ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၁ စာ. ၉-၁၁
  • ဘုရားသခင်နဲ့ ခရစ်တော်အကြောင်း အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နဲ့ ခရစ်တော်အကြောင်း အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က ဘယ်သူလဲ
  • ဘုရားသခင်နဲ့ ခရစ်တော် ဘာကွာသလဲ
  • ဘုရားသခင်နဲ့ ရင်းနှီးဖို့ သင့်ကို ယေရှုခရစ် ကူညီပေးနိုင်
  • ‘လမ်းခရီး၊ အမှန်တရား၊ အသက်’
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယောဟန် ၁၄:၆—“ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်းဖြစ်တယ်။ အသက်လည်းဖြစ်တယ်။”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဘုရားသခင်​—ကိုယ်တော်ကား မည်သူနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၁ စာ. ၉-၁၁

ဘုရားသခင်နဲ့ ခရစ်တော်အကြောင်း အမှန်တရား

လူတွေဟာ ဘုရားများစွာကို ကိုးကွယ်နေကြပေမဲ့ စစ်မှန်တဲ့ဘုရားကတော့ တစ်ဆူတည်း ရှိတယ်။ (ယောဟန် ၁၇:၃) ကိုယ်တော်ဟာ အရာခပ်သိမ်းရဲ့ ဖန်ဆင်းရှင်၊ အသက်ရဲ့ရင်းမြစ်၊ “အမြင့်မြတ်ဆုံးအရှင်” ပါပဲ။ ကိုယ်တော်တစ်ပါးတည်းသာ ကိုးကွယ်ခံထိုက်တယ်။ —ဒံယေလ ၇:၁၈။ ဗျာဒိတ် ၄:၁၁။

ဘုရားသခင်က ဘယ်သူလဲ

ဖွင့်ထားတဲ့ ကျမ်းစာ

မူရင်းကျမ်းမှာပါတဲ့ ဘုရားရဲ့နာမည်​—အရေအတွက် အကြိမ် ၇,၀၀၀ ခန့်

ယေဟောဝါ​—ဘုရားနာမည်

သခင်၊ ဘုရား၊ ဖခင်​—ယေဟောဝါရဲ့ ဂုဏ်ပုဒ်တချို့

ဘုရားသခင့်နာမည်က ဘာလဲ။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ” လို့ ဘုရားကိုယ်တိုင် ပြောခဲ့တယ်။ (ဟေရှာယ ၄၂:၈) ကျမ်းစာထဲမှာ ဘုရားရဲ့နာမည် အကြိမ် ၇,၀၀၀ ခန့် ပါတယ်။ ဒါပေမဲ့ ဘာသာပြန်ကျမ်းများစွာမှာ ဒီနာမည်ကို “သခင်” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အစားထိုးထားတယ်။ ဘုရားသခင်က သင်နဲ့ မိတ်ဆွေဖြစ်ချင်တယ်။ ဒါကြောင့် “နာမတော်ကို ခေါ်” ဖို့ အားပေးထားတယ်။—ဆာလံ ၁၀၅:၁။

ယေဟောဝါရဲ့ ဂုဏ်ပုဒ်များ။ ကျမ်းစာမှာ ယေဟောဝါကို “ဘုရားသခင်၊” “အနန္တတန်ခိုးရှင်၊” “ဖန်ဆင်းရှင်၊” “အဖ၊” “သခင်၊” “အချုပ်အခြာအာဏာပိုင်ရှင်” စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ရည်ညွှန်း ခေါ်ဆိုတယ်။ ကျမ်းစာမှာပါတဲ့ ဆုတောင်းချက်များစွာမှာ ယေဟောဝါကို ရိုသေလေးစားတဲ့ ဂုဏ်ပုဒ်နဲ့ရော ယေဟောဝါဆိုတဲ့ နာမည်နဲ့ပါ ခေါ်ဆိုထားတယ်။—ဒံယေလ ၉:၄။

ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်။ ဘုရားသခင်ဟာ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ (ယောဟန် ၄:၂၄) “ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယောဟန် ၁:၁၈) ဘုရားရဲ့ ခံစားချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ လူတွေဟာ ဘုရားကို ဝမ်းနည်းအောင် လုပ်နိုင်တယ်၊ “နှစ်သက်” အောင်လည်း လုပ်နိုင်တယ်။—ပညာအလိမ္မာ ၁၁:၂၀။ ဆာလံ ၇၈:၄၀၊ ၄၁။

ဘုရားရဲ့ အံ့ဖွယ် ဂုဏ်ရည်တော်များ။ ဘုရားသခင်ဟာ လူမျိုး၊ နောက်ခံအားလုံးက လူတွေကို မျက်နှာမလိုက်ဘဲ ဆက်ဆံတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) ကိုယ်တော်ဟာ ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား’ လည်း ဖြစ်တယ်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) ဒါပေမဲ့ ဘုရားရဲ့ ဂုဏ်ရည်တော် ၄ ခုကတော့ အထူး နှစ်သက်စရာပါပဲ။

တန်ခိုး။ ဘုရားက “အနန္တတန်ခိုးရှင်” ဖြစ်လို့ ပေးထားသမျှ ကတိတွေကို ပြည့်စုံအောင်လုပ်နိုင်တဲ့ အကန့်အသတ်မဲ့ တန်ခိုးရှိတယ်။—ကမ္ဘာဦး ၁၇:၁။

ဉာဏ်ပညာ။ ဘုရားရဲ့ ဉာဏ်ပညာက ဘယ်သူ့ထက်မဆို သာလွန်တယ်။ “ဘုရားသခင်တစ်ဆူတည်းပဲ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ရောမ ၁၆:၂၇။

တရားမျှတခြင်း။ ဘုရားက မှန်ရာကိုပဲ အမြဲ လုပ်တယ်။ ကိုယ်တော် လုပ်သမျှက “ပြီးပြည့်စုံတယ်၊” “မတရားမှုကင်း” တယ်။—တရားဟောရာ ၃၂:၄။

ချစ်ခြင်းမေတ္တာ။ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်” တယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ ယောဟန် ၄:၈) ဘုရားက မေတ္တာအရည်အသွေး ပြရုံသာမကဘူး၊ ဘုရားကိုယ်တိုင်က ချစ်ခြင်းမေတ္တာဖြစ်တယ်။ ကိုယ်တော်လုပ်သမျှကို အဲဒီ အမြင့်မြတ်ဆုံးမေတ္တာက လွှမ်းမိုးထားတယ်။ အဲဒါက ကျွန်တော်တို့ကို နည်းလမ်းများစွာနဲ့ အကျိုးခံစားရစေတယ်။

ဘုရားနဲ့ လူတွေရဲ့ ရင်းနှီးမှု။ ဘုရားက ကျွန်တော်တို့ရဲ့ မေတ္တာရှင် ကောင်းကင်ဘုံစံ ဖခင် ဖြစ်တယ်။ (မဿဲ ၆:၉) ကိုယ်တော့်ကို ယုံကြည်တယ်ဆိုရင် ကိုယ်တော်နဲ့ မိတ်ဆွေဖြစ်နိုင်တယ်။ (ဆာလံ ၂၅:၁၄) တကယ်တော့ မိမိထံ ဆုတောင်း ချဉ်းကပ်ဖို့၊ “စိုးရိမ်ပူပန်စရာ ရှိသမျှကို” မိမိထံ “ပုံအပ်ထား” ဖို့ သင့်ကို ကိုယ်တော် ဖိတ်ခေါ်ထားတယ်။—၁ ပေတရု ၅:၇။ ယာကုပ် ၄:၈။

ဘုရားသခင်နဲ့ ခရစ်တော် ဘာကွာသလဲ

ယေရှု ဆုတောင်းနေစဉ်

ယေရှုက ဘုရား မဟုတ်ဘူး။ ယေရှုဟာ ဘုရားသခင် တိုက်ရိုက်ဖန်ဆင်းခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်လို့ ထူးခြားတယ်။ အဲဒါကြောင့် ကျမ်းစာမှာ သူ့ကို ဘုရားရဲ့သားလို့ ခေါ်ထားတယ်။ (ယောဟန် ၁:၁၄) ယေရှုကို ဖန်ဆင်းပြီးနောက်မှာ ယေဟောဝါဟာ တခြားအရာတွေနဲ့ တခြားသူတွေကို ဖန်ဆင်းဖို့ မိမိရဲ့သားဦးကို “ကျွမ်းကျင်လုပ်သား” အဖြစ် အသုံးပြုခဲ့တယ်။—ပညာအလိမ္မာ ၈:၃၀၊ ၃၁။ ကောလောသဲ ၁:၁၅၊ ၁၆။

ယေရှုခရစ်က သူ့ကိုယ်သူ ဘုရားလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အဲဒီအစား “ကျွန်တော်ဟာ အဲဒီအရှင် [ဘုရား] ရဲ့ ကိုယ်စားလှယ်ပဲ။ ကျွန်တော့်ကို သူစေလွှတ်လိုက်တာ” လို့ ရှင်းပြခဲ့တယ်။ (ယောဟန် ၇:၂၉) တပည့်တစ်ယောက်နဲ့ စကားပြောတဲ့အခါ ယေရှုက ယေဟောဝါကို “ကျွန်တော့်အဖဖြစ်တဲ့ ခင်ဗျားတို့ရဲ့အဖ၊ ကျွန်တော့်ဘုရားသခင်ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ဘုရားသခင်” လို့ ခေါ်ခဲ့တယ်။ (ယောဟန် ၂၀:၁၇) ယေရှု သေဆုံးပြီးနောက် ယေဟောဝါ သူ့ကို ကောင်းကင်မှာ အသက်ပြန်ရှင်စေပြီး မိမိရဲ့ လက်ယာဘက်မှာ ကြီးမြတ်တဲ့အခွင့်အာဏာ ပေးအပ်ခဲ့တယ်။—မဿဲ ၂၈:၁၈။ တမန်တော် ၂:၃၂၊ ၃၃။

ဘုရားသခင်နဲ့ ရင်းနှီးဖို့ သင့်ကို ယေရှုခရစ် ကူညီပေးနိုင်

ယေရှုဟာ ကမ္ဘာကို လာပြီး ကျွန်တော်တို့ကို သူ့ဖခင်အကြောင်း သင်ပေးတယ်။ ယေဟောဝါကိုယ်တိုင်က ယေရှုနဲ့ပတ်သက်ပြီး “သူဟာ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” လို့ ပြောခဲ့တယ်။ (မာကု ၉:၇) ယေရှုဟာ တခြား ဘယ်သူ့ထက်မဆို ဘုရားအကြောင်း ပိုသိတယ်။ ‘အဖဘုရားအကြောင်း သားဖြစ်သူ ကျွန်တော်နဲ့ ကျွန်တော် ဖော်ပြချင်သူတွေကလွဲလို့ ဘယ်သူမှ မသိဘူး’ လို့ ယေရှု ပြောခဲ့တယ်။—လုကာ ၁၀:၂၂။

ယေရှုကို မိန်းကလေးတစ်ယောက် အသီးပေးနေတာကို လူတွေ ကြည့်နေကြစဉ်

ဘုရားရဲ့ အရည်အသွေးတွေကို ယေရှု အပြည့်အဝ ပြသတယ်။ ယေရှုဟာ ဖခင်ရဲ့ အရည်အသွေးတွေကို အတိအကျ တုပခဲ့လို့ “ကျွန်တော့်ကိုမြင်တာဟာ အဖဘုရားကို မြင်တာပဲ” ဆိုပြီး ပြောနိုင်ခဲ့တယ်။ (ယောဟန် ၁၄:၉) ယေရှုဟာ ဖခင်ရဲ့ မေတ္တာကို အပြောရော အလုပ်နဲ့ပါ အတုယူခြင်းအားဖြင့် လူတွေကို ဘုရားဆီ ဆွဲဆောင်တယ်။ “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၄:၆) “အဖဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေဟာ စွမ်းအားတော် လမ်းပြမှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ကိုးကွယ်” ရမယ်။ “အဲဒီလို ကိုးကွယ်မယ့်သူတွေကို အဖဘုရား ရှာနေတယ်” လို့လည်း ပြောခဲ့တယ်။ (ယောဟန် ၄:၂၃) စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ မိမိအကြောင်း အမှန်တရား သိချင်နေတဲ့ သင်တို့လို လူတွေကို ရှာနေပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ