မေးခွန်းသေတ္တာ
◼ တယ်လီဖုန်းဖြင့်သက်သေခံသည့်အခါ အလှူငွေအစီအစဉ်ကို ရှင်းပြသင့်သလော။
ကျွန်ုပ်တို့သည် လူကိုယ်တိုင်သက်သေခံသည့်အခါ ယေဟောဝါသက်သေတို့၏ ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်သောအလှူငွေများဖြင့် လုံးလုံးထောက်ပံ့ထားကြောင်း၊ ထိုသို့သောအလှူငွေများလက်ခံရသည်ကို ဝမ်းသာကြောင်း ရှင်းပြနိုင်ပေမည်။ သို့သော် တယ်လီဖုန်းဖြင့်သက်သေခံသည့်အခါ အလှူငွေအကြောင်း သို့မဟုတ် အလှူငွေအစီအစဉ်ကို မပြောပြသင့်ပေ၊ အကြောင်းမှာ ယင်းကို တယ်လီဖုန်းဖြင့်အလှူငွေကောက်ခံသည့်ပုံစံတစ်ခုအဖြစ် နားလည်မှုလွဲနိုင်သောကြောင့်ဖြစ်သည်။ ယေဟောဝါသက်သေများ၏ဓမ္မအမှုသည် လုံးဝစီးပွားရေးဆိုင်ရာမဟုတ်ပါ။—၂ ကော. ၂:၁၇။
◼ တယ်လီဖုန်းဖြင့်သက်သေခံသည့်အခါ လူတစ်ဦးက ယေဟောဝါသက်သေများ နောက်တစ်ခါဖုန်းမဆက်ရန် တောင်းဆိုလျှင် ဘာလုပ်သင့်သနည်း။
ထိုသူ၏ဆန္ဒကို လေးစားသင့်သည်။ ကြေညာသူများသည် နောင်တွင် ထိုနံပါတ်ကိုမဆက်မိစေရန် ရပ်ကွက်စာအိတ်ထဲတွင် ထိုသူ၏အမည်နှင့် ရက်စွဲပါ မှတ်ချက်တစ်ခုကို ထည့်ထားပေးသင့်သည်။ ဖုန်းမဆက်ရန် တောင်းဆိုထားသူများ၏စာရင်းကို တစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်သုံးသပ်သင့်သည်။ လုပ်ငန်းတော်ကြီးကြပ်မှူး၏ညွှန်ကြားမှုအောက်တွင် အတွေ့အကြုံရှိပြီး ပါးနပ်မှုရှိသောကြေညာသူများအား ဤသူများထံ ဖုန်းဖြင့်လည်ပတ်၍ သူတို့၏လက်ရှိသဘောထားများကို စူးစမ်းရန် တာဝန်ပေးနိုင်သည်။—ဇွန် ၁၉၉၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာရှု။