ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၈ စာ. ၁
  • အစည်းအဝေးများကို “သာ၍ကြိုးစား” တက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစည်းအဝေးများကို “သာ၍ကြိုးစား” တက်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခရစ်ယာန်အစည်းအဝေးများကို သင်အဘယ်ကြောင့် တက်ရောက်ရန်လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေဟောဝါကျွန်ုပ်တို့ကိုဦးဆောင်နေပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၄/၉၈ စာ. ၁

အစည်းအဝေးများကို “သာ၍ကြိုးစား” တက်ပါ

၁ အတူတကွစည်းဝေးခြင်းသည် ယေဟောဝါ၏လူမျိုးတော်အတွက် အစဉ်ပင်အရေးပါလာခဲ့သည်။ ဣသရေလလူများတွင် စစ်မှန်သောဝတ်ပြုရေး၏အချက်အချာများအဖြစ် ဗိမာန်တော်နှင့် တရားဇရပ်များ၊ မြင့်မြတ်သောပညာရေးနှင့် ပျော်ရွှင်ဖွယ်ပေါင်းသင်းမှုရှိခဲ့သည်။ အလားတူပင် ကနဦးခရစ်ယာန်များသည် အတူတကွစည်းဝေးခြင်းကို မရှောင်မလွှဲခဲ့ကြချေ။ ခဲယဉ်းသောဤနောက်ဆုံးကာလတွင် ဖိစီးမှုများနှင့်စုံစမ်းခြင်းများတိုးများလာသည်နှင့်အမျှ ကျွန်ုပ်တို့သည်လည်း အသင်းတော်စည်းဝေးများမှရရှိသည့် ဝိညာဏခွန်အားလိုအပ်ပြီး “သာ၍ကြိုးစားကြ” ရန်လိုသည်။ (ဟေဗြဲ ၁၀:၂၅) အစည်းအဝေးများတက်ရသည့်အကြောင်းရင်းသုံးခုကို သတိပြုပါ။

၂ ပေါင်းသင်းမှုအတွက်– ကျမ်းစာက ကျွန်ုပ်တို့ကို “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက်တည်ဆောက်ကြ” ရန်သြဝါဒပေးထားသည်။ (၁ သက်. ၅:၁၁) ဘုရားရေးရာပေါင်းသင်းမှုက ကျွန်ုပ်တို့၏စိတ်ကို အကြံအစည်ကောင်းများဖြင့် ပြည့်စေပြီး ကောင်းမှုများပြုရန် လှုံ့ဆော်ပေးသည်။ သို့သော် ကျွန်ုပ်တို့သည် တစ်သီးပုဂ္ဂလနေပါက မိုက်မဲသော၊ အတ္တဆန်သော သို့မဟုတ် စာရိတ္တယိုယွင်းသောအကြံအစည်များပင် စိတ်ကူးထဲဝင်လာတတ်သည်။—သု. ၁၈:၁။

၃ သွန်သင်ပေးရန်အတွက်– ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့၏နှလုံးထဲတွင် ဘုရားသခင်၏မေတ္တာတော်အမြဲရှင်သန်နေရန်စီစဉ်ပေးထားသည့် ကျမ်းစာသွန်သင်ချက်ဆိုင်ရာ ဆက်တိုက်အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ပေးပါသည်။ ယင်းတို့က “ဘုရားသခင်၏သြဝါဒအလုံးစုံကို” ကျင့်သုံးရာတွင် လက်တွေ့ကျညွှန်ကြားချက်ကိုပေးသည်။ (တ. ၂၀:၂၇၊ ကဘ) အစည်းအဝေးများက ကျွန်ုပ်တို့အား သတင်းကောင်းဟောပြောခြင်းနှင့်သွန်သင်ခြင်းအတတ်ပညာဖြင့် လေ့ကျင့်ပေးသည်၊ ယင်းတို့သည် ကျမ်းစာသမ္မာတရားလက်ခံမည့်သူများကို ရှာဖွေခြင်းနှင့်ကူညီပေးခြင်းမှရရှိသည့် ပြောမပြနိုင်သောရွှင်လန်းမှုကိုခံစားရရန် ယခုအခါ သာ၍လိုအပ်သောစွမ်းရည်များဖြစ်သည်။

၄ အကာအကွယ်အတွက်– ဆိုးသွမ်းသောဤလောကတွင် အသင်းတော်သည် စစ်မှန်သောဝိညာဏခိုလှုံရာ—ငြိမ်သက်ခြင်းနှင့်မေတ္တာလွှမ်းမိုးသည့် အေးငြိမ်းရာအရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် အသင်းတော်အစည်းအဝေးများတွင် တက်ရောက်နေသည့်အခါ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ် တန်ခိုးပါပါသြဇာလွှမ်းမိုးပြီး “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ ချူပ်တည်းခြင်း” အသီးများကိုသီးစေသည်။ (ဂလ. ၅:၂၂၊ ၂၃) အစည်းအဝေးများသည် ကျွန်ုပ်တို့အား ယုံကြည်ခြင်း၌ မြဲမြံခိုင်မာစွာရပ်တည်နိုင်စေသည်။ ယင်းတို့သည် ရင်ဆိုင်ရမည့်စုံစမ်းခြင်းများအတွက် အသင့်ရှိရန်ပြင်ဆင်ပေးသည်။

၅ အစည်းအဝေးမှန်မှန်တက်ခြင်းအားဖြင့် ဆာလံ ၁၃၃:၁၊ ၃ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဆာလံဆရာဖော်ပြထားသည့်အရာကို ကျွန်ုပ်တို့တွေ့ ကြုံခံစားရသည်– “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။” ယနေ့ ဘုရားသခင်၏လူမျိုးတော်သည် အတူတကွဝတ်ပြု၍တွေ့ဆုံကြသည့်အခါတိုင်းတွင် “ထိုသို့နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ