မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဒီ. ၁၅
“နှစ်ရဲ့ဒီအခါသမယမှာ လူအများစုဟာ ယေရှုခရစ်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူ့အကြောင်းကိုစဉ်းစားနေကြတယ်။ တချို့က ကိုယ်တော်ဟာ တကယ့်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘူးလို့ ဆိုကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုရပြီးနောက် မဿဲ ၁၆:၁၅၊ ၁၆ ကိုဖတ်ပါ။] ကိုယ်တော်ဟာ မိတ်ဆွေကို ယနေ့ဘယ်လိုအကျိုးပြုပြီး အနာဂတ်မှာလည်း ဘယ်လိုအကျိုးပြုမလဲဆိုတာကို သဘောပေါက်ဖို့ ‘ယေရှုအစစ်အမှန်’ ဆိုတဲ့ဒီဆောင်းပါးကို မိတ်ဆွေဖတ်ချင်မယ်လို့ ကျွန်တော်ထင်တယ်။”
နိုးလော့! ဒီ. ၂၂ [လိပ်]
“ဘဝအပူအပင်ကင်းဖို့ လုံခြုံပြီးယုံကြည်စိတ်ချရတဲ့ စားနပ်ရိက္ခာအထောက်အပံ့တစ်ခုလိုမယ်ဆိုတာ မိတ်ဆွေသဘောတူတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာခေတ်က မိမိရဲ့လူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ကတိတော်ကို သတိပြုပါ။ [ဝတ်ပြုရာ ၂၆:၄၊ ၅ ကိုဖတ်ပါ။] နိုးလော့! က ကျွန်တော်တို့ရဲ့စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ယနေ့ရှိနေတဲ့စိုးရိမ်မှုတွေကို ဆွေးနွေးထားတယ်။ ကမ္ဘာတစ်ခွင်လုံခြုံမှုရှိအောင် ဘုရားသခင်လုပ်ပေးမယ့်အချိန်တစ်ချိန်ကိုလည်း ညွှန်ပြထားတယ်။”
ကင်းမျှော်စင် ဇန်. ၁
“အချို့သူတွေဟာ ဘာကြောင့်များ ဘဝအဆင်ပြေချောမွေ့ပြီး တခြားသူတွေကျတော့ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရတာလဲဆိုတာကို မိတ်ဆွေစဉ်းစားမိသလား။ အဲဒီအကြောင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ [ယောဘ ၃၄:၁၉ ကိုဖတ်ပါ။] ဘုရားသခင်ဟာ လူတန်းစားခွဲခြားတာတွေကို အတိတ်မှာကျန်ရစ်တဲ့အရာတစ်ခုဖြစ်စေဖို့ ရည်ရွယ်ထားပုံကို ဒီမဂ္ဂဇင်းထဲမှာ ရှင်းပြထားတယ်။”
နိုးလော့! ဇန်. ၈ [လိပ်]
“ကမ္ဘာကိုတုန်လှုပ်စေတဲ့ ဒီကြေကွဲဖွယ်ရာဖြစ်ရပ်ကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ အဲဒီအချိန်ကစပြီး လူတွေဟာ နှစ်သိမ့်မှုနဲ့အကူအညီ အကြီးအကျယ်လိုအပ်ခဲ့ကြတယ်။ တခြားအရာများအနက် ဒီဆောင်းပါးက အန္တရာယ်ကလွတ်မြောက်လာသူတွေ၊ အရေးပေါ်လုပ်သားတွေနဲ့ ပူဆွေးကျန်ရစ်သူတွေကိုကူညီပေးဖို့ ယေဟောဝါသက်သေတွေ လုပ်ဆောင်နေတဲ့အရာကို ရှင်းပြပါတယ်။”