ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၈ စာ. ၃-၄
  • အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • မလွဲမရှောင် ပြန်လည်ပတ်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ကျမ်းစာသင်အံမှုများကို သင်ကမ်းလှမ်းနေသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၄/၉၈ စာ. ၃-၄

အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ

၁ ယေဟောဝါဘုရားသခင်သည် မိမိ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ဆက်လက်တိုးပွားမှုဖြင့် ကောင်းချီးပေးနေတော်မူသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ ၃၇၅,၉၂၃ ယောက်—ပျမ်းမျှအားဖြင့် နေ့စဉ် ၁,၀၀၀ ကျော် သို့မဟုတ် တစ်နာရီလျှင် ၄၃ ဦးခန့်နှစ်ခြင်းခံခဲ့ကြသည်! ကမ္ဘာ့ဒေသအသီးသီးတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဆယ်စုနှစ်များစွာ အခက်အခဲများရင်ဆိုင်ခဲ့ရနိုင်သည့်ကြားမှ နိုင်ငံတော်လုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းနေပြီး ထူးခြားသောတိုးတက်မှုများကို တွေ့ ကြုံခံစားခဲ့ကြရသည်။ သတင်းကောင်းကိုဖြန့်ချိရာတွင် တိုးတက်နေသည်ကိုဖတ်ရခြင်းသည် မည်မျှအားတက်စရာပါတကား!

၂ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်၌ မြန်မာပြည်ဌာနခွဲတွင်လည်း စုစုပေါင်းပျမ်းမျှကြေညာသူနှင့်အရန်ရှေ့ဆောင်၊ ဟောပြောခြင်းတွင်သုံးသည့်နာရီနှင့် ဝေငှသည့်စာအုပ်ငယ်၊ ဘရိုရှာနှင့် မဂ္ဂဇင်းအရေအတွက်တွင် တိုးတက်သည်ကိုတွေ့ရသည်။ နှစ်ခြင်းခံသူအရေအတွက်တွင် တိုးတက်ပြီး တစ်ခါမျှမရဖူးသည့် သတိရအောက်မေ့ပွဲတက်ရောက်သူ အများဆုံးအရေအတွက်ကိုရရှိခဲ့သည်။ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုလုပ်ငန်းတွင်ကော အသို့နည်း။ စုစုပေါင်းပြန်လည်ပတ်မှုအရေအတွက်တွင်ကျပြီး ကျမ်းစာသင်အံမှုတွင် ၅-ရာခိုင်နှုန်းလျော့ကျသွားသည်။ သို့ဖြစ်စေကာမူ ဓမ္မအမှု၏ဤကဏ္ဍရပ်များသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်ရာများဖြစ်သည်။ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုတွင် ဤကျဆင်းမှုကို ပြန်တက်လာစေရန် ကျွန်ုပ်တို့တစ်ဦးစီဘာလုပ်နိုင်သနည်း။

၃ သင်အံမှုကျင်းပလိုသောဆန္ဒကိုသန်မာစေပါ– ဝိညာဉ်ရေးအရ သန်စွမ်းပြီးတက်ကြွမှုရှိနေရေးကို ကျွန်ုပ်တို့ကိုယ်တိုင်အာရုံစူးစိုက်ရန်လိုသည်။ ခရစ်တော်၏နောက်လိုက်စစ်များသည် “ကောင်းသောအကျင့်ဘက်၌စိတ်အားကြီး” ကြသည်။ (တိ. ၂:၁၄) ကျွန်ုပ်တို့၏ဓမ္မအမှုကိုသုံးသပ်သောအခါ မိမိလယ်ကွင်းတွင် စာပေဝေငှထားခဲ့ရာအားလုံးထံပြန်သွားရန် အလွန်စိတ်အားထက်သန်ကြသည်ဟု ကျွန်ုပ်တို့ဆိုနိုင်ပါမည်လော။ စိတ်ဝင်စားမှုပြသူအားလုံးကို အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းရာတွင် ကျွန်ုပ်တို့အားတက်သရောရှိသလော။ (ရော. ၁၂:၁၁) သို့မဟုတ် ကျွန်ုပ်တို့သည် ပြန်လည်ပတ်မှုများလုပ်ရန်နှင့် ကျမ်းစာသင်အံမှုများစရန် သာ၍ပြင်းပြသည့်ဆန္ဒတိုးပွားဖို့လိုသလော။

၄ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်း၊ အစည်းအဝေးမှန်မှန်တက်ခြင်းနှင့် စာပေများကိုလေ့လာခြင်းက ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ ရှင်သန်စေပြီး ဘုရားသခင့်ဝိညာဉ်တော်တန်ခိုးကို ရရှိစေမည်ဖြစ်သည်။ (ဧ. ၃:၁၆-၁၉) ယင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ ယေဟောဝါကိုယုံကြည်စိတ်ချမှုနှင့် လူသားချင်းကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို သန်မာစေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူတစ်စုံတစ်ဦးအား သမ္မာတရားသင်ကြားပေးရန် လှုံ့ဆော်ခံရမည်ဖြစ်ပြီး ၎င်းအားဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုသည် စိတ်ဝင်စားဖွယ်ကောင်းပြီး အောင်မြင်မှုရရှိကာ အားတက်စရာဖြစ်စေမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ကျမ်းစာသင်အံမှု ပို၍များများ ရလိုစိတ်ရှိသင့်ပါသည်!

၅ မိသားစုနှင့် ဦးစွာသင်အံမှုပြုပါ– အိမ်တွင်နေသောကလေးများရှိသည့် ခရစ်ယာန်မိဘတို့သည် မိသားစုနှင့် ကျမ်းစာသင်အံမှုမှန်မှန်လုပ်သည့်အစီအစဉ်ကို စိတ်ဝင်စားသင့်သည်။ (တရား. ၃၁:၁၂; ဆာ. ၁၄၈:၁၂၊ ၁၃; သု. ၂၂:၆) နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ်အရည်အချင်းပြည့်မီရန်နှင့် ဆက်ကပ်အပ်နှံနှစ်ခြင်းခံရန်အတွက် ပြင်ဆင်ပေးဖို့ မိဘများသည် မိမိတို့၏သားသမီးများနှင့် တောင်းဆိုဘရိုရှာ၊ ယင်းနောက် အသိပညာစာအုပ်တို့ဖြင့် သင်အံမှုလုပ်ခြင်းသည် အလွန်ပင်အကျိုးရှိပေမည်။ ကလေး၏လိုအပ်ချက်နှင့် အသက်အရွယ်ပေါ်မူတည်ပြီး ထပ်ဆင့်အကြောင်းအရာများကို သုံးသပ်နိုင်ပေသည်။ နှစ်ခြင်းမခံရသေးသောသားသမီးတစ်ဦးနှင့် သင်အံမှုလုပ်သောမိဘတစ်ဦးသည် ဇွန် ၁၉၈၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမေးခွန်းသေတ္တာတွင် ဖော်ပြထားသည့်အတိုင်း သင်အံမှု၊ အချိန်နှင့် ပြန်လည်ပတ်မှုများကို စာရင်းထည့်သွင်းနိုင်သည်။

၆ ကိုယ်ပိုင်စီစဉ်ဆောင်ရွက်မှုကို တိုးတက်စေပါ– ဝေငှရသည့်မဂ္ဂဇင်း၊ ဘရိုရှာနှင့် စာအုပ်ကြီးအရေအတွက်ကိုသုံးသပ်လျှင် မျိုးစေ့ပမာဏများစွာသည် ပျံ့နှံ့နေသည်မှာ ယုံမှားဖွယ်မရှိချေ။ ကြဲထားသောဤသမ္မာတရားမျိုးစေ့များသည် တပည့်သစ်များပေါ်ထွက်လာရန် အလားအလာများစွာရှိစေသည်။ သို့သော် လယ်သမားတစ်ဦး သို့မဟုတ် ဥယျာဉ်မှူးတစ်ဦးသည် ဆက်၍သာစိုက်ကာ အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပြီးနောက် ရိတ်သိမ်းရန် ဘယ်သောအခါမျှအချိန်မယူပါက အမှန်တကယ်ကျေနပ်မှုရမည်လော။ ဝေးလေစွ။ အလားတူပင် ဓမ္မအမှုတွင် ပြန်လည်ပတ်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။

၇ ပြန်လည်ပတ်ရန် အချိန်ဇယားကို သင် မှန်မှန်ဆွဲပါသလော။ စိတ်ဝင်စားသူအားလုံးထံ ချက်ချင်းပြန်သွားပါ။ ကျမ်းစာသင်အံမှုစရန်ရည်ရွယ်ချက်ဖြင့် ပြန်လည်ပတ်ပါ။ သင့် လည်ပတ်မှုမှတ်တမ်းသည် သေသပ်ပြီး နောက်ဆုံးအကြောင်းအချက်များဖြစ်ကာ စနစ်တကျရှိသလော။ အိမ်ရှင်၏ အမည်၊ လိပ်စာနှင့်တွဲ၍ ဦးဆုံးအကြိမ်သွားရောက်သည့်နေ့စွဲ၊ ဝေငှသည့်စာပေ၊ ဆွေးနွေးခဲ့သည့်အကြောင်းအရာအကျဉ်းချုပ်နှင့် နောက်တစ်ခါလည်ပတ်ချိန်တွင် အကျယ်တဝင့်တင်ပြနိုင်သည့်အချက်တစ်ချက်ကို ရေးမှတ်ထားရန်သေချာစေပါ။ လည်ပတ်မှုတစ်ခုပြီးတိုင်း ထပ်ဆင့်အချက်အလက်များကို ဖြည့်စွက်ရေးမှတ်ရန်အတွက် သင့်မှတ်တမ်းတွင် နေရာလပ်ထားပေးပါ။

၈ ပြန်လည်ပတ်မှုပြုလုပ်နိုင်ပုံကို ဆန်းစစ်ပါ– စိတ်ဝင်စားသူတစ်ဦးထံ ပြန်လည်ပတ်သောအခါ စွဲမှတ်ထားရမည့်အချက်အချို့ကား အဘယ်နည်း။ (၁) လှိုက်လှဲပျူငှာပါ၊ ဖော်ရွေပါ၊ အားတက်သရောနှင့် လွတ်လွတ်လပ်လပ်ရှိစေပါ။ (၂) သူ့အားစိတ်ဝင်စားစေမည့် အကြောင်းအရာ သို့မဟုတ် မေးခွန်းများကိုဆွေးနွေးပါ။ (၃) ရိုးရိုးကလေးနှင့် ကျမ်းစာအခြေပြုဆွေးနွေးခန်းဖြစ်စေပါ။ (၄) လည်ပတ်မှုတိုင်းတွင် အိမ်ရှင်အား သူ့အတွက်အကျိုးရှိသည်ဟု အသိအမှတ်ပြုစေမည့်အရာတစ်ခုကို သင်ပေးရန်ကြိုးစားပါ။ (၅) နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ဆွေးနွေးမည့်အကြောင်းအရာအတွက် မျှော်လင့်နေဖို့ ဖန်တီးပေးပါ။ (၆) အချိန်သိပ်ကြာကြာမနေပါနှင့်။ (၇) အိမ်ရှင်ကိုအကျပ်ရိုက်စေသော သို့မဟုတ် သူ့အား အခက်တွေ့စေသောမေးခွန်းများကို မမေးပါနှင့်။ (၈) ဝိညာဉ်ရေးကိုတန်ဖိုးထားလေးစားရန် ပြုစုပျိုးထောင်မပေးမီ အိမ်ရှင်၏ရှုမြင်ချက်အမှားများ သို့မဟုတ် အကျင့်ဆိုးများကို ပြစ်တင်ရှုတ်ချခြင်းမပြုမိရန် ပိုင်းခြားတတ်သောဉာဏ်ကိုသုံးပါ။—ပြန်လည်ပတ်မှုများပြုလုပ်ရာတွင်နှင့် ကျမ်းစာသင်အံမှုများစရာတွင် အောင်မြင်မှုရနိုင်ပုံနှင့်စပ်လျဉ်း၍ ထပ်ဆင့်အကူအညီအတွက် မတ် ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ရှုပါ။

၉ ဖြစ်နိုင်သည့်အခြေအနေတိုင်းကို ရှာဖွေပါ– နိုင်ငံခြားတိုင်းပြည်တစ်ခုရှိ အသင်းတော်တစ်ခုတွင် အဆင့်မြင့်လုံခြုံရေးအဆောက်အအုံတစ်ခု၌ အိမ်ငှားအားလုံး၏အမည်နှင့် အခန်းနံပါတ်များကိုရရှိနိုင်ခဲ့သည်။ နေထိုင်သူတစ်ဦးစီထံ စာတစ်စောင်စီရေးပြီး ဝေစာနှစ်စောင်ကိုပါ ထည့်၍ပို့ပေးခဲ့ကြသည်။ စာ၏အဆုံးတွင် အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းထားပြီး စာကိုလက်ခံရရှိသူသည် တုံ့ပြန်နိုင်ရန် ဒေသခံဖုန်းနံပါတ်တစ်ခုကို ထည့်ထားပေးသည်။ ရက်အနည်းငယ်ကြာသော် လူငယ်တစ်ဦးသည် သင်အံမှုတောင်းဆိုခဲ့သည်။ နောက်နေ့တွင် လည်ပတ်မှုလုပ်ပြီး အသိပညာစာအုပ်ဖြင့် သင်အံမှုကိုအခြေချခဲ့သည်။ သူသည် ထိုညတွင်ပင် စာအုပ်ကြီးသင်တန်းတက်ပြီး အစည်းအဝေးအားလုံးကို ဆက်၍တက်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျမ်းစာကို နေ့စဉ်စဖတ်ခဲ့သည်။ သူသည် နှစ်ခြင်းခံရန်အတွက် ပုံမှန်တိုးတက်လာသည်။

၁၀ ကားအုပ်စုတစ်ခုရှိကြေညာသူများသည် လည်ပတ်မှုအချို့ကို အတူပြုလုပ်ကြရန်စီစဉ်ခဲ့သည်။ ညီအစ်မတစ်ဦးသည် သူမ၏လည်ပတ်မှုတစ်ခုကိုသွားသောအခါ သူမရှာသောသူသည် အိမ်တွင်မရှိသော်လည်း အခြားအမျိုးသမီးငယ်တစ်ဦးသည် တံခါးလာဖွင့်ပေးပြီး “ရှင်တို့ကိုကျွန်မစောင့်နေတာပါ” ဟုဆိုသည်။ အိမ်ရှင်သည် အသိပညာစာအုပ်ကို အသိအကျွမ်းတစ်ဦးထံမှ အစောပိုင်းက လက်ခံယူထားခဲ့သည်။ သူမ၏အိမ်ကို ညီအစ်မများလာရောက်လည်ပတ်ချိန်တွင် စာအုပ်တစ်အုပ်လုံးကို နှစ်ကြိမ်ဖတ်ပြီးပြီဖြစ်ကာ ယင်းတွင်ပါသောအကြောင်းအရာများကြောင့် စိတ်တွင်အလွန်စွဲမှတ်သွားသည်။ သူမထံလာပြီးကျမ်းစာသင်ပေးဖို့ ဆုတောင်းခဲ့ခြင်းကြောင့် ထိုနေ့တွင် ယေဟောဝါသက်သေများ သူမထံလာရောက်လည်ပတ်ကြသည်ကို တွေ့ရသောအခါ မအံ့သြကြောင်း သူမပြောပြသည်။ သင်အံမှုကိုစလိုက်ပြီး သူမသည် အသင်းတော်အစည်းအဝေးများကို စတက်ကာ အလျင်အမြန်တိုးတက်လာသည်။

၁၁ နှစ်ခြင်းခံပြီးသည်မှာ ၂၅ နှစ်နီးပါးရှိသောညီအစ်မတစ်ဦးသည် မကြာသေးမီက သူမ၏မိခင်အား အသိပညာစာအုပ်တစ်အုပ်ကိုပေးခဲ့သည်။ ချာ့ချ်အသင်းဝင်တစ်ဦးဖြစ်သူ သူမ၏မိခင်သည် စာအုပ်ကိုစဖတ်သည်။ အခန်းနှစ်ခုကိုဖတ်ပြီးသည့်နောက် သူမ၏သမီးကိုခေါ်ပြီး “ငါ ယေဟောဝါသက်သေတစ်ဦးဖြစ်ချင်တယ်” ဟုပြောရာ သမီးဖြစ်သူမှာ အံ့သြခဲ့ရသည်။ အမေဖြစ်သူသည် ကျမ်းစာစလေ့လာပြီး ယခုအချိန်တွင် နှစ်ခြင်းခံပြီးပြီဖြစ်သည်။

၁၂ ဤအကြံပြုချက်များကို စမ်းကြည့်ပါ– ကျမ်းစာသင်အံမှုစရန် တိုက်ရိုက်ချဉ်းကပ်နည်းကို သင်အသုံးပြုခဲ့ဖူးသလော။ သင် ဤသို့ရိုးရိုးကလေးပြောနိုင်သည်– “အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကိုအလိုရှိမယ်ဆိုရင် ဘယ်လိုလုပ်သလဲဆိုတာ မိတ်ဆွေကို မိနစ်အနည်းငယ်လောက်နဲ့ ပြပေးနိုင်ပါတယ်။ မိတ်ဆွေသဘောကျမယ်ဆိုရင် ဆက်ပြီးသင်နိုင်ပါတယ်။” လူများစွာတို့သည် ယင်းသို့သောကျမ်းစာသင်အံမှုလုပ်ပုံကိုပြရန် ကမ်းလှမ်းသည်ကို လက်ခံဖို့ဝန်မလေးဘဲ ကြည့်ရှုရန်လိုလိုလားလားရှိကြသည်။

၁၃ သင်အံမှုအစောပိုင်း၌ ပုံနှိပ်မေးခွန်းများကိုဖြေရာတွင် ညွှန်းထားသောကျမ်းချက်များကိုဖတ်ခြင်းနှင့် အဓိကအချက်များကို မျဉ်းသားခြင်းတို့ဖြင့် မည်သို့ပြင်ဆင်ရသည်ကို သင်သားအားပြပေးပါ။ အဓိကအချက်များကိုသာ အာရုံစူးစိုက်စေပါ။ ဦးဆုံးကျင်းပချိန်အနည်းငယ်တွင် အခြေအနေအရပြုလုပ်ဖို့လိုမည်ဖြစ်သော်လည်း ကျမ်းစာသင်အံမှုကို ပုံမှန်ကျင်းပသွားခြင်းသည်အရေးကြီးသည်။ သင်အံမှု၏အရေးပါသောအပိုင်းတစ်ခုအဖြစ် ဆုတောင်းချက်ကို မည်သို့အစပြုမည်နှင့် အတိုက်အခံအတွက် သင်သားအား ကျမ်းစာဖြင့်မည်သို့ပြင်ဆင်ပေးရမည်ကို စွဲမှတ်ထားပါ။ မည်သည့်နည်းဖြင့်မဆို သင်အံမှုကိုအသက်ဝင်စေပါ!

၁၄ ကျမ်းစာသင်သားအားလုံး၏ တိုးတက်မှုနှုန်းသည် မတူပါ။ အချို့သည် အခြားသူများလောက် ဝိညာဉ်ရေးကိုစိတ်မဝင်စားကြပါ၊ သင်ပေးသည့်အရာကို မြန်မြန်ဆန်ဆန်မခံယူကြပါ။ အခြားသူများမူ အလွန်အလုပ်များ၍ တစ်ပတ်လျှင် တစ်ခန်းကုန်အောင်သုံးသပ်ဖို့ လိုအပ်သည့်အချိန်ကို မပေးနိုင်ကြပါ။ ထို့ကြောင့် အချို့အခြေအနေများတွင် အချို့သောအခန်းများကိုပြီးစီးရန် သင်အံမှုတစ်ကြိမ်ထက်မကပြုလုပ်ရန်နှင့် တစ်အုပ်လုံးပြီးရန် နောက်ထပ်လအချို့အချိန်ယူရန် လိုအပ်ပေမည်။ အချို့အခြေအနေများတွင် တောင်းဆိုဘရိုရှာဖြင့် ဦးဆုံးသင်ပြီး ယင်းနောက် အသိပညာစာအုပ်ဖြင့် ဆက်၍သင်ပေမည်။ ယင်းနှင့်အတူ အသင်းတော်အစည်းအဝေးများကို သူတို့တက်ရောက်ခြင်းက သင်သားတစ်ဦးစီအား သမ္မာတရားတွင်အခြေခိုင်ရန် အကူအညီဖြစ်စေမည်။

၁၅ ထိုထက်ကား ကျမ်းစာသင်အံမှုအတွက် ဆုတောင်းပါ! (၁ ယော. ၃:၂၂) ခရစ်ယာန်တစ်ဦးအတွက် ကျေနပ်မှုအရရှိဆုံး တွေ့ ကြုံခံစားရသည့်အရာများမှတစ်ခုမှာ တစ်စုံတစ်ဦးအား ယေရှုခရစ်၏တပည့်တစ်ဦးဖြစ်လာရန်ကူညီပေးဖို့ ယေဟောဝါ၏အသုံးတော်ခံရခြင်းပင်ဖြစ်သည်။ (တ. ၂၀:၃၅; ၁ ကော. ၃:၆-၉; ၁ သက်. ၂:၈) ကျမ်းစာသင်အံမှုလုပ်ငန်းတွင် စိတ်အားကြီးမှုတင်ပြရမည့်အချိန်သည် ယခုပင်ဖြစ်ပြီး သင်အံမှု ပို၍များများစရန် ကျွန်ုပ်တို့၏ကြိုးစားမှုအပေါ် ကြွယ်ဝသောကောင်းချီးများ ယေဟောဝါချပေးတော်မူမည်ကို လုံးလုံးယုံကြည်စိတ်ချပါ!

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ကျမ်းစာသင်အံမှုအသစ်စရန် သင် ဆုတောင်းနေသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ