ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၈ စာ. ၈
  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၄/၉၈ စာ. ၈

မဂ္ဂဇင်းများက နိုင်ငံတော်ကိုကြေညာ

၁ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဇွဲနပဲဖြင့်ဟောပြောခြင်းကြောင့် လူသိများကြသည်။ ကျွန်ုပ်တို့ဝေငှသော ကင်းမျှော်စင်နှင် နိုးလော့!မဂ္ဂဇင်းများသည် သန်းပေါင်းများစွာသောလူတို့အား ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကိုသိရှိရန် ကူညီပေးရာတွင် များစွာအရေးပါသောကဏ္ဍမှပါဝင်သည်။ ယင်းတို့တွင်ပါသောသတင်းတရားသည် အမှန်ပင်သတင်းကောင်းဖြစ်၏။ အကြောင်းမှာ ယင်းက လူသားအတွက် တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ကို ကြေညာပေးသောကြောင့်တည်း။

၂ မဂ္ဂဇင်းများက လူတို့၏အမှန်လိုအပ်ချက်များ—စိတ်ပိုင်း၊ လူမှုရေးနှင့် ဝိညာဉ်ရေး—ကိုဖြည့်ဆည်းပေးသည်။ နေရာအနှံ့တွင် စာရိတ္တနှင့်မိသားစုစံနှုန်းများပျက်ပြားနေရာ ကင်းမျှော်စင်နှင့် နိုးလော့!သည် ကျမ်းစာမူများကိုမည်သို့ကျင့်သုံးရမည်ကို တင်ပြပေးခြင်းဖြင့် လူတို့၏ဘဝအရည်အသွေးတိုးတက်လာရန် ကူညီပေးသည်။ ဧပြီနှင့် မေလအတွင်း ထိုမဂ္ဂဇင်းများကို ပျော်ရွှင်စွာဝေငှကြမည်။

၃ ယင်းတို့သည် အမှန်ပင်ဆွဲဆောင်မှု ရှိ– ကမ္ဘာ့လူသားထုအားလုံးနီးပါး၏ဘာသာစကားများဖြင့် ကင်းမျှော်စင်နှင့် နိုးလော့!ကို ရရှိနိုင်သည်။ ယင်းကြောင့် ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို လူသိများခြင်းဖြစ်သည်။ ယင်းတို့က လူတို့ကိုဆွဲဆောင်မှုဖြစ်စေသည့်အကြောင်းတချို့ကို ဤတွင်ဖော်ပြထားသည်–

▪ သမာဓိနှင့်သမ္မာတရားဂျာနယ်များအနေနှင့် ယင်းတို့သည် အကောင်းနှင့်အဆိုးကွာခြားချက်ကို ရှင်းလင်းစွာတင်ပြသည်။

▪ ယင်းတို့က ကမ္ဘာမြေကြီးကို ကိုယ်တော်၏နိုင်ငံတော်အုပ်စိုးမှုအောက်ရောက်ရှိစေမည်ဟူသည့် ဘုရားသခင့်ကတိတော်ကိုအခြေခံ၍ ဖြောင့်မတ်သောပရဒိသုဖြစ်ပေါ်လာမည်ဟူသောမျှော်လင့်ချက်ကိုပေးသည်။

▪ ကျယ်ပြန့်သော အခန့်သင့်အကြောင်းအရာမျိုးစုံကို တင်ပြထားရာ နောက်ခံနှင့်ယဉ်ကျေးမှုအသီးသီးရှိလူတို့အတွက် ဆွဲဆောင်မှုဖြစ်စေသည်။

▪ ဆောင်းပါးများသည် လိုရင်းတိုရှင်းဖြစ်သည်၊ ပညာပေးသည်၊ ဖြစ်ရပ်မှန်ဖြစ်သည်၊ စိတ်စွန်းကွက်မှုနှင့် အလျှော့ပေးလိုက်လျောမှုကင်းသည်။

▪ ဆွဲဆောင်မှုရှိသောရုပ်ပုံများက ချက်ချင်းစိတ်ဝင်စားစေပြီး ရှင်းလင်းသောအရေးအသားပုံစံက မဂ္ဂဇင်းများကိုဖတ်ရလွယ်စေသည်။

၄ ယင်းတို့ကိုကျယ်ကျယ်ပြန့်ပြန့်ဝေငှပါ– မဂ္ဂဇင်းဝေငှရာတွင်ထိရောက်မှုရှိခြင်းဟူသည် ကျွန်ုပ်တို့၏တင်ဆက်ပုံများကိုပြင်ဆင်ခြင်း၊ အချိန်ဇယားဆွဲခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းကိုဖွဲ့စည်းစီစဉ်ခြင်းတို့တွင် ဝီရိယရှိခြင်းအပေါ် များစွာမူတည်သည်။ စက်တင်ဘာ ၁၉၉၅ နှင့် အောက်တိုဘာ ၁၉၉၆ ထုတ်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် လက်တွေ့ကျအကြံပြုချက်များပေးထားပြီး ယင်းတို့ကို ပြန်သုံးသပ်၍အသုံးပြုလျှင်ကောင်းပေမည်။

၅ မဂ္ဂဇင်းများနှင့် အကျွမ်းတဝင်ရှိပါ– လထုတ်တိုင်းကိုသင်ဖတ်စဉ် ယင်းကိုတန်ဖိုးထားမည့်သူတစ်စုံတစ်ဦးကို စဉ်းစားပါ။ သင်တင်ဆက်ရာတွင်ကိုးကားနိုင်သည့် တိကျသောအချက်များ သို့မဟုတ် ကျမ်းချက်များကိုရှာဖွေပါ။ အစပြုစကားပြောဆိုရန်နှင့် အကြောင်းအရာတွင်စိတ်ဝင်စားမှုကို နှိုးဆွပေးရန် သင်မေးနိုင်သောမေးခွန်းတစ်ခုကို စဉ်းစားပါ။

၆ လူတို့အားတင်ဆက်ပုံကို အလိုက်သင့်ပြောင်းပေးပါ– အသိအကျွမ်းတစ်ဦးဖြစ်စေ၊ သူစိမ်းတစ်ဦးဖြစ်စေ အမျိုးသား၊ အမျိုးသမီး၊ လူကြီး သို့မဟုတ် လူငယ်တစ်ဦးအတွက် အလိုက်သင့်ပြောင်းနိုင်သော ရိုးရိုးကလေးဖြစ်ပြီးပြောင်းသာလဲသာရှိသောတင်ဆက်ပုံကို ပြင်ဆင်ပါ။

၇ ကင်းမျှော်စင်နှင့် နိုးလော့!ဝေငှရန်နိုးကြားပါ– မဂ္ဂဇင်းများသည် လွယ်အိတ်၊ လက်ဆွဲအိတ် သို့မဟုတ် အိတ်ကပ်တွင် အလွယ်တကူဆံ့သောကြောင့် ခရီးသွားသောအခါ သို့မဟုတ် ဈေးဝယ်သွားသောအခါ ကျွန်ုပ်တို့နှင့်တစ်ပါတည်းယူဆောင်သွားနိုင်သည်။ ဆွေမျိုးများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ဆောင်ဖက်များ၊ ကျောင်းနေဖက်များ သို့မဟုတ် ဆရာဆရာမများကိုစကားပြောသည့်အခါ ယင်းတို့ကိုဝေငှပါ။ မဂ္ဂဇင်းများနှင့်သက်သေခံရန် တစ်ပတ်လျှင်တစ်ရက်ကို သတ်မှတ်ထားပါ။

၈ မဂ္ဂဇင်းများကို တန်ဖိုးထားကြောင်း တင်ပြပါ– ယင်းတို့သည် မည်သည့်အခါမျှတန်ဖိုးလျော့မသွားပါ။ အချိန်များကုန်လွန်သွားခြင်းက ယင်းတို့တွင်ပါသော သတင်းတရား၏အရေးပါမှုကို လျော့မသွားစေပါ။ အမှန်မှာ ကျွန်ုပ်တို့ရရှိသောမဂ္ဂဇင်းအားလုံးကို ဝေငှရန်အထူးကြိုးစားမည်ဆိုလျှင် လထုတ်အဟောင်းများသည် စင်ပေါ်တွင်စုပုံနေစရာအကြောင်းမရှိပေ။

၉ အလွတ်သဘောသက်သေခံခြင်းသည် ထိရောက်– ယင်းသည် လူမြောက်မြားစွာကို မဂ္ဂဇင်းဝေငှရန် အကောင်းဆုံးနည်းတစ်ခုဖြစ်သည်။ ကြေညာသူအချို့သည် ဈေးနေ့များ၌ လူစည်ကားသောလမ်းမများတွင် မကြာမကြာမှန်မှန်အမှုဆောင်ကြသည်။

၁၀ စီးပွားရေးရပ်ကွက်သည် အကျိုးဖြစ်ထွန်း– တစ်ဆိုင်မှတစ်ဆိုင်သက်သေခံရာတွင် လူမတွေ့ရသည့်ဆိုင်မရှိသလောက်ပင်။ စီးပွားရေးသမားအများစုမှာ ရည်မွန်ကြပြီး အများသောသူတို့သည် မဂ္ဂဇင်းများကို ဝမ်းမြောက်ဝမ်းသာဖြင့်လက်ခံယူကြသည်။ လက်ရှိလုပ်ဆောင်နေသောစီးပွားရေးလုပ်ငန်းတစ်ရပ်အတွက် သင့်လျော်သည့်ဆောင်းပါးများကို တင်ပြပါ။

၁၁ မဂ္ဂဇင်းလမ်းကြောင်းများသည် အလားအလာရှိ– မဂ္ဂဇင်းများကို တစ်လနှစ်ကြိမ်ထုတ်သောကြောင့် ယင်းတို့ကိုဖတ်ရှုသူများထံပြန်သွားပြီး နောက်လထုတ်များကိုပြခြင်းသည် သင့်လျော်ပေသည်။ မဂ္ဂဇင်းဝေငှဖို့သာမဟုတ်ဘဲ သမ္မာကျမ်းစာတွင် ထိုသူ၏စိတ်ဝင်စားမှုတိုးပွားလာစေရန် ပြန်လည်ပတ်မှုများကို မှန်မှန်လုပ်သင့်သည်။ မဂ္ဂဇင်းလမ်းကြောင်းများသည် ကျမ်းစာသင်အံမှုများရရှိစေနိုင်သည့် အထူးကောင်းမွန်သောဇာစ်မြစ်များဖြစ်ပါသည်။

၁၂ ဧပြီနှင့်မေကို အစွမ်းကုန်အသုံးချပါ– ကင်းမျှော်စင်နှင့် နိုးလော့!သည် ယင်းကိုလေးမြတ်သည့် စာဖတ်သူသန်းပေါင်းများစွာတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားသည်။ နိုင်ငံတော်ကိုကြေညာရာတွင် အလွန်ထိရောက်သောကြောင့် ယင်းတို့ကို ကျွန်ုပ်တို့နှင့်တစ်ပါတည်းယူဆောင်သွားပြီး အခွင့်အရေးရတိုင်းဝေငှခြင်းကို မဖြစ်မနေလုပ်ဆောင်သင့်သည်။ ဧပြီနှင့်မေလသည် မဂ္ဂဇင်းဝေငှရန်အတွက် ထူးခြားသောလများဖြစ်ကြောင်း သက်သေထူနိုင်ကြပါစေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ