၁၉၉၈ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း
သင်ကြားမှုခံယူခြင်းဟူသည် “သတ်သတ်မှတ်မှတ်အသိပညာ သို့မဟုတ် အတတ်ပညာကို သွန်သင်လေ့ကျင့်မှုခံယူခြင်း” ဖြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်မှတစ်ဆင့် ကျွန်ုပ်တို့သည် ဘုရားသခင်အားသိကျွမ်းခြင်းပညာဖြင့် မပြတ်လေ့ကျင့်မှုခံရကြသည်။ ဤကျောင်းတွင်ပါဝင်ခြင်းက ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့် သွန်သင်ခြင်းစွမ်းရည်များကိုလည်းတိုးတက်စေသည်။ ၁၉၉၈ ခုနှစ်အတွက်ကျောင်းအစီအစဉ်က ကျွန်ုပ်တို့အား ဝိညာဉ်ရေးဘက်ဆက်လက်တိုးတက်ရန် အခွင့်အလမ်းများစွာကိုရရှိစေသည်။
နောက်နှစ်ကျောင်းအစီအစဉ်ကို သင်ဆန်းစစ်သုံးသပ်သောအခါ အခါအားလျော်စွာ တာဝန်နံပါတ် ၁ သည်ကင်းမျှော်စင် နှင့် “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” ကိုအခြေခံထားသည်ကို သင်သတိပြုမိပေမည်။ နံပါတ် ၃ နှင့် ၄ သည် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံပါမည်။ ထို့အပြင် နှိုးဆော်ချက်အနေနှင့် ကျောင်းအစီအစဉ်တွင် မည်သူမျှအချိန်မကျော်သင့်ပါ။
ကဏ္ဍသစ်တစ်ရပ်– တစ်ဦးစီအကျိုးရရှိရန် “ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်” ကိုပတ်စဉ်အတွက်သီချင်းနံပါတ်နှင့်တစ်ဆက်တည်း ကွင်းထဲ၌ဖော်ပြထားသည်။ ယင်းအပေါ် မည်သည့်ပတ်စဉ်ကျောင်းအစီအစဉ်အပိုင်းကိုမျှ အခြေမခံထားသော်လည်း ယင်းကိုလိုက်လျှောက်ရန် သင်ပန်းတိုင်ထားပါ။ ဤသို့ဖြင့် သင်သည် မလုပ်ဆောင်ရသေးပါက နေ့တိုင်း ကျမ်းစာဖတ်ရှုသည့်အလေ့အကျင့်ရရှိသွားမည်ဖြစ်သည်။
တာဝန်များ၊ သွန်သင်ချက်နှင့် ရေးဖြေစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်းသည့်အချက်အလက်များအတွက် “၁၉၉၈ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်” အပြင် အောက်တိုဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာမျက်နှာ ၃ တွင်ပါသည့်ညွှန်ကြားချက်များကို ကျေးဇူးပြု၍သေသေချာချာဖတ်ပါ။
သင်သည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းမသွင်းရသေးပါက ယခုစာရင်းသွင်းဖို့ သင့်အားဖိတ်ခေါ်ပါသည်။ ဤထူးခြားသောကျောင်းသည် ယေဟောဝါ၏ နှိမ့်ချမှုရှိသောသစ္စာနှံကျေးကျွန်များကို ဓမ္မအမှုဆောင်များအဖြစ် ပို၍အရည်အချင်းပြည့်ဝလာစေရန်လေ့ကျင့်ပေးရာတွင် အရေးကြီးအခန်းကဏ္ဍမှဆက်၍ပါဝင်လျက်ရှိသည်။—၁ တိ. ၄:၁၃-၁၆။