ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၁ စာ. ၁၂-၁၃
  • ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင်၏နိုင်ငံတော်အကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၁ စာ. ၁၂-၁၃
ကမ္ဘာပေါ် နေရောင်ဖြာကျနေတာကို အာကာသကနေ တွေ့မြင်ရစဉ်

ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား

“ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” လို့ ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်က ဘာလုပ်ပေးမလဲ။ နိုင်ငံတော်အတွက် ဘာကြောင့် ဆုတောင်းသင့်သလဲ။

ယေရှုဟာ ဘုရားသခင့်နိုင်ငံတော် ဘုရင် ဖြစ်တယ်။

လုကာ ၁:၃၁-၃၃– “အဲဒီသားကို ယေရှုလို့ နာမည်ပေးရမယ်။ အဲဒီသားဟာ အရေးပါသူ ဖြစ်လိမ့်မယ်။ အမြင့်ဆုံးအရှင်ရဲ့ သားလို့ အခေါ်ခံရလိမ့်မယ်။ ယေဟောဝါ ဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး။”

နိုင်ငံတော်အကြောင်း ယေရှု အဓိက ဟောပြောခဲ့တယ်။

မဿဲ ၉:၃၅– “ယေရှုက မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားဇရပ်တွေမှာ သွန်သင်တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောတယ်၊ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။”

နိုင်ငံတော် လာခါနီးပြီဆိုတာ သိနိုင်မယ့် နိမိတ်အကြောင်း တပည့်တွေကို ယေရှု ပြောခဲ့တယ်။

မဿဲ ၂၄:၇– “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”

အခု ယေရှုရဲ့တပည့်တွေဟာ နိုင်ငံတော်အကြောင်းကို ကမ္ဘာအနှံ့မှာ ဟောပြောနေကြတယ်။

မဿဲ ၂၄:၁၄– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။”

ဘုရားနိုင်ငံတော် အချက်အလက်များ

နေရာ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်မှာ ဘုရားသခင် တည်ထောင်တဲ့ တကယ့်အစိုးရတစ်ခု ဖြစ်တယ်။—ဒံယေလ ၂:၄၄။ မဿဲ ၄:၁၇။

ရည်ရွယ်ချက်။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို သာယာလှပတဲ့နေရာ ဖြစ်အောင် ပြောင်းလဲပေးပါလိမ့်မယ်။ သေခြင်း၊ နာခြင်း မရှိတော့ဘဲ လူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ကြလိမ့်မယ်။—ဆာလံ ၃၇:၁၁၊ ၂၉။

အုပ်ချုပ်သူများ။ ကမ္ဘာပေါ်က ရွေးချယ်ထားတဲ့ ၁၄၄,၀၀၀ နဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ဖို့ ယေရှုကို ဘုရင်အဖြစ် ဘုရားသခင် ခန့်အပ်ထားပြီ။—လုကာ ၁:၃၀-၃၃။ ၁၂:၃၂။ ဗျာဒိတ် ၁၄:၁၊ ၃။

လက်အောက်ခံများ။ နိုင်ငံတော်ရဲ့ လက်အောက်ခံတွေဟာ ကမ္ဘာပေါ်မှာ နေထိုင်ကြမယ်။ ယေရှုရဲ့ အုပ်ချုပ်မှုကို လိုလိုလားလား လက်အောက်ခံပြီး နိုင်ငံတော်ရဲ့ ဥပဒေ တွေကို နာခံကြမယ်။—မဿဲ ၇:၂၁။

ယေရှုဟာ လူသားတွေကို အုပ်ချုပ်ဖို့ ဘာကြောင့် အရည်အချင်း အရှိဆုံးဖြစ်

ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက စွမ်းရည်ရှိတဲ့၊ မေတ္တာရှိတဲ့ အုပ်ချုပ်သူဖြစ်ကြောင်း အောက်ပါနည်းတွေနဲ့ သက်သေပြခဲ့တယ်–

  • ဆင်းရဲသားတွေကို စိတ်ဝင်စားကြောင်း ပြခဲ့တယ်။—လုကာ ၁၄:၁၃၊ ၁၄။

  • အကျင့်ပျက်မှုနဲ့ မတရားမှုကို မုန်းတီးခဲ့တယ်။—မဿဲ ၂၁:၁၂၊ ၁၃။

  • သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။—မာကု ၄:၃၉။

  • ထောင်နဲ့ချီတဲ့ လူတွေကို ကျွေးမွေးခဲ့တယ်။—မဿဲ ၁၄:၁၉-၂၁။

  • ဖျားနာသူတွေကို သနားတယ်၊ ဝေဒနာ ခံစားနေရသူ အားလုံးကို ကုသပေးခဲ့တယ်။—မဿဲ ၈:၁၆။

  • သေဆုံးသွားသူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။—ယောဟန် ၁၁:၄၃၊ ၄၄။

အခုချိန်မှာ နိုင်ငံတော်ကနေ သင် အကျိုးခံစားရနိုင်

သင်ဟာ ဘုရားသခင့်နိုင်ငံတော်ကို လက်အောက်ခံသူ ဖြစ်မယ်ဆိုရင် အခုကတည်းက ပျော်ရွှင်တဲ့ဘဝနဲ့ အသက်ရှင်နိုင်ပါတယ်။ ဥပမာ၊ နိုင်ငံတော်ကို လက်အောက်ခံသူတွေဟာ

  • “လူအားလုံးနဲ့ သင့်မြတ်စွာနေ” ကြတယ်။—ဟီဘရူး ၁၂:၁၄။

  • အိမ်ထောင်ဖက် တစ်ဦးနဲ့တစ်ဦး မေတ္တာနဲ့ လေးစားမှုရှိလို့ မိသားစုမှာ ပျော်ရွှင်၊ စည်းလုံးတယ်။—ဧဖက် ၅:၂၂၊ ၂၃၊ ၃၃။

  • “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိ” လို့ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝ ရရှိကြတယ်။—မဿဲ ၅:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ