မေးခွန်းသေတ္တာ
▪ အစည်းအဝေးများကို ပို၍ထိရောက်မှုရှိစေရန် အကူအညီဖြစ်စေဖို့ ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။
အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများသည် အစည်းအဝေးများကိုဦးဆောင်ပြီး တာဝန်အများစုကိုကိုင်ရသောကြောင့် အသင်းတော်အစည်းအဝေးများအောင်မြင်ရန် ၎င်းတို့သာတာဝန်ရှိသည်ဟု အချို့သူတို့ယူမှတ်ကြပေမည်။ အမှန်မှာ၊ စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိသောအစည်းအဝေးများဖြစ်စေရန် ကျွန်ုပ်တို့အားလုံး ကိုယ်တိုင်ကိုယ်ကျပါဝင်ထောက်ကူနိုင်သည်။ အစည်းအဝေးများကို ပိုမိုထိရောက်စေရန် အောက်ဖော်ပြပါဆယ်နည်းဖြင့်ကူညီပေးနိုင်သည်–
ကြိုတင်ပြင်ဆင်ပါ။ ကောင်းစွာပြင်ဆင်သောအခါ အစည်းအဝေးများက ကျွန်ုပ်တို့၏စိတ်ဝင်စားမှုကိုဖမ်းယူထားသည်။ ကျွန်ုပ်တို့အားလုံး ထိုသို့လုပ်ဆောင်သောအခါ အစည်းအဝေးများသည် ပိုအသက်ဝင်ပြီး ပို၍တည်ဆောက်မှုဖြစ်စေသည်။ မှန်မှန်တက်ပါ။ တက်ရောက်သူများခြင်းက တက်ရောက်သူတိုင်းကို ပို၍အားရှိစေပြီး တက်ရောက်ခြင်း၏အရေးကြီးမှုအတွက် လေးမြတ်မှုကိုတိုးပွားစေသည်။ အချိန်မီရောက်ပါ။ အစီအစဉ်မစမီ ထိုင်ခုံတွင်ရှိနေမည်ဆိုလျှင် အဖွင့်သီချင်းနှင့်ဆုတောင်းချက်တွင်ပါဝင်နိုင်ပြီး ဤသို့ဖြင့် အစည်းအဝေးမှ အကျိုးအပြည့်အဝရရှိနိုင်မည်ဖြစ်သည်။ အပြည့်အစုံယူလာပါ။ ကျမ်းစာအုပ်နှင့် အစည်းအဝေးတွင်သုံးမည့်စာပေ (များ) ကိုယူလာခြင်းဖြင့် ဆွေးနွေးနေသည့်အကြောင်းအရာကို လိုက်ကြည့်နိုင်ပြီး ပိုသဘောပေါက်နိုင်သည်။ အာရုံပျံ့လွင့်စရာများကိုရှောင်ပါ။ ရှေ့တွင်ထိုင်လျှင် ပို၍နားထောင်နိုင်ပေမည်။ တီးတိုးစကားပြောခြင်းနှင့် အိမ်သာသို့မကြာခဏသွားခြင်းသည် ကျွန်ုပ်တို့နှင့်အခြားသူများကို အာရုံပျက်သွားစေနိုင်သည်။ ပါဝင်သူတစ်ဦးဖြစ်ပါ။ ကျွန်ုပ်တို့သည် ပို၍လက်ထောင်အဖြေပေးလေ ယုံကြည်ခြင်းတင်ပြချက်များအားဖြင့် ပို၍အားပေးတည်ဆောက်ခံရလေဖြစ်သည်။ တိုတုတ်သည့်အဖြေများကိုပေးပါ။ ယင်းက လူပို၍များများ ပါဝင်ရန်အခွင့်အရေးရစေသည်။ တိုတုတ်သည့်အဖြေများသည် လေ့လာနေသည့်အကြောင်းအရာနှင့်ဘောင်ဝင်သင့်သည်။ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားကျောင်းသူများအနေနှင့်ဖြစ်စေ၊ လုပ်ငန်းတော်စည်းဝေးတွင်ပါဝင်သူများအနေနှင့်ဖြစ်စေ ကောင်းစွာပြင်ဆင်ပါ၊ ကြိုတင်ပြီး အစမ်းလေ့ကျင့်ကာ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပါ။ ပါဝင်သူများကိုချီးမွမ်းပါ။ အခြားသူများအား သူတို့၏ကြိုးစားမှုကို မည်မျှလေးမြတ်ကြောင်းပြောပါ။ ယင်းက သူတို့အား တည်ဆောက်ပေးပြီး နောင်တွင် ပို၍ပင်ကောင်းအောင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ တစ်ဦးကိုတစ်ဦးအားပေးပါ။ အစည်းအဝေးမစမီနှင့် ပြီးသည့်အခါတွင် ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခြင်းနှင့် တည်ဆောက်စေသောစကားများပြောဆိုခြင်းသည် အစည်းအဝေးတက်ခြင်းမှ ကျွန်ုပ်တို့ရရှိသည့် ပျော်ရွှင်ကျေနပ်မှုနှင့် အကျိုးကျေးဇူးများကို ထပ်၍ဖြည့်စွက်ပေးသည်။