော်လင့်စောင့်စားနေပါ။—ဟေရှာ. ၃၀:၂၀။