သင့်အကူအညီလိုအပ်
၁ “ကျွန်တော်တို့အားလုံးရဲ့အကျိုးအတွက် သင်တို့ ပြုလုပ်သမျှကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတွက် တကယ့်ကိုအကျိုးရှိတယ်။” ထိုဖော်ပြချက်က ကျွန်ုပ်တို့၏ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအား ကျေးဇူးတင်ကြောင်း ပြောဆိုနေခြင်းဖြစ်၏။ ဘုရားသခင်၏အဖွဲ့အစည်းသည် ဆက်၍တိုးချဲ့နေစဉ် ကမ္ဘာတစ်ဝန်းရှိ အသင်းတော် ၁၀၀,၀၀၀ နီးပါးတွင် အမှုဆောင်ရန် ရင့်ကျက်သောအမျိုးသားများ ဆက်လက်လိုအပ်နေသည်။ သင်သည် နှစ်ခြင်းခံပြီးသောညီအစ်ကိုတစ်ဦးဖြစ်လျှင် သင့်အကူအညီ လိုအပ်သည်။
၂ “တက်လှမ်းယူပါ”– ထပ်ဆင့်လုပ်ငန်းတော်အခွင့်အရေးများကို သင် မည်သို့တက်လှမ်းယူနိုင်သနည်း။ (၁ တိ. ၃:၁၊ ကဘ) အခြေခံအားဖြင့် သင်၏ဘဝကဏ္ဍတိုင်းတွင် ပုံသက်သေကောင်းပြခြင်းဖြင့်ဖြစ်၏။ (၁ တိ. ၄:၁၂; တိ. ၂:၆-၈; ၁ ပေ. ၅:၃) ဟောပြောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်ပါ၊ အလားတူလုပ်ဆောင်ရန် အခြားသူများကိုကူညီပါ။ (၂ တိ. ၄:၅) ယုံကြည်သူချင်းများ၏အကျိုးကို စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားပါ။ (ရော. ၁၂:၁၃) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဝီရိယရှိရှိ လေ့လာသူတစ်ဦးဖြစ်ပါ၊ “သွန်သင်ခြင်းအတတ်ပညာ” ကို တိုးတက်စေပါ။ (တိ. ၁:၉၊ ကဘ; ၁ တိ. ၄:၁၃) အကြီးအကဲများက သင့်အား ပေးအပ်ထားသည့် တာဝန်များကို ဝီရိယရှိရှိထမ်းဆောင်ပါ။ (၁ တိ. ၃:၁၀) သင်သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်လျှင် “မိမိအိမ်ကို ကောင်းမွန်စွာအုပ်စိုး” ပါ။—၁ တိ. ၃:၄၊ ၅၊ ၁၂။
၃ ခန့်အပ်ခံတာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် ကြိုးစားလုပ်ဆောင်မှုပါဝင်ကာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လို၏။ (၁ တိ. ၅:၇) ထို့ကြောင့် တက်လှမ်းယူသည့်အခါ အခြားသူများအကျိုးကို နှိမ့်ချစွာသယ်ပိုးရန် အာရုံစိုက်ပါ။ (မ. ၂၀:၂၅-၂၈; ယော. ၁၃:၃-၅၊ ၁၂-၁၇) တိမောသေ၏စိတ်နေသဘောထားကို တွေးတောဆင်ခြင်ကာ ယင်းကိုတုပရန် ကြိုးစားပါ။ (ဖိ. ၂:၂၀-၂၂) သူ့နည်းတူ သင်၏ကောင်းမွန်သောအကျင့်က သင့်အား ထောက်ခံပါစေ။ (တ. ၁၆:၁၊ ၂) ထပ်ဆင့်တာဝန်များကိုထမ်းဆောင်ရန် လိုအပ်သည့် ဝိညာဏအရည်အသွေးများမွေးမြူကာ သင့် တိုးတက်မှုအတွက်ရရှိသော မည်သည့်အကြံပြုချက်ကိုမဆို လက်တွေ့ကျင့်သုံးသောအခါ “သင့်တိုးတက်ခြင်းသည် လူခပ်သိမ်းတို့ရှေ့ ထင်ရှားလိမ့်မည်။”—၁ တိ. ၄:၁၅၊ သမ။
၄ မိဘတို့၊ ကူညီတတ်ရန် လူငယ်များအား လေ့ကျင့်ပေးပါ– ကလေးများသည် ငယ်ရွယ်စဉ်မှစ၍ ကူညီတတ်ရန် စတင်သင်ယူနိုင်ပါသည်။ အစည်းအဝေးများတွင် အာရုံစိုက်ရန်၊ ဟောပြောတတ်ရန်၊ နိုင်ငံတော်ခန်းမနှင့် ကျောင်းတွင် အကျင့်အကြံ၌ ပုံသက်သေကောင်းရန် သူတို့ကို လေ့ကျင့်ပေးပါ။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးတွင် အကူအညီပေးခြင်း၊ သက်ကြီးရွယ်အိုများကို ကူညီခြင်းအစရှိသည့်အရာများကိုလုပ်ဆောင်လျက် အခြားသူများအကျိုးသယ်ပိုးရာတွင် သူတို့ကို ပါဝင်စေပါ။ ပေးကမ်းခြင်းမှရရှိသည့် ပျော်ရွှင်မှုကို သူတို့လေးများအား ခံစားရစေပါ။ (တ. ၂၀:၃၅) ထိုသို့သောလေ့ကျင့်ပေးမှုက နောင်တွင် ရှေ့ဆောင်များ၊ ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများဖြစ်လာရန် သူတို့ကိုကူညီပေးနိုင်သည်။